စိတ်ဖိစီးမှုဆိုတာ တကယ်တော့ အသက်အရွယ်နဲ့လည်းမဆိုင်ပါဘူး။ လူငယ်ဖြစ်စေ လူကြီးဖြစ်စေ စိတ်ဖိစီးမှုဆိုတာ အနည်းနဲ့အများတော့ ရှိတက်ကြပါတယ်။ အမေရိကန်ပြည်ထောင်စုရှိ အရွယ်ရောက်ပြီးသူ (၇၀) ရာခိုင်နှုန်းလောက်ဟာ နေ့စဉ်စိတ်ဖိစီးမှုနှင့် စိုးရိမ်စိတ်ကို ခံစားရတယ်လို့ လေ့လာမှုတွေအရသိရပါတယ်။ စိတ်ဖိစီးမှုတွေက သင့်ရဲ့စွမ်းအားတွေ ပျော်ရွှင်မှုတွေကိုဖျက်စီးနေတဲ့ အဓိကအကြောင်းအရာတစ်ခုဖြစ်တာကြောင့် စိတ်ဖိစီးမှုတွေကို တိုက်ထုတ်ပေးမယ့် နည်းလမ်းကောင်းလေးတွေကိုပြောပြပေးချင်ပါတယ်။
(၁) လေ့ကျင့်ခန်းလုပ်ပါ

Source : Shutterstock
ခန္ဓာကိုယ်ကိုလှုပ်ရှားပေးတဲ့ လေ့ကျင့်ခန်းတစ်ခုခု ပုံမှန်ပြုလုပ်ခြင်းက စိတ်ဖိစီးမှုတွေကိုလျော့ချပေးတဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်သလို ခန္ဓာကိုယ်ကျန်းမာကြံ့မာခိုင်စေပြီး စိတ်ခံစားမှုကိုလည်း ကောင်းမွန်စေပါတယ်။ လေ့လာမှုတွေအရ တစ်နေ့ကို နာရီဝက်လောက်ပုံမှန်လေ့ကျင့်ခန်းလုပ်သူတွေဟာ လေ့ကျင့်ခန်းလုံးဝမလုပ်သူတွေထက် စိတ်ဖိစီးမှုလျော့နည်းကြပါတယ်။
(၂) အချိန်ဆွဲခြင်းကိုရှောင်ကျဉ်ပါ

Source : Shutterstock
လူအများစုလုပ်မိတက်တဲ့ အချိန်ဆွဲခြင်းအလေ့အထက စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်ခြင်းတွေကို ခံစားရစေတဲ့အဓိက အကြောင်းအရင်းတစ်ရပ်ဖြစ်ကြောင်း စိတ်ပိုင်းဆိုင်ရာသုတေသီတွေကပြောထားပါတယ်။ ဟုတ်ပါတယ် ကိုယ်လုပ်ဆောင်ရတဲ့ အလုပ် သို့မဟုတ် ကိစ္စရပ်တစ်ခုကို အချိန်မှီမလုပ်ဆောင်ပဲ အချိန်ဆွဲနေမိရင် အနီးကပ်ကျ စိတ်ဖိစီးမှုနှင့် စိုးရိမ်စိတ်တွေများစွာဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် ဘယ်အလုပ်ပဲလုပ်လုပ် ဦးစားပေးလုပ်ဆောင်ရမယ့် အလုပ်ကိစ္စတွေကို စာရင်းလုပ်ပြီး အချိန်မဆွဲပဲ ပြီးပြတ်အောင်လုပ်ကြည့်ပါ။ စိတ်ဖိစီးမှုတွေလျော့နည်းသွားပါလိမ့်မယ်။
(၃) ယောဂကစားပါ

Source : Shutterstock
ယောဂကစားနည်းဆိုတာ စိတ်ဖိစီးမှုတွေကိုဖယ်ရှားပေးတဲ့ လူကြိုက်အများဆုံးလေ့ကျင့်ခန်းတစ်ခုလို့ပြောရင်မမှားနိုင်ပါဘူး။ အဓိကအားဖြင့် ယောဂလေ့ကျင့်ခန်းဟာ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ အတွေးတွေကို ထိန်းချုပ်ပေးပြီး စိတ်ကိုတည်ငြိမ်အေးချမ်းစေပါတယ်။ မတူညီကွဲပြားတဲ့ ယောဂလေ့ကျင့်ခန်းပြုလုပ်နည်းတွေ များစွာရှိသော်လည်း ယောဂလေ့ကျင့်ခန်းတိုင်းက အသက်ရှုခြင်းကို အခြေခံပြီး ကိုယ်ခန္ဓာနှင့် စိတ်ကိုပေါင်းစည်းပေးကာ တည်ငြိမ်အေးချမ်းခြင်းတွေကိုပေးစွမ်းတဲ့ အကောင်းဆုံးလေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။
(၄) အိမ်မွေးတိရိစ္ဆာန်တွေနဲ့ အချိန်ဖြုန်းပါ

Source : Shutterstock
အိမ်မွေးတိရစ္ဆာန်လေးတွေ အပြန်အလှန်ဆက်သွယ်ခြင်းက အပြုသဘောဆောင်သောစိတ်ကို လှုံ့ဆော်ပေးသော ဦးနှောက်ဓာတုပစ္စည်းဖြစ်တဲ့ oxytocin ကိုထုတ်လွှတ်ပေးပါတယ်။ ဒါကြောင့် အိမ်မွေးတိရိစ္ဆာန်တွေကို ကိုင်တွယ်ထိတွေ့ခြင်းဟာ စိတ်ဖိစီးမှုကိုလျော့ကျစေပြီး စိတ်ခံစားမှုကိုတိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ သင့်ဟာ စိတ်ဖိစီးမှုများတဲ့အလုပ်ခွင်မှာ သို့ နယ်ပယ်တစ်ခုမှာရောက်နေသူတစ်ယောက်ဆိုရင်တော့ ချစ်စရာကောင်းတဲ့ ခွေးလေးတွေကြောင်လေးတွေ မွေးဖို့အကြံပြုချင်ပါတယ်။
