နွားနို့ဟာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တော်တော်များများကိုပေးစွမ်းတာကြောင့် ကလေးရောလူကြီးပါသောက်သုံးပေးသင့်တဲ့ သောက်စရာတစ်မျိုးဖြစ်ပါတယ်။ နွားနို့ကိုအများစုကတော့ မနက်ပိုင်းမှာသောက်လေ့ရှိကြပါတယ်။ တကယ်တော့ အိပ်ရာမဝင်ခင်နွားနို့သောက်ပေးခြင်းကလည်း ခန္ဓာကိုယ်အတွက်ထူးခြားတဲ့ အကျိုးကျေးဇူးတွေများစွာရှိနေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အိပ်ရာမဝင်ခင်အချိန်မှာ နွားနို့တစ်ခွက်သောက်သုံးပေးခြင်းဖြင့် ရရှိလာမယ့်အကျိုးကျေးဇူးတွေကိုမျှဝေပေးလိုက်ပါတယ်။

Source : Medium
အိပ်ရာမဝင်မီနွားနို့တစ်ခွက်သောက်ပေးခြင်းက သင့်ရဲ့အိပ်စက်ခြင်းအရည်အသွေးကို သိသိသာသာတိုးတက်စေပါတယ်။ နွားနို့မှာပါဝင်တဲ့ Tryptophan နဲ့ Bioactive peptides ဓာတ်တွေဟာ အိပ်စက်ခြင်းစက်ဝန်းကိုကောင်းမွန်စေပြီး သင့်ကိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ ကူညီပေးမှာဖြစ်ပါတယ်။
ညဘက်မှာ နွားနို့တစ်ခွက်သောက်သုံးခြင်းက ကိုယ်အလေးချိန်ကျစေဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်။ နွားနို့ဟာ ပရိုတင်းဓာတ်အရင်းအမြစ်တစ်ခုဖြစ်ပြီး ၎င်းကသွေးတွင်းသကြားဓာတ်ပမာဏကိုထိန်းပေးသလို ခန္ဓာကိုယ်စွမ်းအင်ကိုလည်းမြှင့်တင်ပေးပါတယ်။ဒါကြောင့်ညအချိန်မှာ ဆာလောင်မွတ်သိပ်မှုဒဏ်ကိုလျော့ချပေးမှာဖြစ်ကာ သန်းခေါင်ယံဗိုက်ဆာခြင်းနှင့် အစားစားမိခြင်းကို ကာကွယ်ပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် အဆီလျော့ထားတဲ့ နွားနို့ဖြစ်ဖို့တော့လိုပါလိမ့်မယ်။
နွားနို့က ခန္ဓာကိုယ်အရိုးအဆစ်တွေကို ကြီးထွားသန်မာလာစေဖို့ ကူညီပေးပါတယ်။ ဒါ့အပြင်နွားနို့မှာ ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် D ဓာတ်တွေလည်းကြွယ်ဝစွာပါဝင်တာကြောင့် အရိုးပွခြင်း အရိုးများ ကြွပ်ဆပ်ပြီး ကျိုးပဲ့ထိခိုက်လွယ်ခြင်း အပြင် နှလုံးရောဂါ ဆီးချိုရောဂါစတဲ့ ရောဂါဝေဒနာတွေကိုပါကာကွယ်ပေးနိုင်ပါတယ်။

Source : HowStuffWorks
အိပ်ရာမဝင်မီနွားနို့တစ်ခွက်ပုံမှန်သောက်ပေးခြင်းက စိတ်ဖိစီးမှုလျော့ချစေတဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ နွားနို့မှာ တွေ့ရတဲ့ Lactium ဓာတ်က သွေးပေါင်ချိန်လျော့ကျစေခြင်း cortisol ပမဏကိုလျော့ချပေးခြင်း ကြွက်သားများပြေလျော့စေခြင်းစတဲ့ ကောင်းကျိုးတွေပေးစွမ်းပါတယ်။ ဒါ့အပြင် စိုးရိမ်စိတ်နှင့် စိတ်ဖိစီးမှုတွေကိုလက်ခံပေးတဲ့ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကိုကောင်းမွန်စေတာကြောင့် နွားနို့သောက်ပေးရင် စိတ်ဖိစီးမှုလျော့ကျစေမှာဖြစ်ပါတယ်။
အသားအရေကောင်းမွန်ခြင်းနှင့် နုပျိုသောအသွင်ကိုဆောင်စေဖို့ဆိုရင် အိပ်ရာမဝင်ခင်မှာ နွားနို့တစ်ခွက်သောက်သုံးပေးဖို့လိုပါတယ်။ နွားနို့မှာ ဗီတာမင် A ဗီတာမင် B12 စတဲ့ဗီတာမင်ဓာတ်များစွံာပါဝင်ပြီး အသားအရေကျန်းမာရေးကို ကောင်းမွန်အောင်ထောက်ပံ့ပေးတဲ့အပြင် အရေပြားဆဲလ်အသစ်များ တဖန်ပြန်လည်မွေးဖွားစေဖို့ကိုလည်း ကူညီပေးပါတယ်။ ဒါကြောင့် အိပ်ရာမဝင်ခင်နွားနို့သောက်ပေးခြင်းက သဘာဝအတိုင်းနုပျိုလန်းဆန်းနေစေမှာဖြစ်ပါတယ်။
