အကောင်းမြင်စိတ်ထားဖို့ အကြံပြုစကားတွေမကြာခဏကြားဖူးကြမယ်ထင်ပါတယ်။ အကောင်းမြင်စိတ်က နေ့စဉ်ဘဝအတွက်များစွာအထောက်အပံ့ကောင်းတွေပေးစွမ်းသလို ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ ဒီနေ့မှာတော့ သင်မသိသေးတဲ့ အကောင်းမြင်စိတ်ထားခြင်းရဲ့ ကောင်းကျိုးအကြောင်းပြောပြပေးချင်ပါတယ်။

အချိန်ခဏလောက်ပဲ ကောင်းမွန်တဲ့ခံစားချက်လေးတွေရရှိပြီးရင် အကောင်းမြင်စိတ်ရဲ့ အကျိုး ကျေးဇူးကို ရရှိမှုက အဆုံးမသတ်ပါဘူး။ အကောင်းမြင်စိတ်ရဲ့ အကြီးမားဆုံးသော အကျိုးကျေးဇူးက အရည်အသွေးတွေ တည်ဆောက်နိုင်စွမ်းကိုဖြစ်ပေါ်စေတာပဲဖြစ်ပါတယ်။

Customer service evaluation and satisfaction survey concepts

Source : Freepik

အကောင်းမြင်တာက ပိုပြီး ကျိုးကြောင်းဆီလျော်တဲ့ စဉ်းစားဆင်ခြင်နိုင်မှုကိုရရှိ စေနိုင်ပြီး ဆုံးဖြတ်ချက် ချမှတ်မှုတွေမှာ အထောက်အကူပြုပါတယ်။ စိတ်က ခိုင်မာတဲ့ စိတ်ကူးတွေကိုတွေးတောမယ်ဆိုရင် ဆုံးဖြတ်ချက်က ကျိုးကြောင်းညီညွတ်ပြီး ထိရောက်မှုရှိတဲ့ ဆုံးဖြတ်ချက်မျိုးကိုချမှတ်နိုင်မှာဖြစ်ပါတယ်။

လေ့လာမှုတွေအရ အကောင်းမြင်တဲ့ စိတ်ကူးတစ်ရပ် အကောင်းမြင်တဲ့စိတ်ကူးလေးတစ်ခုလောက်တွေးတောလိုက်တာက ဦးနှောက်တွင်းကဆဲလ်တွေက ခန္ဓာကိုယ်တစ်ခုလုံးကဆဲလ်တွေကို အကောင်းမြင်စိတ်သဘောထားကို တုံ့ပြန်ဖို့ သတင်းပို့လိုက်ပါတယ်။ စွမ်းအင်ပြည့်ဝသွားတဲ့စိတ်ဆန္ဒက အရာရာကို လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။

တခါတလေ စိတ်ခံစားချက်ဆိုတာက တကယ်ဖြစ်နေတာမှမဟုတ်ဘဲ အရေးမကြီးပါဘူးလို့တွေးကောင်းတွေးမိနိုင် ပါတယ်။ ဥပမာပြောပြရရင် သင်မအီမသာခံစားရတဲ့အခါ သင်ဖျားနေပြီဆိုတာကို သင့်စိတ်ကပြောပြနေတာမျိုး ဖြစ်နိုင်ပါတယ်။ အမှန်က သင့်အနေနဲ့ တအားပင်ပန်းနေပြီး အနားယူဖို့လိုအပ်နေတာကို စိတ်ထဲက သိနေတဲ့သဘောပါပဲ။ တကယ့်ကိုဖျားသွားတာမျိုးတော့ မဟုတ်သေးပါဘူး။ နေမကောင်းဖြစ်ချင်တာလား၊ နေကောင်းချင်တာလားဆိုတာက သင့်စိတ်တိုင်းကျရွေးချယ်မှုအပေါ်မှာ မူတည်လို့နေပါတယ်။ အရာအားလုံးက စိတ်ကတွေးတောကြံဆတဲ့အတိုင်းဖြစ်နေတာပါ။

Smile face on yellow wood cube

Source : Freepik

နေ့စဉ် တရားထိုင်တာက အကောင်းမြင်စိတ်ကူးကို ပိုမိုရရှိစေပါတယ်။ တရားပုံမှန်ထိုင်တဲ့ သူတွေက အဖိုးတန်တဲ့ ရေရှည်အရည်အသွေးတွေကို   ဖော်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။  သင့်ကိုယ်သင် ရယ်မောပြုံးရွှင်ချိန်ပေးပြီး အကောင်းမြင်စိတ်ရဲ့ကောင်းကျိုးကိုခံစားလိုက်ပါ။ အားကစား တစ်ခုခုလုပ်ဖို့ ဒါမှမဟုတ် စိတ်ဝင်စားတဲ့ ကစားနည်းတစ်ခုခုကိုလုပ်ဖို့ အချိန်ပေးလိုက်တာက အရည်အချင်း သစ်တွေတိုးတက်ရရှိစေပြီး ပျော်ရွှင်မှုကိုလည်းရရှိစေမှာဖြစ်ပါတယ်။