စမတ်ဖုန်းတွေ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်တာနဲ့အမျှ လူတိုင်းဟာ ဖိုတိုဂရက်ဖာ ဖြစ်လာကြပါပြီ။ အခုလက်ရှိမှာ ဖုန်းတစ်လုံးအသစ်ဝယ်တော့မယ်ဆိုရင် ကင်မရာအရည်အသွေးကို ထည့်စဉ်းစားလာကြသလို ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေကလည်း ကင်မရာပိုင်းကို ပိုမိုဦးစားပေး ထုတ်လုပ်လျက်ရှိပါတယ်။ အများစုကတော့ ဆိုရှယ်မီဒီယာတွေပေါ် ဓာတ်ပုံတွေတင်ကျတဲ့အခါ Original ပုံထက် ပိုမိုပြည့်စုံ လှပအောင် အလင်းအမှောင်ချိန်တာ ၊ ပြုပြင်တာတွေလည်း လုပ်လာကြတယ် မဟုတ်လား။ ဒါကြောင့်ပဲ ဒီတစ်ခေါက်မှာတော့ ဓာတ်ပုံဝါသနာရှင်ကွီးတို့အတွက် Android ဖုန်းတွေမှာ အကောင်းဆုံးဓာတ်ပုံပြင်နိုင်မယ့် အက်ပလီကေးရှင်းတွေအကြောင်း ပြောပြပေးမှာဖြစ်ပါတယ်။

(၁) Snapseed

Snapseed ကတော့ ဓာတ်ပုံဝါသနာအိုးတွေနဲ့ ရင်းနှီးပြီးသား App တစ်ခုဖြစ်မယ်ထင်ပါတယ်။ Snapseed ဟာ Google ကဖန်တီးထားတဲ့ photo editor app တစ်ခုဖြစ်ပြီး User တွေအနေနဲ့ အသုံးပြုရတာ အတော်လေးကို လွယ်ကူရိုးရှင်းပါတယ်။ ဓာတ်ပုံတစ်ပုံကို ကိုယ့်စိတ် ကြိုက် လိုသလိုပြုပြင်နိုင်မယ့် ဓာတ်ပုံတည်းဖြတ် ပြုပြင်မှုဆိုင်ရာ လုပ်ဆောင်ချက် Tools တွေလည်း စုံစုံလင်လင်ပါရှိပြီး ခမဲ့ ဒေါင်းလုတ်ပြုလုပ် သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

(၂) Adobe Lightroom

Adobe Lightroom ဆိုတာကတော့ ပရော်ဖက်ရှင်နယ်ဓာတ်ပုံ Editors တွေကြား နာမည်ကြီးရေပန်းစားတဲ့ Photo Editing Software တစ်ခု ဖြစ်ပါတယ်။ Windows နဲ့ Mac တွေမှာ အသုံးများတဲ့ Software တစ်ခုဖြစ်ပြီး Android App အနေနဲ့လည်း ထွက်ရှိထားပါတယ်။  အဓိကအားဖြင့် ဓာတ်ပုံအလင်းအမှောင်ချိန်တဲ့နေရာမှာ အတော်လေးအားသာချက်ရှိပါတယ်။ ကိုယ်တိုင်အစဆုံး ပြုပြင်ရတာ မကြိုက်တဲ့သူတွေအတွက်လည်း Presets များရှာဖွေ အသုံးပြုနိုင်တဲ့အတွက် ပိုပြီးလွယ်ကူလျင်မြန်စွာ ကြိုက်နှစ်သက်ရာ ကာလာကို ချိန်နိုင်မှာ ဖြစ်ပါတယ်။ Basic version ကိုတော့ Free သုံးလို့ရမှာဖြစ်ပေမယ့် နောက်ထပ် features တွေသုံးချင်ရင်တော့ Adobe ရဲ့ Creative Cloud အကောင့်ဖွင့်ဖို့လိုမှာဖြစ်ပါတယ်။

(၃) PicsArt

လူသုံးအများဆုံး ဓာတ်ပုံပြုပြင်ရေး app တွေထဲမှာ PicsArt ကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ PiscArt မှာ အခြေခံ Tools တွေစုံစုံလင်လင်ပါရှိပြီး Photoshop ကဲ့သို့ ဓာတ်ပုံတစ်ပုံကို ကိုယ့်စိတ်ကြိုက်ပြင်ဆင်နိုင်မယ့် အဆင့်မြင့်လုပ်ဆောင်ချက် များစွာလည်း ပါရှိပါတယ်။ PiscArt ဟာ အခမဲ့ဒေါင်းလုတ် ပြုလုပ်အသုံးပြုနိုင်ပေမယ့် ကြော်ငြာတွေမြင်တွေ့နေရမှာဖြစ်သလို ပိုပြီးအဆင့်မြင့်တဲ့ လုပ်ဆောင်ချက်တွေကိုအသုံးပြုနိုင်ဖို့အတွက်တော့ User တွေအနေနဲ့ ဝယ်ယူသုံးစွဲရမှာပဲ ဖြစ်ပါတယ်။

Featured Photo : NDTV Gadgets 360