ပူပြင်းလှတဲ့ နွေရာသီမှာ လူတိုင်းလိုလိုရေများများသောက်သုံးပေးဖို့လိုအပ်ပါတယ်။ ရေဓာတ်ဆိုတာ ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်ပြီး ရေဓာတ်ပြည့်ဝနေမှ ကျန်းမာတဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့် ဒီနေ့ကစပြီး တက်နိုင်သမျှရေမာျးများသောက်ပေးပါ။ သင်အနေနဲ့ တစ်နေ့ကို အနည်းဆုံး ရေ ၇ ခွက်သောက်သုံးပေးမယ်ဆိုရင် အခုပြောပြမယ့် အကျိုးရလဒ်တွေခံစားရစေမှာဖြစ်ပါတယ်။

(၁) ကိုယ်အလေးချိန်ကျစေတယ်

Source : Shutterstock

နွေရာသီရဲ့ အပူဒဏ်ကာကွယ်ရင်း ဝိတ်ကျချင်တယ်ဆိုရင်တော့ သဘာဝအတိုင်းအေးမြလတ်ဆက်တဲ့ ရေကိုသောက်သုံးပေးဖို့အကြံပြုချင်ပါတယ်။ ရေဟာတခြားသော သကြားဓာတ်ပါဝင်တဲ့ အချိုရည်တွေ အအေးတွေလို ကယ်လိုရီပါဝင်မှုမရှိပဲ အချိုရည်တွေအစားသောက်သုံးပေးဖို့အသင့်တော်ဆုံးဖြစ်ပါတယ်။ရေများများသောက်ခြင်းက ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကိုတိုးတက်ကောင်းမွန်စေပြီး ကိုယ်အလေးချိန်လျော့ကျစေဖို့ကူညီပေးပါတယ်။

(၂) အားအင်ပြည့်ဝလန်းဆန်းစေတယ်

Source : Shutterstock

လူ့ခန္ဓာကိုယ်ရဲ့ သုံးပုံနှစ်ပုံဟာ ရေဓာတ်များနှင့် ဖွဲ့စည်းထားတာဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာလုပ်ဆောင်နိုင်ဖို့ဆိုရင် ရေဓာတ်ပြည့်ဝနေဖို့ကအရေးကြီးပါတယ်။ ခန္ဓာကိုယ်မှာရေဓာတ်ပြည့်ဝနေမယ်ဆိုရင် အားအင်ပြည့်ဝလန်းဆန်းနေမှာဖြစ်ပြီး နွေရာသီမှာဖြစ်တက်တဲ့ မောပန်းနွမ်းနယ်ခြင်း ခေါင်ကိုက်ခြင်း စိတ်ရှုပ်ထွေးခြင်း ပြဿနာတွေမှလည်းကာကွယ်ပေးပါတယ်။ ရေသောက်ခြင်းက နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်ကိုလည်းထိန်းညှိပေးပြီး ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးတာကြောင့် နေ့ရက်တိုင်းကို အားအင်ပြည့်ဝလန်းဆန်းစွာဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။

(၃) အသားအရေလှပစေတယ်

Source : Shutterstock

ရေများများသောက်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်နဲ့ အညစ်အကြေးတွေကိုသန့်စင်ပေးပြီး အရေးပြားပေါ်က ဆဲလ်သေများကိုလည်း ရှင်းလင်းဖယ်ရှားပေးပါတယ်။ အရွှယ်မတိုင်ခင်ဖြစ်တက်တဲ့ အရေးအကြောင်းဖြစ်ပေါ်ခြင်းပြဿနာကိုလည်း ကာကွယ်ပေးပြီး အသားအရေကို သဘာဝအတိုင်းကျန်းမာနေစေဖို့ တွန်းအားပေးပါတယ်။ ဒါတင်မကသေးပါဘူး အသားအရေအစိုဓာတ်ကိုလည်း ထိန်းသိမ်းပေးတဲ့အပြင် အသားအရေကို သဘာဝအတိုင်းကြည်လင်တောက်ပစေပါတယ်။ ဗီတာမင်စီအသားအရေကျန်းမာရေးအတွက်ကောင်းမွန်စေတာကြောင့် ရေသောက်တဲ့အခါ သံပရာသီးတစ်စိတ်လောက်ညှစ်ပြီးသောက်ပေးရင်ပိုကောင်းပါတယ်။

(၄) စိတ်ဖိစီးမှုတွေကိုတိုက်ထုတ်ပေးတယ်

Source : Shutterstock

ခန္ဓာကိုယ်မှာရေဓာတ်ပြည့်ဝနေခြင်းက စိတ်ဖိစီးမှုတွေကိုတိုက်ထုတ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ စိတ်ရှုပ်ထွေးခြင်း ဒေါသထွက်လွယ်ခြင်း မကောင်းတဲ့ခံစားချက်တွေများခြင်း စတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေဟာ ခန္ဓာကိုယ်ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ ဆက်စပ်နေတဲ့ အရာတွေဖြစ်ပါတယ်။ဒါကြောင့် စိတ်ဖိစီးမှုကင်းတဲ့နေ့ရက်တွေကို ပိုင်ဆိုင်ခင်တယ်ဆိုရင်တော့ ရေများများသောက်သုံးပေးဖို့ အကြံပြုချင်ပါတယ်။