သင်ဟာဝီစကီနဲ့ အကျွမ်းမဝင်တဲ့သူလား။ ဧည့်ခံပွဲတွေ၊ ညစာစားပွဲတွေမှာ ဝီစကီနဲ့စတင်ထိတွေ့တော့မယ်ဆိုရင်တော့ စိတ်လှုပ်ရှားမှုတွေ ရှိနေနိုင်ပါတယ်။ ဝီစကီက မုယောစပါးကို အခြေခံပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ တကယ့်ကို ဝီစကီကောင်းကောင်းသောက်တတ်သူတွေကတော့ ဝီစကီမှဝီစကီပါပဲ။ ဒါပေမယ့် တချို့အမျိုးသားတွေကတော့ ဝီစကီနဲ့ဝိုင်ယှဉ်လာရင် ဝိုင်ကိုရွေးချယ်တတ်ကြပါတယ်။

ယခုမှ စတင်သောက်သုံးမယ့် သူတွေအနေနဲ့ အပြင်းစားဝီစကီတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ဝီစကီအပြင်းစားတွေမှာ အယ်ကိုဟောတွေ အမြောက်အများပါဝင်လို့ဖြစ်ပါတယ်။
ဝီစကီမှာ ဗီတာမင်စီ၊ Antioxidant ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ၊ Ellagic Acid တို့ ပါဝင်ပါတယ်။ ဝီစကီကို နေ့စဉ်ပုံမှန်သောက်သုံးပေးခြင်းဖြင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပြီး ကင်ဆာရောဂါဖြစ်နိုင်ချေ နည်းပါးသွားတယ်လို့ လေ့လာမှုများအရ သိရပါတယ်။

တန်ဆေးလွန်ဘေးဆိုတဲ့ စကားပုံအတိုင်း ဝီစကီသောက်သုံးတဲ့နေရာမှာ အလွန်အကျွံသောက်သုံးခြင်း မပြုသင့်ပါဘူး။ အရွယ်ရောက်ပြီးသား ယောကျ်ားလေးတစ်ယောက်ဟာ တစ်နေ့ကို ဝီစကီ ၃၅မီလီလီတာကနေ ၄၀ မီလီလီတာအတွင်းသာ သောက်သုံးပေးသင့်ပါတယ်။ အများအပြားသောက်သုံးရင်တော့ ဘေးထွက်ဆိုးကျိုးတွေ ရလာနိုင်ပါတယ်။
Photo : Freepik
