ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေဖို့က ကျန်းမာရေးအတွက် အရေးကြီးဆုံးဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ ကြက်သီးနွေးရေနွေး သောက်သုံးခြင်းက ခန္ဓာကိုယ်နဲ့ အသားအရေအတွက် အကျိုးကျေးဇူး များစွာပေးစွမ်းနိုင်တယ်ဆိုတာကိုတော့ လူတော်တော်များများက မသိကြသေးပါဘူး။
ဆေးပညာရှင်များရဲ့ ပြောကြားချက်အရ ရေကို နွေးနွေးလေး သောက်သုံးခြင်းက ခန္ဓာကိုယ်အတွက် အသင့်တော်ဆုံးပဲလို့ ပြောထားပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ …
ရေနွေးနွေး သောက်သုံးခြင်းက ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးလို့

Source: Turmericaustralia.com.au
ရေနွေးနွေးလေးကို သောက်လိုက်တဲ့အခါ ခန္ဓာကိုယ်အပူချိန်က မြင့်တက်လာပြီး ချွေးထွက်လာပါတယ်။ ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များက ချွေးများမှတဆင့် ပျောက်ကွယ်သွားပြီး အစာချေအင်္ဂါများအတွက်လည်း များစွာအထောက်အကူပြုပါတယ်။ ခန္ဓာကိုယ်မှာ အဆိပ်အတောက်များ မရှိတော့ဘူးဆိုရင်တော့ သင့်အသားအရေလေးက ကြည်လင်တောက်ပလာမှာပဲဖြစ်ပါတယ်။
အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးလို့

Source: Viva.co.nz
သင့်ခန္ဓာကိုယ်ရှိ အဆိပ်အတောက်များက သင့်ရဲ့အမဲစက်နဲ့ ဝက်ခြံများ ပေါက်စေရုံတင်မကဘဲ အသားအရေကိုလည်း အရွယ်မတိုင်မှီ မြန်မြန်ဆန်ဆန် အိုမင်းရင့်ရော်စေပါတယ်။ ဒါပေမဲ့ ရေနွေးနွေးလေး သောက်သုံးပေးမယ်ဆိုရင် ပျက်စီးနေတဲ့ အရေပြားဆဲလ်များကို ပြန်လည်ပြုပြင်ပေးတာကြောင့် သင့်အသားအရေက နူးညံ့ချောမွတ်နေမှာ အမှန်ပါပဲ။
ဦးရေပြားယားယံခြင်းမှ ကာကွယ်ပေးလို့

ရေနွေးနွေး သောက်သုံးခြင်းက သင့်ရဲ့ဦးရေပြားကို အစိုဓာတ် ထိန်းသိမ်းပေးထားနိုင်ပါတယ်။ ဒါ့ကြောင့် ဗောက်ထမှာလည်း မစိုးရိမ်ရပါဘူး။ ဒါ့အပြင် ဆံပင်ကို အရင်းကနေ အဖျားအထိ သန်စွမ်းစေနိုင်ပါတယ်။
အသားအရေကို တောက်ပစေလို့

ရေနွေး သောက်သုံးခြင်းက ကြွက်သားများကို ပြေလျော့စေပြီး သွေးလှည့်ပတ်စီးဆင်းမှုကို ကောင်းမွန်စေပါတယ်။ သွေးလှည်ပတ်မှု ကောင်းမွန်လာတဲ့အခါ သင့် အသားအရေက အောက်ဆီဂျင် လုံလောက်စွာ ရရှိတဲ့အတွက်ကြောင့် အသားအရေက ကြည်လင်ဝင်းပလာမှာဖြစ်ပါတယ်။
ရောဂါပိုးမွှားများ အန္တရာယ်မှ ကာကွယ်ပေးလို့

Source: Parenting.firstcry.com
ရေနွေးတစ်ခွက် သောက်သုံးပေးခြင်းက သင့်ရဲ့ကျောက်ကပ်ကို ကာကွယ်ပေးပြီး ရောင်ရမ်းမှုကို လျော့ချပေးနိုင်ပါတယ်။ ကိုယ်တွင်းအင်္ဂါများကို သန့်စင်ပေးတဲ့အပြင် ပြင်ပမှ ရောဂါပိုးမွှားများ အန္တရာယ်မှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ရလာဒ် လိုချင်တယ်ဆိုရင်တော့ သံပုယိုရည်အနည်းငယ် ညှစ်ထည့်ကာ သောက်သုံးလိုက်ပါ။
သင်ရော ရေအေး သောက်ရတာကြိုက်လား။ ရေနွေး သောက်ရတာကို ပိုနှစ်သက်ပါသလား။
Source: Brightside.me
