ကွီးရဲ့ စာဖတ်သူပရိသတ်တို့ ကိုဗစ်ကာလမှာ အပြင်မထွက်ရတော့ပျင်းနေကြပြီလား။ ဒါဆို အပျင်းလဲပြေ အကျိုးကျေးဇူးတွေလဲအများကြီးရစေမယ့် နည်းလမ်းလေးတခုပြောပြချင်ပါတယ်။ အဲ့ဒါကတော့ ဘာသာစကားလေ့လာတာပဲဖြစ်ပါတယ်။ ဘာသာစကားတစ်ခုအသစ်လေ့လာတာဟာ အလုပ်အကိုင်အခွင့်အလမ်းတွေလဲရစေသလို ဦးနှောက်ကိုလေ့ကျင့်ခန်းလုပ်ပေးရာလည်းရောက်ပါတယ်။ဒါဆိုနောက်ထပ်ဘာသာစကားလေ့လာခြင်းရဲ့ကောင်းကျိုး (၅) ချက်ကိုအသေးစိတ်ပြောပြပေးပါမယ်။
(၁) ဦးနှောက်စွမ်းရည်ကိုမြှင့်တင်ပေးတယ်
Source : Medium
ဘာသာစကားအသစ်တခုဟာ စည်းမျဉ်းတွေ၊ ဖွဲ့စည်းတည်ဆောက်ပုံတွေနဲ့ ဝေါဟာအသစ်တွေကိုလေ့လာရတာဖြစ်လို့အနည်းငယ်ရှုပ်ထွေးနိုင်ပါတယ်။ တနည်းအားဖြင့်ဘာသာစကားလေ့လာတဲ့အခါ သင့်ဦးနှောက်က ခက်ခဲရှုပ်ထွေးမှုအသစ်ကို စီမံရတဲ့သဘောဖြစ်လို့ ဦးနှောက်ရဲ့ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ သင်ယူလေ့လာနိုင်စွမ်းတွေကို တိုးတက်လာစေတယ်။
(၂) မှတ်ဉာဏ်ကောင်းစေတယ်
Source : Stocksy United
ဦးနှောက်ဆိုတာ အသုံးပြုလေ လုပ်ဆောင်မှုတွေပိုကောင်းလေလေပါ။ ဘာသာစကားအသစ်ရဲ့ ဝေါဟာရတွေနဲ့ရင်းနှီးကျွမ်းဝင်လာသည်သာမက သိထားသမျှကိုပြန်လည်တွေးတောအသုံးချတာက ဦးနှောက်မှတ်ဉာဏ်အားကိုလေ့ကျင့်ပေးသလိုဖြစ်စေပါတယ်။
(၃) Multi-Tasking (အလုပ်များများကိုတပြိုင်နက်လုပ်ဆောင်နိုင်တဲ့စွမ်းရည်) ကို မြှင့်တင်ပေးတယ်
Source : Medical News Today
Multi-Tasking လို့ခေါ်တဲ့ အလုပ်တွေကိုတပြိုင်နက်လုပ်ဆောင်နိုင်တဲ့စွမ်းရည်ဟာ အလေ့အကျင့်မရှိတဲ့လူတွေအဖို့ အလွန်စိတ်ဖိစီးမှုဖြစ်စေပါတယ်။ လေ့လာမှုတခုအရ ဘာသာစကားမျိုးစုံကျွမ်းကျင်တဲ့ သူတွေဟာ ဘာသာစကားတခုကနေတခုကိုကူးပြောင်းပြောဆိုတဲ့အခါ Multi-Tasking စွမ်းရည် ကောင်းတာတွေ့ရပြီး စိတ်ဖိစီးမှုကိုလဲလျော့ကျစေပါတယ်။
(၄) မူလဘာသာစကားစွမ်းရည်ပါတိုးတက်လာစေတယ်
Source : Men’s Health
ဘာသာစကားအသစ်သင်ယူတာဟာ သင့်ရဲ့မိခင်ဘာသာစကားနဲ့အံဝင်ဂွင်ကျဖြစ်စေတဲ့ အသုံးအနှုန်းတွေပိုမိုသတိပြုနားလည်စေပါတယ်။ ဝေါဟာရ သဒ္ဒါ စကားလုံးနဲ့ဝါကျတည်ဆောက်ပုံတွေက နေ့စဉ်အသုံးပြုသောစကားစုတွေဖြစ်လာတဲံအတွက်သင့်ရဲ့မိခင်ဘာသာစကားကိုအလိုလိုပိုသိရှိလာစေပါတယ်။
(၅) ပိုမိုကောင်းမွန်တဲ့အလုပ်အကိုင်အခွင့်အလမ်းတွေရနိုင်တယ်
Source : CIO East Africa
ဘာသာစကားနှစ်မျိုး(သို့) နှစ်မျိုးအထက်ကျွမ်းကျင်တာက အလုပ်နဲ့ပတ်သတ်တဲ့အင်တာဗျူးမှာ တစ်ဘက်လူထက်အခွင့်အရေးပိုရစေပါတယ်။ ဒါ့အပြင် လစာပိုကောင်းတာ၊ ရာထူးအရပိုမိုကောင်းမွန်တာတွေအပြင် တခြားလုပ်ငန်းခွင်ဆိုင်ရာအခွင့်အလမ်းတွေပါ ရနိုင်ပါတယ်။