ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတိုင်း စိတ်မွန်းကြပ်နေချိန်မှာ သီချင်းသစ်လေးတွေ နားထောင်ပြီး စိတ်ကို Refresh လုပ်ရအောင်ပါ။ ဒီနှစ်ထဲမှာ ကမ္ဘာတလွှားက မတူကွဲပြားတဲ့ ဂီတအမျိုးအစားတွေနဲ့ Artist နဲ့ Band တွေကလည်း အယ်လ်ဘမ်သစ်တွေ ထွက်ထားတာ ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ အရှေ့အနောက် ကမ္ဘာအရပ်ရပ်က ထွက်ရှိထားတဲ့ သီချင်းအယ်လ်ဘမ်တွေထဲက အကောင်းဆုံးလို့ ညွှန်းကြတဲ့ အယ်လ်ဘမ်တွေအကြောင်း မျှဝေပေးလိုက်ပါတယ်။

(၁) John Mayer, ‘Sob Rock’

 

Source: Esquire

အမေရိကန်အဆိုတော် ၊ ဂစ်တာသမားနဲ့ တေးရေးပညာရှင် John Mayer ရဲ့ လက်ရာဖြစ်ပါတယ်။ အယ်ဘ်လမ်အထွက်ကြဲတဲ့ John Mayer အတွက် အနှစ် ၂၀ အတွင်း ဒါဟာ ၈ ခုမြောက် အယ်လ်ဘမ်လည်း ဖြစ်ပါတယ်။ Sob Rock အတွက် အနည်းဆုံး သုံးနှစ်အချိန်ယူဖန်တီးထားတာ ဖြစ်ပြီး သီချင်းအပုဒ်ရေ ၁၀ ပုဒ် ပါရှိပါတယ်။

(၂) Tyler, the Creator, ‘Call Me If You Get Lost

 

Source: Esquire

Call Me If You Get Lost ဟာ အမေရိကန်ရက်ပ်ပါ Tyler , The Creator ရဲ့ ဆဌမမြောက် အယ်လ်ဘမ်ဖြစ်ပြီး ဇွန် ၂၅ ရက်က ဖြန့်ချိခဲ့တာပါ။ စုစုပေါင်း အပုဒ်ရေ ၁၆ ပုဒ်နဲ့ ကြာချိန် မိနစ် ၅၀ ကျော်တဲ့ အယ်လ်ဘမ်လည်း ဖြစ်ပါတယ်။ သီချင်းအများစုကို သူကိုယ်တိုင်ရေးထားတာ ဖြစ်ပါတယ်။

(၃) Miranda Lambert, Jack Ingram, John Randall, ‘The Marfa Tapes

Source: Esquire

အမေရိကန် Country Artists တွေ ဖြစ်တဲ့ Miranda Lambert, Jack Ingram နဲ့ John Randall တို့ ပူးပေါင်းပြီး သီဆိုထားတဲ့ အယ်လ်ဘမ်တစ်ချပ်ပါ။ ဒီအယ်လ်ဘမ်ဟာ Randall အတွက် စတုတ္ထမြောက် အယ်လ်ဘမ်ဖြစ်သလို Lambert နဲ့ Ingram တို့အတွက် ၈ ခုမြောက်နဲ့ ၁၁ ခုမြောက် အယ်လ်ဘမ်တွေလည်း ဖြစ်ပါတယ်။ Country Songs ချစ်သူတွေ နားဆင်ကြည့်သင့်တဲ့ အယ်လ်ဘမ်တစ်ချပ်လို့ ဆိုနိုင်ပါတယ်။

(၄) Japanese Breakfast, ‘Jubilee’

Source: Esquire

Japanese Breakfast ဟာ ကိုရီးယား-အမေရိကန်ဂီတသမား ၊ ဒါရိုက်တာနဲ့စာရေးဆရာ Michelle Zauner ဦးဆောင် ဖွဲ့စည်းထားတဲ့ Indie Rock Band တစ်ခု ဖြစ်ပါတယ်။ Japanese Breakfast Band ကနေ Psychopomp ဆိုတဲ့ စတူဒီယိုအယ်လ်ဘမ်ကို ပထမဆုံး ဖြန့်ချိခဲ့တာပါ။ Jubilee ကတော့ ဒီတီးဝိုင်းရဲ့ တတိယမြောက် စတူဒီယိုအယ်လ်ဘမ်လည်း ဖြစ်ပါတယ်။

(၅) Kings of Leon, ‘When You See Yourself’

Source: Esquire

အမေရိကန် ရော့ခ်တီးဝိုင်း Kings of Leon ရဲ့ အဌမမြောက်အယ်လ်ဘမ်ဖြစ်ပြီး မတ်လဆန်းပိုင်းက ဖြန့်ချိခဲ့တာပါ။ Kings of Leon ဆိုတာ ၁၉၉၉ ခုနှစ်က နက်ချ်ဗီးလ်မှာ တည်ထောင်ခဲ့တဲ့ ရော့ခ်ဂီတအဖွဲ့ဖြစ်ပြီး Youth and Young Manhood ဆိုတဲ့ ပထမဆုံးအယ်လ်ဘမ်ကို ၂၀၀၃ ဇူလိုင်လထဲမှာ ဖြန့်ချိခဲ့ပါတယ်။ ယူကေအယ်လ်ဘမ်ဇယားမှာ နံပါတ် ၃ ချိတ်ခဲ့တဲ့ အယ်လ်ဘမ်လည်း ဖြစ်ပါတယ်။
‘When You See Yourself” အယ်လ်ဘမ်မှာ သီချင်း ၁၁ ပုဒ်ပါပြီး စုစုပေါင်း ကြာချိန်က ၅၁ မိနစ် ၂၆ စက္ကန့်ဖြစ်တယ်လို့လည်း ဒီအယ်လ်ဘမ်အကြောင်း Wikipedia မှာ ဖော်ပြထားပါတယ်။

Featured Photo: validnews