Body Building လုပ်မယ်ဆိုရင် Weight Lifting လေ့ကျင့်ခန်းကို ချန်ထားလို့ မဖြစ်သင့်ပါဘူး။ Gym ရုံမှာ ကစားတိုင်း ပါသင့်တဲ့ အားကစားလေ့ကျင့်ခန်းကလည်း အလေးမတာပဲ ဖြစ်ပါတယ်။ ဝိတ်မခြင်းကနေ အခုပြောတဲ့ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။

Photo: Pexels

ဝိတ်ကျစေတယ် – Weight Training လုပ်တာဟာ Cardio ကစားသလိုပဲ Weight Loss ဖြစ်စေပါတယ်။ ဝိတ်မသူဟာ ကယ်လိုရီလောင်ကျွမ်းမှု အားကောင်းတာကြောင့် ကြွက်သားကျစ်လျစ်ပြီး အဆီကျစေနိုင်ပါတယ်။

ကြွက်သားနဲ့ အရိုးကျန်းမာစေတယ် – နောက်ထပ်အကျိုးကျေးဇူးတစ်ခုက ကြွက်သား ၊ အရိုးအဆစ်နဲ့ အရွတ်တွေ ကြံ့ခိုင်သန်မာစေခြင်းပဲ ဖြစ်ပါတယ်။ ကြွက်သားစိုင်တွေ ကြံ့ခိုင်ပြီး ပုံစံကျစေတာကြောင့် အထိုင်များသူတွေအတွက်လည်း ကိုယ်လုံးကိုယ်ပေါက် Body Posture မှန်စေပါတယ်။

Photo: Pexels

စိတ်ခံစားမှု ပိုကောင်းစေတယ် – Confidence နည်းနေရင် Weight ကစားပေးဖို့ တိုက်တွန်းချင်ပါတယ်။ အလေးမခြင်းဟာ စိတ်ခံစားမှု ပိုပြီး နိုးကြားစေသလို ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာကြောင့်လည်း ပိုပြီး ယုံကြည်မှုမြင့်လာစေပါတယ်။

နှလုံးကျန်းမာရေး ပိုကောင်းတယ် – အလေးမခြင်းဟာ သွေးလည်ပတ်မှုအားကောင်းစေလို့ နှလုံးကျန်းမာရေးကို အားပေးပါတယ်။ Weight Lifting ကစားတာဟာ Endorphins နဲ့ Serotonin တွေလည်း ထုတ်ပေးနိုင်လို့ သွေးဖိအားကျဆင်းပြီး ညဘက်တွေမှာလည်း အိပ်လို့ ပိုကောင်းစေနိုင်ပါတယ်။