ဟင်းနုနွယ်တွင် သံဓာတ်များ အများအပြားပါဝင်တဲ့အတွက်ကြောင့် စူပါအစားအစာလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ဟင်းနုနွယ်သည် အသားအရေ လှပစေခြင်းမှအစ အစာချေစနစ်ကို တိုးတက်စေခြင်းအထိ ခန္ဓာကိုယ်ကို ကျန်းမာလာအောင် နည်းအမျိုးမျိုးဖြင့် ကူညီပေးနိုင်ပါတယ်။

ဟင်းနုနွယ်ကို များများစားသုံးပေးခြင်းကြောင့် ခန္ဓာကိုယ်က ဘယ်လိုပြောင်းလဲမှုတွေကို ကြုံတွေ့ရမလဲဆိုတော့ …

အရိုးနှင့် ကြွက်သားများ ပိုမိုသန်မာလာခြင်း

benefits of eating more spinach for men

ဟင်းနုနွယ်ထဲမှာ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်၊ သံဓာတ်၊ မဂ္ဂနီစီယမ်ဓာတ်၊ ပိုတက်စီယမ်ဓာတ်နှင့် ဗီတာမင်စီများ ကြွယ်ဝစွာပါဝင်ပါတယ်။ ဟင်းနုနွယ်ထဲမှာပါဝင်တဲ့ မဂ္ဂနီစီယမ်ဓာတ်သည် ကြွက်သားနှင့် အာရုံကြောများအတွက် ကောင်းမွန်တဲ့အထောက်အပံ့တစ်ခုပဲဖြစ်ပါတယ်။ ဒါ့အပြင် အသက်အရွယ်ကြီးလာတဲ့အခါ အရိုးအားနည်းခြင်း၊ အရိုးပွရောဂါ ခံစားရခြင်းတို့မှလည်း ကာကွယ်ပေးနိုင်ပါတယ်။

အမြင်အာရုံကျန်းမာစေခြင်း

benefits of eating more spinach for men

Photo Source: Seemaeye.com

Lutein နှင့် Zeaxanthin သည် မျက်လုံးကျန်းမာစေတဲ့ ဒြပ်စင်များဖြစ်ပြီး မျက်စိရောဂါများ မဖြစ်ပွားရအောင် ကူညီပေးပါတယ်။ ထိုဒြပ်စင်များကို ဟင်းနုနွယ်ထဲတွင် တွေ့ရှိနိုင်ပါတယ်။ ဟင်းနုနွယ် များများစားသုံးခြင်းသည် မျက်စိကြွက်သားများ အားနည်းခြင်း၊ မျက်စိတိမ်စွဲခြင်းစသည်တို့ မခံစားရအောင် ကာကွယ်ပေးနိုင်တယ်လို့ သိပ္ပံပညာရှင်များက ယုံကြည်ကြပါတယ်။

သွေးလှည့်ပတ်မှု ကောင်းမွန်လာခြင်း

benefits of eating more spinach for men

ဟင်းနုနွယ်ထဲတွင် သွေးတိုးရောဂါကို တိုက်ဖျက်ပေးနိုင်တဲ့ ပိုတက်စီယမ်ဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ မှန်မှန်စားသုံးပေးပါက သွေးလှည့်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။ ဒါပေမဲ့ ဟင်းနုနွယ်သည် ဆေးအစားထိုးပစ္စည်းမဟုတ်တဲ့အတွက်ကြောင့် သင် ပုံမှန်သောက်နေကျ သွေးကျဆေးတွေကိုတော့ ဆက်လက်မှီဝဲဖို့လိုအပ်ပါတယ်။

အသားအရေနှင့် ဆံကေသာကျန်းမာလှပစေခြင်း

benefits of eating more spinach for men

ဟင်းနုနွယ်ထဲမှာပါဝင်တဲ့ ဗီတာမင် အေသည် အသားအရေအလှအပအတွက်သာမက ဆံကေသာအလှအပအတွက်လည်း အရေးကြီးပါတယ်။ ထိုဗီတာမင် အေသည် ဆဲလ်အသစ်များ ပြန်လည်ဖြစ်ပေါ်စေရန်အတွက် လှုံ့ဆော်ပေးပါတယ်။ တကယ်လို့ သင့်ခန္ဓာကိုယ်တွင် ဗီတာမင်အေဓာတ် ချို့တဲ့ပါက အသားအရေ မွဲခြောက်ခြောက်ဖြစ်ခြင်း၊ နှုတ်ခမ်းခြောက်ခြင်း၊ ဆံပင်အများအပြား ကျွတ်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။

အစာချေစနစ် ကောင်းမွန်လာခြင်း

benefits of eating more spinach for men

ဟင်းနုနွယ်သည် ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အပြင် အမျှင်ဓာတ်လည်း ပါဝင်တဲ့အတွက်ကြောင့် ကျွနု်ပ်တို့ရဲ့အစာချေစနစ်ကို ပိုမိုကျန်းမာလာစေပြီး ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးပါသေးတယ်။ သင့်အနေနဲ့ ဟင်းနုနွယ်ပြီး ကြော်ချက်ပြီးပဲ စားစား၊ အစိမ်းပဲ စားစား နည်းမျိုးစုံနဲ့ စားသုံးနိုင်ပြီး ကျန်းမာရေးအတွက် အဘက်ဘက်က ထောက်ပံ့ပေးနိုင်ပါတယ်။

Source: Brightside.me