အင်တာနက်ပေါ်လာပြီးနောက်ပိုင်းမှာ လူတွေအတွက် စာဖတ်ခြင်းအလေ့အထဟာ တစတစန့ဲ ပျောက်ဆုံးလာသယောင်ယောင်ဖြစ်လာပါတယ်။ တကယ်တော့ စာဖတ်ခြင်းဟာ ဗဟုသုတတွေရနိုင်သလို ကိုယ့်အတွက်ဝမ်းစာဖြည့်တာဖြစ်သလို အနားယူအပန်းဖြေခြင်း တစ်မျိုးလည်း ဖြစ်ပါတယ်။

Portrait man relaxing at home reading

Source : Freepik

စာဖတ်နေတဲ့ အခိုက်အတန့်ဟာ စိတ်ငြိမ်ပြီး အကုသိုလ်ကင်းစေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စာဖတ်နေချိန်ဟာ စာထဲမှာပဲ အာရုံရောက်နေပြီး တခြားအာရုံကို ပျံ့လွင့်ဖို့ အခွင့်အလမ်းနည်းပါတယ်။ ဒါ့ကြောင့် အရမ်းကို အကျိုးထူးတဲ့ စာဖတ်ခြင်းအလေ့အထပါပဲ။ စာဖတ်ခြင်းဟာ သောကတွေ ခေတ္တခဏ ကင်းလွတ်စေပါတယ်။

စာဖတ်တဲ့ကိုကိုတွေကို ကောင်မလေးတွေက သဘောကျကြပါတယ်။ ကောင်မလေးတွေရဲ့ အမြင်မှာတော့ စာဖတ်တဲ့ကောင်လေးတွေကို ပိုပြီးသဘောကျကြ နှစ်ခြိုက်ကြပါတယ်။ ပြီးတော့ စာဖတ်တဲ့ကောင်လေးတွေဟာ တခြားကောင်လေးတွေထက် ပိုကြည့်ကောင်းပါတယ်။စာဖတ်ခြင်းကရတဲ့ဗဟုသုတဟာ ဘဝတိုးတက်မှုအတွက် အခြေခံအုတ်မြစ်ပဲဖြစ်ပါတယ်။ စာဖတ်ခြင်းကနေရရှိတဲ့ ဗဟုသုတတွေကိုလည်း ကိုယ့်ပတ်ဝန်းကျင်မှာ အသိပညာတွေအဖြစ် ပြန်လည်ဖြန့်ဝေလို့ရတဲ့အပြင် ဆင်ခြင်တုံတရားလည်းရှိစေပါတယ်။

 concentrated redhead bearded student, preparing for university exam in a cafe

Source : Freepik

စာဖတ်ခြင်းဟာ ဘယ်တော့မှ အချည်းနှီးမဖြစ်ပါဘူး။ စာဖတ်ခြင်းရဲ့ အကျိုးဆက်အနေနဲ့ အရာရာအပေါ် စဉ်းစားတွေးခေါ် ဆုံးဖြတ်နိုင်စွမ်းရှိသလို စိတ်ကူးကောင်း အတွေးအခေါ်သစ်တွေလည်း ရရှိနိုင်ပါသေးတယ်။