ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းက ကောင်းမွန်တဲ့အလေ့အထတစ်ခုဖြစ်တယ်ဆိုတာ လူတိုင်းသိထားပြီးသားဖြစ်ပါတယ်။ အခုလိုအိမ်မှာနေတဲ့ ကာလအတွင်းမှာရော စာဖတ်သူတို့လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ဖြစ်ကြရဲ့လား။ မလုပ်ဖြစ်ဘူးဆိုရင် အခုပြောပြမယ့် နေ့စဉ်ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းဖြင့် ရရှိလာမယ့်အကျိုးကျေးဇူးတွေကိုဖတ်ပြီး ဒီနေ့ပဲ စလုပ်လိုက်ပါနော်။

(၁) ကိုယ်အလေးချိန်ထိန်းပေးတယ်

Source : Shutterstock

နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းက ကိုယ်အလေးချိန်တက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပြီဆိုရင် ခန္ဓာကိုယ်က ကယ်လိုရီတွေလောင်ကျွမ်းသွားစေပြီး မကျန်းမာတဲ့ကိုယ်အလေးချိန်တက်ခြင်းကို တားဆီးပေးပါလိမ့်မယ်။ လှုပ်ရှားမှုများလေလေ ကယ်လိုရီလောင်ကျွမ်းလေလေဖြစ်တာကြောင့် ကိုယ်အလေးချိန်ကျချင်သူတွေအတွက် နေ့စဉ်လေ့ကျင့်ခန်းလုပ်ခြင်းက အကောင်းဆုံးဝိတ်ချနည်းတစ်ခုဖြစ်ပါတယ်။

(၂) စိတ်ခံစားမှုကောင်းစေတယ်

Source : Shutterstock

စိတ်မကြည်မလင်ဖြစ်နေလား စိတ်ဓာတ်ကျသလိုခံစားနေရလား ပျော်ရွှင်မှုပျောက်ဆုံးနေတယ်လို့ ထင်နေမိလား။ ဒါဆိုရင်တော့ နေ့စဉ်ကိုယ်လက်လှုပ်ရှားလေ့ကျင်ခန်းသာပုံမှန်ပြုလုပ်ပေးပါ။ ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ခြင်းက ဦးနှောက်ကိုလှုံဆော်ပေးတာကြောင့် စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုပြေလည်စေပြီး ပျော်ရွှင်လန်းဆန်းစေကာ စိတ်ခံစားမှုကိုကောင်းမွန်စေမှာဖြစ်ပါတယ်။

(၃) ကောင်းစွာအိပ်ပျော်စေတယ်

Source : Shutterstock

ကိုယ်လက်လှုပ်ရှားမှုရှိခြင်းက လျင်မြန်စွာအိပ်ပျော်စေတဲ့အပြင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ကိုလည်း အထောက်အကူပြုပါတယ်။ဒါကြောင့် သင်ဟာအိပ်မပျော်တဲ့ ဝေဒနာ ဒါမှမဟုတ် ညဘက်တွေမကြာခဏနိုးနေပြီး ကောင်းစွာအိပ်ပျော်ဖို့ ခက်ခဲနေတယ်ဆိုရင်တော့ နေ့စဉ် ၄၅ မိနစ်လောက်အချိန်ပေးပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ပေးပါ။သတိထားရမှာတစ်ခုက အိပ်ချိန်နဲ့ နီးကပ်ပြီး လေ့ကျင့်ခန်းလုပ်ခြင်းကိုရှောင်ကျဉ်ပေးရပါမယ်။

(၄) ပျော်ရွှင်ကောင်းတဲ့လူမှု့ဘဝကိုရစေတယ်

Source : Shutterstock

လေ့လာတွေ့ရှိချက်တွေအရ နေ့စဉ်လေ့ကျင့်ခန်းပုံမှန်ပြုလုပ်သူတွေဟာ ပျော်ရွှင်စရာကောင်းတဲ့ လူမှု့ဘဝကိုပိုင်ဆိုင်ထားကြတယ်လို့ဆိုပါတယ်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းအားဖြင့် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ ထူးခြားကောင်းမွန်စေပါတယ်။ ခန္ဓာကိုယ်စွမ်းအင်ကိုတိုးစေပြီး ဖျားနာခြင်းကင်းကာ နှလုံးသွေးတိုးဆီးချိုကဲ့သို့သော နာတာရှည်ရောဂါဝေဓနာတွေကိုလည်း ကင်းဝေးစေပါတယ်။ဒါ့အပြင့် အိမ်ထောင်ရှင်တွေအနေနဲ့လည်း လိင်မှုဆိုင်ရာကိစ္စတွေအတွက် စိတ်ကျေနပ်မှုပိုရစေနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် နေ့ရက်တိုင်းကို သောကကင်းကင်းနဲ့ ပျော်ရွှင်ကျန်းမာစွာဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။