အခုခေတ်မှာ မိသားစု၊ သူငယ်ချင်းတွေ တွေ့ဆုံကြတဲ့မြင်ကွင်းတွေကို ဆိုရှယ်မီဒီယာတွေပေါ်မှာမြင်တွေ့နေရပေမယ့် တကယ့်လက်တွေ့မှာတော့ အမှန်တကယ်အချိန်ပေးဖို့ လိုအပ်နေပါသေးတယ်။ ဆိုရှယ်မီဒီယာပေါ်က ဆက်သွယ်ပြောဆိုတာမဟုတ်ဘဲ အပြင်မှာပါ သင့်မိသားစုနဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေကိုအချိန်ပေးတာက သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။ အခုပြောပြပေးမှာက မိသားစု၊ သူငယ်ချင်းတွေနဲ့အတူအချိန်ဖြုန်းတာက အဓိပ္ပါယ်ပြည့်ဝတဲ့ဘဝရဲ့အစိတ်အပိုင်းဖြစ်တယ်ဆိုတဲ့ အချက်တွေဖြစ်တယ်ဆိုတာကိုပြောပြပေးမှာပါ။

(၁) စိတ်ကျန်းမာရေးကိုတိုးတက်စေတယ်

Source : SHP Financial

အထူးသဖြင့် ဆိုရှယ်မီဒီယာတွေကမဟုတ်ဘဲ လူမှုဆက်သွယ်ရေးနည်းဖြစ်တဲ့ လူတစ်ယောက်နဲ့တစ်ယောက်မျက်နှာချင်းဆိုင်တွေ့ဆုံဆက်သွယ်ကြတာက စိတ်ဓါတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းနဲ့ အခြားစိတ်ရောဂါဖြစ်ပွားမှုတွေကို သိသိသာသာလျော့နည်းစေတာကိုတွေ့ပါတယ်။ ဒါ့အပြင် ချစ်ရသူတွေနဲ့အတူကုန်ဆုံးရတဲ့ အချိန်တွေရှိတာက ဘဝစိန်ခေါ်မှုတွေအတွက် သင့်ကိုစိတ်ခွန်အားပေးနိုင်တဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။

(၂) ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိစေတယ်

Source : Baylor University

မိသားစုတွေအတူတူ အချိန်ဖြုန်းကြတယ်ဆိုတာ မိသားစုဝင်တွေအားလုံးအတွက် ယုံကြည်မှုတည်ဆောက်တာ ပဲဖြစ်ပါတယ်။ မိသားစုတွေအတူတူရှိတဲ့အချိန် မိဘတွေကပြဿနာတစ်ခုကြုံလာတဲ့အခါ ဘယ်လိုဖြေရှင်းမလဲဆိုတာအခြေခံပြီး ကလေးတွေကိုယ့်ကိုယ်ကိုလေးစားမှုကိုတည်ဆောက်နိုင်အောင် သင်ကြားပေးနိုင်ပါတယ်။ သူတပါးကိုမနှိမ့်ချဘဲ ကိုယ့်ကိုယ့်ကိုချစ်တတ်ဖို့စွမ်းရည်တွေကိုပုံဖော်နိုင်ပါတယ်။ဒါ့အပြင် ကိုယ်ချစ်မြတ်နိုးရသူ များရဲ့တန်ဖိုးထားခံရမှုကြောင့်မိဘနဲ့သားသမီးတွေကြားမှာ ယုံကြည်မှုတွေတိုးလာစေပါတယ်။

(၃) သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းတတ်လာစေတယ်

Source : Senior Care Resources by Mavencare

တကယ်တော့ မိသားစုတစ်ယောက်ဖြစ်ရတာပျော်ဖို့ကောင်းပေမယ့် ခက်ခဲမှုတွေလည်း ရှိနိုင်ပါတယ်။ မိသားစုချင်း ပဋိပက္ခများပေါ်ပေါက်လာတဲ့အခါ သင့်အနေနဲ့ ရှောင်ပြေးလို့မရနိုင်ပါဘူး။ မိသားစုဝင်တစ်ယောက်ဖြစ်တဲ့ အလျှောက်ဖြစ်ပေါ်လာတဲ့ပြဿနာတွေကိုအတူတူရင်ဆိုင်ဖြေရှင်းရမှာပါ။ မိသားစုအချိန်တွေမှာ အပြုသဘောဆောင်တဲ့ဖြေရှင်းနည်းတွေ၊ ငြင်းခုံသင့်တဲ့အမှန်တရားတွေအတွက်လမ်းဖွင့်ပေးနိုင်ပါတယ်။ ဒါ့ကြောင့်မိသားစုဝင်တွေအချင်းချင်း သဘောထားကွဲလွဲမှုတွေကိုဖြေရှင်းပြီး ကောင်းမွန်တဲ့ဆက်ဆံရေးတွေကိုလည်း တည်ဆောက်နိုင်စေပါတယ်။

(၄) အပြုအမူဆိုင်ရာပြဿနာတွေကို လျော့နည်းစေတယ်

Source : Community Health Magazine

မိသားစုအချိန်ပိုပေးခြင်းခံရတဲ့ကလေးတွေဟာ အကြမ်းဖက်မှုနဲ့ပစ္စည်းအလွဲသုံးစားလုပ်မှုကဲ့သို့အမူအကျင့်ဆိုင်ရာပြဿနာတွေ လျော့နည်းတယ်လို့ဆိုပါတယ်။ အပြုသဘောဆောင်သည့် အပြုအမူများကို အာရုံစိုက်မိတဲ့အခါ ကလေးတွေအနေနဲ့ ဒီလိုအပြုအမူကောင်းတွေဆက်လက်ထိန်းထားချင်စိတ်ကိုဖြစ်စေပါတယ်။ ဒါ့ကြောင့် သင့်ကလေးတွေနဲ့ အတူတူဟင်းချက်တာ၊ အိမ်အလုပ်တွေအတူတူလုပ်တာကလည်း ကလေးတွေအတွက်စိတ်သက်တောင့်သက်သာဖြစ်စေပြီးပျော်ရွင်စေတဲ့အတွက် ကောင်းမွန်တဲ့အပြုအမူတွေကို တိုးတက်စေပါတယ်။