မြန်မာနိုင်ငံက လူအများစုက ထမင်းဖြူကို အဓိကစားလေ့ရှိပါတယ်။ ထမင်းဖြူစားတာက ကျန်းမာရေးနဲ့ မညီညွတ်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ထမင်းဖြူ အစားများခြင်းဟာ ကျန်းမာရေးဆိုးကျိုးတွေ ရှိနေပါတယ်။ ထမင်းဖြူမှာ လူကိုဝလာစေတဲ့ ကာဘိုဟိုက်ဒရိတ်တွေ ပါဝင်နေပါတယ်။ ကျွမ်းကျင်သူတွေက ထမင်းဖြူမစားဘဲနေရင် ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေကို စာရင်းပြုစုထားပါတယ်။

(၁) သွေးတွင်းသကြားပါဝင်မှု

Source: Food Network

ထမင်းဖြူမစားဘဲနေခြင်းက သွေးတွင်းသကြားပါဝင်မှုကို ပုံမှန်ဖြစ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ ထမင်းဖြူအများကြီးစားခြင်းက သွေးတွင်းသကြားဓာတ်ကို ဆောင့်တက်လာစေနိုင်ပါတယ်။

(၂) ဝမ်းချုပ်ခြင်း

Source: boldsky

ထမင်းဖြူကို ပုံမှန်စားသောက်တဲ့လူတွေမှာ ဝမ်းချုပ်တာပိုဖြစ်လေ့ရှိပါတယ်။ ထမင်းဖြူစားမှာ အမျှင်ဓာတ်ပါဝင်မှု နည်းတာကြောင့် ထင်သလောက် ကျန်းမာရေးနဲ့မညီညွတ်သလို အစာခြေစနစ်ကိုလည်း အထောက်အပံ့မဖြစ်စေတဲ့အပြင် ဝန်ထုတ်ဝန်ပိုး ဖြစ်စေပါသေးတယ်။

(၃) ကိုယ်အလေးချိန် ထိန်းညှိပေးတယ်

Source: Real Simple

ကိုယ်အလေးချိန်ကိုထိန်းညှိဖို့အတွက် ထမင်းဖြူကို အနည်းဆုံး တစ်ပတ် တစ်ကြိမ်လောက် လုံးဝမစားဘဲ နေနိုင်ရင်အကောင်းဆုံးပါပဲ။ ထမင်းဖြူထဲမှာ ကာဘိုဟိုက်ဒရိတ်ပမာဏ အများကြီးပါဝင်တဲ့အတွက် များများစားမိရင် ဝိတ်တက်လာဖို့ပဲ ရှိပါတယ်။

(၄) အာဟာရတန်ဖိုး

Source: The Spruce Eats

ထမင်းဖြူမစားဘဲနေခြင်းက အဟာရတန်ဖိုးမကျစေပါဘူး။ တကယ်တမ်းကျတော့ ထမင်းမှာပါဝင်တဲ့ အာဟာရတန်ဖိုးကို ထမင်းလောက် ဘေးထွက်ဆိုးကျိုး မများတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကနေ ရရှိနိုင်ပါတယ်။ ထမင်းမစားရရင် မတင်းတိမ်နိုင်ဘူးဆိုရင်တော့ ထမင်းဖြူအစား ဆန်ညိုထမင်းကို ရွေးချယ်သင့်ပါတယ်။