ကြက်သွန်နီသည် ခံတွင်းရနံ့ကို အနံ့ဆိုးထွက်စေပေမယ့် ကျန်းမာရေးအတွက်တော့ ထူးကဲကောင်းမွန်တဲ့ အစားအစာတစ်ခုပဲဖြစ်ပါတယ်။ ဗီတာမင်နှင့် အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ခေါင်းအစ၊ ခြေအဆုံး ကျန်းမာစေပြီး နေ့စဉ် စားသုံးပါက ရောဂါဘယများ ကင်းဝေးစေနိုင်ပါတယ်။
မိမိကျန်းမာရေးကို ဂရုစိုက်တဲ့ ယောကျာ်းများအတွက် ကြက်သွန်နီ နေ့တိုင်း စားသုံးသင့်တဲ့ အကြောင်းအရင်းများကတော့ …
အရိုးအဆစ်များကို သန်မာစေလို့

Photo Source: Sreshtasrikamalahospitals.com
လေ့လာတွေ့ရှိချက်များအရ ကြက်သွန်နီစားသုံးခြင်းသည် အရိုးသိပ်သည်းဆကို ပိုမိုကျစ်လျစ်စေပြီး အရိုးများကို ကျန်းမာကြံ့ခိုင်စေပါတယ်။ တစ်နေ့လျှင် ကြက်သွန်နီတစ်လုံး ပုံမှန်စားသုံးပေးပါက တစ်လကြာတဲ့အခါမှာ အရိုးသိပ်သည်းဆသည် ၅ ဆ ပိုမိုအားကောင်းလာမှာဖြစ်ပါတယ်။ ကြက်သွန်နီ မစားသုံးတဲ့သူနဲ့ ယှဉ်ကြည့်လိုက်တဲ့အခါ ကြက်သွန်နီစားသုံးသူရဲ့အရိုးများကို ပိုမိုသန်မာတာကိုလည်း လေ့လာတွေ့ရှိခဲ့ပါတယ်။
ကိုလက်စတောပမာဏကို လျော့ချပေးပြီး နှလုံးအားကောင်းစေလို့

ရောင်ရမ်းမှုကို လျော့ချပေးနိုင်တဲ့ ဂုဏ်သတ္တိများ ပိုင်ဆိုင်ထားသောကြောင့် ကြက်သွန်နီသည် ခန္ဓာကိုယ်ထဲရှိ မကောင်းသော ကိုလက်စတောများကို လျော့ချပေးနိုင်ပါတယ်။ ထိုမှတဆင့် နှလုံးသွေးကြောကျဉ်းရောဂါ ခံစားရနိုင်ချေကို လျော့ချပေးပြီး နှလုံးကျန်းမာစေပါတယ်။
အစာချေစနစ်ကို ကောင်းမွန်စေလို့

ကြက်သွန်နီများသည် အမျှင်ဓာတ်များ ကြွယ်ဝတဲ့အတွက်ကြောင့် အစာချေစနက်ကိုလည်း ကောင်းမွန်စေပါတယ်။ ထို့ပြင် အူလမ်းကြောင်းရှိ ကောင်းသောဘက်တီးရီးယား ပေါက်ဖွားမှုကို တိုးမြှင့်ပေးပြီး အစာချေစနစ်ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးပါတယ်။
အမြင်အာရုံနှင့် ခံတွင်းကျန်းမာရေးကို တိုးမြှင့်ပေးလို့

Photo Source: Freepik.com
ကြက်သွန်နီ စားသုံးခြင်းသည် ခံတွင်းရနံ့ကို ဆိုးဝါးစေပေမယ့် အမှန်တကယ်တော့ ခံတွင်းထဲရှိ ဘက်တီးရီးယားများကို သေစေနိုင်ပြီး သွားနှင့် ခံတွင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်။ သွားများကို သန်မာစေတဲ့အပြင် အမြင်အာရုံကိုလည်း ကောင်းမွန်စေကာ မျက်စိတိမ်ဖုံးခြင်းမှလည်း ကာကွယ်ပေးပါတယ်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေလို့

ကော်လိုရာဒို တက္ကသိုလ်က ပြုလုပ်တဲ့ သုတေသနလေ့လာချက်အရ ကြက်သွန်နီ စားသုံးခြင်းသည် အိပ်စက်မှုကို ကောင်းမွန်စေနိုင်တယ်လို့ သိရှိရပါတယ်။ သူတို့မှာ ပါဝင်တဲ့ အမျှင်ဓာတ်သည် စိတ်ဖိစီးမှုကို လျော့ချပေးကာ ညဘက်တွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့အတွက် ကူညီပေးနိုင်ပါတယ်။
ပါးရေတွန့်ခြင်းနှင့် အရေးအကြောင်းများကို လျော့ချပေးလို့

ဗီတာမင် အေ၊ စီ၊ အီးတို့ ကြွယ်ဝစွာပါဝင်တဲ့ ကြက်သွန်နီသည် အသားအရေကို ကြည်လင်တောက်ပအောင်လည်း စွမ်းဆောင်ပေးနိုင်ပါတယ်။ ဝက်ခြံများကို လျော့ပါးသက်သာစေပြီး ကြက်သွန်နီအရည်ကို အမာရွတ်ပေါ်မှာ သုတ်လိမ်းပေးပါက အမာရွတ်များ ပျောက်ကင်းသွားနိုင်တယ်လို့ လေ့လာတွေ့ရှိချက်တစ်ခုအရ သိရှိရပါတယ်။
Source: Brightside.me
