ရုပ်ရှင်ကြည့်တယ်ဆိုတာဟာ များသောအားဖြင့် အလုပ်တွေ၊ စိတ်ရှုပ်စရာတွေကိုမေ့ပြီး ဇာတ်လမ်းထဲမှာ စိတ်နှစ်ကြည့်ရတဲ့ အနားယူခြင်းတမျိုးပါ။ ရုပ်ရှင်ကားတကားကိုကြည့်တဲ့အခါ တကယ့်လက်တွေ့ဘဝအဖြစ်အပျက်တွေလို စိတ်ခံစားရတာမျိုးမဟုတ်ဘဲ ရသမျိုးစုံကို ခံစားကြည့်ရှုလို့ရတဲ့အတွက် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကိုလျော့ကျစေပြီး ကောင်းမွန်တဲ့ စွမ်းအင်တွေရရှိစေဖို့ လှုံဆော်ပေးပါတယ်။ နောက်ထပ် ရုပ်ရှင်ကြည့်ခြင်း ရဲ့ကောင်းကျိုးတွေကတော့ …

(၁) Stress ပြေစေတယ်

Source : Travel + Leisure

ရုပ်ရှင်ကြည့်ခြင်းရဲ့အဓိက အကျိုးကျေးဇူးတွေထဲက တခုကတော့ စိတ်ဖိစီးမှုပြေလျော့စေတာဖြစ်ပါတယ်။ သင်ကြိုက်တဲ့ ဘယ်ရုပ်ရှင်အမျိုးအစားပဲဖြစ်ဖြစ် ဇာတ်ကားကောင်းတစ်ကားကို သင်ကြည့်နေတဲ့အခါ သင့်ရဲ့ ခံစားမှုအာရုံကိုမြင့်တင်ပေးပြီး စိတ်ကိုလန်းဆန်းစေမှာသေချာပါတယ်။

(၂) အထီးကျန်မှုကို လျော့ချပေးတယ်

Source : Travel + Leisure

တကယ်လို့ အိမ်မှာ သင်တယောက်ထဲဖေ့စ်ဘုတ်ပဲသုံးနေရင်း ငြီးငွေ့လာတယ် အပြင်လဲ မသွားချင်ဘူးဆိုရင် ဘာလုပ်ရမလဲဆိုတော့ လွယ်လွယ်လေးပါပဲ ရုပ်ရှင်ကြည့်ပါ။ ရုပ်ရှင်ကြည့်တာက အချိန်တွေကိုဖြတ်သန်းဖို့ အကောင်းဆုံးပါပဲ။ ရယ်စရာ၊ စိတ်လှုပ်ရှားစရာ၊ အံ့သြစရာ၊ လွမ်းဆွေးစရာ စတဲ့ ခံစားမှုရသအစုံနဲ့ ဆိုတော့ မပျင်းရတော့ဘူးပေါ့။

(၃) အသည်းကွဲတာကို သက်သာစေတယ်

Source : Dissolve

ရုပ်ရှင်ကြည့်တာက အသည်းကွဲတာပျောက်စေတယ်။ ဟုတ်ပါတယ်။ ဒါကို ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာလဲ မြင်ဖူးနေကြဖြစ်မှာပါ။ ကိုယ်ကြိုက်တဲ့ရေခဲမုန့်တခွက် ဒါမှမဟုတ် ဝိုင်တပုလင်းနဲ့ ဇာတ်လမ်းထဲကဇာတ်ဝင်ခန်းတွေအတိုင်း ငိုရင်လိုက်ငို၊ ရယ်ရင်လိုက်ရယ်လိုက်တာက အသည်းကွဲတဲ့ အချိန်အတွက် အကောင်းဆုံးသက်သာစေတဲ့ ဆေးတခွက်ပါပဲ။

(၄) စိတ်ခွန်အားရစေတယ်

Source : Freepik

နောက်တခုကတော့ ရုပ်ရှင်ကောင်းတွေက စိတ်ခွန်အားရစေပါတယ်။ အတ္ထုပ္ပတ္တိနဲ့ သမိုင်းဆိုင်ရာရုပ်ရှင်တွေက သင့်ကိုဘဝရဲ့ရိုးရှင်းတဲ့ အမှန်တရားတွေကို မကြာခဏမြင်တွေ့စေပါတယ်။ သင့်လိုပဲ သာမာန်လူတယောက်က ဘဝမှာကြီးကျယ်ခမ်းနားတဲ့အရာတွေ အများကြီးလုပ်နိုင်တာတွေကို သင်နားလည်သဘောပေါက်လာစေမှာပါ။

(၅) စုံတွဲတွေအတွက် အကောင်းဆုံးအမှတ်တရတခုဖြစ်တယ်

Source : Lifewire

ပထမဆုံးဒိတ်ကို ရုပ်ရှင်ရုံမှာ ရုပ်ရှင်သွားကြည့်တာက သင်တို့နှစ်ဦးအတွက်အမှတ်တရတွေအများကြီးကျန်ခဲ့ စေနိုင်ပါတယ်။ ပထမဆုံးအကြိမ်လက်လေးကိုင်လိုက်တာ၊ နမ်းလိုက်တာက ရုပ်ရှင်ရုံထဲကစုံတွဲတွေတော်တော်များများမှာ ကြည်နူးဖွယ်အမှတ်တရတွေအနေနဲ့ ရှိကြပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ချစ်သူနဲ့အတူတူရုပ်ရှင်မကြည့်ရသေးရင် Covdi ပြီးတဲ့အခါသွားကြည့်ဖို့ အကြံပြုလိုက်ပါတယ်။