ဘယ်သူပဲ ဖြစ်ဖြစ် အိပ်ရာနိုးချိန်မှာ စိုးရိမ်ပူပင်ခြင်းကင်းကင်းနဲ့ စိတ်လက်ချမ်းသာစွာ တစ်နေ့တာကို အစပြုချင်ကြသူတွေ ချည်းပါပဲ။ မနက်ခင်း အစပျိုးမှုဟာလည်း ဖြတ်သန်းရမယ့် တစ်နေ့တာအပေါ် များစွာလွှမ်းမိုးမှုရှိတယ် မဟုတ်လား။ ဂီတဟာ သင့်ရဲ့တစ်နေ့တာ အစပျိုးချိန်မှာ ကောင်းမွန်ခြင်းတွေ သယ်ဆောင်လာပေးတဲ့ တစ်ခုတည်းသော အရာလို့ပြောနိုင်ပါတယ်။ သင့်အနေနဲ့ မနက်ခင်းအိပ်ရာနိုးချိန်မှာ  အကြိုက်ဆုံး သီချင်းတစ်ပုဒ်ဖွင့်ပြီးသာ တစ်နေ့တာကို စတင်လိုက်ပါ။

(၁) စိတ်ဖိစီးမှုဟော်မုန်း လျော့ကျစေတယ်

 Man Listening Music

Photo : iStock

တေးဂီတဟာ cortisol လို့ခေါ်တဲ့ စိတ်ဖိစီးမှုဟော်မုန်း level ကိုလျော့ချ ပေးနိုင်စွမ်းရှိပါတယ်။ မနက်ခင်းစတင်ချိန်မှာ ကိုယ်အကြိုက်ဆုံးသီချင်းတစ်ပုဒ် နားဆင်တာဟာ ခန္ဓာကိုယ်ရဲ့ စိတ်ဖိစီးမှုဟော်မုန်းပမဏကို လျော့နည်းသွားစေမှာဖြစ်ပြီး လန်းဆန်းတက်ကြွစွာ တစ်နေ့တာကို စတင်ဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

(၂) ပျော်ရွှင်မှုတိုးစေတယ်

Man Listening Music
Photo : iStock

ကိုယ်အကြိုက်ဆုံးသီချင်းတစ်ပုဒ် နားထောင်လိုက်ချိန်မှာ စိတ်ထဲပျော်ရွှင်တဲ့ ခံစားမှုမျိုး ခံစားရစေတယ် မဟုတ်လား။  ဘာလို့လဲဆိုရင် တေးဂီတက လူတွေရဲ့ စိတ်ကို နှိုးဆွလှုံ့ဆော်ပေးပြီး dopamine လို့ခေါ်တဲ့ ပျော်ရွှင်မှုဟော်မုန်းတွေကို မြှင့်တင်ပေးလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မနက်ခင်းမှာ သီချင်းနားထောင်ခြင်းဖြင့် အဆိုးမြင်စိတ်နဲ့ စိတ်ဓာတ်ကျခြင်းတွေကိုသက်သာပြီး ပျော်ရွှင်မှုတိုးစေမှာ ဖြစ်ပါတယ်။

(၃) မှတ်ဉာဏ်ကို နှိုးဆွပေးတယ်

Man Listening Music
Photo : iStock

ဂီတဟာ ဦးနှောက်အတွက် အကောင်းဆုံးဓာတ်စာလို့ ပြောရမှာပါ။ သီချင်းတွေက ဦးနှောက်နဲ့ အာရုံကြောစနစ်ကို တိုးတက်ကောင်းမွန်စေပြီး မှတ်ဉာဏ်စွမ်းရည်တိုးစေဖို့ ကူညီပေးနိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ မနက်ခင်းအိပ်ရာနိုးချိန်မှာ သီချင်းနားထောင်တာဟာ စဉ်းစားတွေး ခေါ်နိုင်စွမ်းနဲ့ ဖန်တီးမှုစွမ်းရည်ကိုလည်း တိုးတက်စေတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။

(၄) ကိုယ်ခံအားမြှင့်တင်ပေးတယ်

Man Listening Music

Photo : iStock

အံ့ဩစရာကောင်းတာက သီချင်းနားထောင်တာဟာ ကိုယ်ခံအားစနစ်ကို အားကောင်းစေတာ ဖြစ်ပါတယ်။ ဂီတသံစဉ်တွေဟာ ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ antibodies တွေနဲ့ ကူးစက်ရောဂါပိုးတွေကို တိုက်ထုတ်ပေးတဲ့ ဆဲလ်တွေကို ပိုမိုထုတ်လုပ်စေဖို့ ကူညီပေးတာဖြစ်ပါတယ်။ ဒါကြောင့် မနက်ခင်းသီချင်းနားထောင်မယ်ဆိုရင် ရောဂါပိုးတွေကို ခုခံကာကွယ်ပေးမယ့် ကိုယ်ခံအားစနစ်ကို ကောင်းစေမှာဖြစ်ပြီး တစ်နေ့တာလုံး ကျန်းမာရွှင်လန်းနေစေမှာပါ။

Featured Photo : Crello