ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတိုင်းက အရသာရှိတာမဟုတ်ပါဘူး။ ဒါပေမဲ့ ငှက်ပျောသီးကတော့ ကျန်းမာရေးနှင့် ညီညွှတ်တဲ့အပြင် အရသာလည်း ရှိတာကြောင့် ကလေး၊ လူကြီး၊ ကျား၊ မ မရွေး နှစ်ခြိုက်စွာ စားာသုံးကြပါတယ်။
သင်ရော ငှက်ပျောသီးကို တစ်ပတ်မှာ ဘယ်နှကြိမ်လောက် စားဖြစ်ပါသလဲ။ တကယ်တော့ ငှက်ပျောသီးကို တစ်နေ့လျှင် ၂ လုံးခန့် စားသုံးသင့်ပါတယ်။ ထိုကဲ့သို့ စားသုံးပေးရုံမျှဖြင့် အခုဖော်ပြပေးမယ့် ကျန်းမာရေးအကျိုးကျေးဇူးများကို ခံစားရရှိနိုင်ပါတယ်။
ကိုယ်အလေးချိန် လျောချပေးခြင်း

ငှက်ပျောသီးများသည် အမျှင်ဓာတ်ကြွယ်ဝသော သစ်သီးတစ်မျိုးဖြစ်တာကြောင့် ငှက်ပျောသီး စားပြီးပါက အခြားသော အစားအစာများ မစားချင်တော့ဘဲ ဗိုက်ပြည့်သွားအောင် ကူညီပေးပါတယ်။ အစား အလွန်အကျွံ စားချင်စိတ်ကို ထိန်းညှိပေးထားတဲ့အတွက်ကြောင့် မလိုအပ်ဘဲ ဝိတ်တက်လာမှာမဟုတ်တော့ပါဘူး။
အစာချေစနစ် ကောင်းမွန်လာခြင်း

ငှက်ပျောသီးများသည် အလွယ်တကူ အစာကြေညက်လွယ်တဲ့အစားအစာများဖြစ်ပြီး အစာခြေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ အစာအိမ်ထဲရှိ ကောင်းသောဘက်တီးရီးယားများ တိုးပွားလာအောင် ကူညီပေးပြီး ဗိုက်အောင့်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။
စိတ်ဖိစီးမှု လျော့ကစေခြင်း

ငှက်ပျောသီးများသည် သင့်ရဲ့စိတ်ခံစားချက်များကို ကောင်းမွန်လာအောင် ကူညီပေးပါတယ်။ စိတ်ညစ်စရာ၊ စိတ်ဖိစီးစရာများ ကြုံတွေ့လာပါက ငှက်ပျောသီးသာ စားသုံးပေးလိုက်ပါ။ ပျော်ရွှင်စေသော ဟော်မုန်းများ ထွက်ပေါ် လာပါလိမ့်မယ်။ ဒါ့အပြင် ညဘက်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူနိုင်အောင် ကူညီပေးပါတယ်။
စွမ်းအင်ပမာဏ တိုးမြှင့်လာခြင်း

ငှက်ပျောသီးထဲမှာ ပါဝင်တဲ့ ပိုတက်စီယမ်ဓာတ်သည် ကြွက်သားများကို အားဖြည့်ပေးပြီး ကုန်ခမ်းသွားတဲ့ အားအင်များကိုလည်း ပြန်လည်ဖြည့်တင်းပေးပါတယ်။ ဒါ့ကြောင့် အားကစားသမားလိုက်စားသော ယောကျာ်းများအတွက် ငှက်ပျောသီးသည် အားကစားပြုလုပ်ပြီးချိန်မှာ စားသုံးသင့်တဲ့ တစ်ခုတည်းသော အစားအစာပဲဖြစ်ပါတယ်။
သွေးတိုးရောဂါမှ ကာကွယ်ပေးခြင်း
သွေးတိုးသမားများအနေဖြင့် ငှက်ပျောသီးကို တစ်နေ့ ၂ လုံးခန့် ပုံမှန်စားသုံးသင့်ပါတယ်။ ငှက်ပျောသီးထဲတွင် ပိုတက်စီယမ်ဓာတ် ၄၂၀ မီလီဂရမ်ပါဝင်တဲ့အတွက်ကြောင့် သွေးတိုးခြင်းမှ ကာကွယ်ပေးပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။
Source: Brightside.me

