ဘော်ဒါအရင်းအချာကြီးတွေ မဆုံဖြစ်တာ ကြာနေလောက်ပါပြီ။ ဒီကြားထဲမှာ အပြင်ကို သွားချင်တိုင်း သွားပြီး တွေ့ချင်တိုင်း တွေ့ဖို့ကလည်း အခက်သားမဟုတ်လား။ တကယ်တော့ အတူတူပုခုံးဖက် ပေါင်းဖက်လာကြတဲ့ ရင်ဘတ်တူ မိတ်ဆွေတွေနဲ့ စည်းချက်ညှိမယ့် ညနေဘက်တွေမှာ ဝိုင်းစည်အောင် ကူညီပေးမယ့် ယဘော်ဒါအရင်းအချာကြီးတွေ မဆုံဖြစ်တာ ကြာနေလောက်ပါပြီ။

ဒီကြားထဲမှာ အပြင်ကို သွားချင်တိုင်း သွားပြီး တွေ့ချင်တိုင်း တွေ့ဖို့ကလည်း အခက်သားမဟုတ်လား။ တကယ်တော့ အတူတူပုခုံးဖက် ပေါင်းဖက်လာကြတဲ့ ရင်ဘတ်တူ မိတ်ဆွေတွေနဲ့ စည်းချက်ညှိမယ့် ညနေဘက်တွေမှာ ဝိုင်းစည်အောင် ကူညီပေးမယ့် ယမကာလေးတွေလည်း ရွေးထားဖို့လည်း လိုတာပါပဲ။ ကဲ ဘယ်လိုမျိုး Drinks တွေ မှာသင့်သလဲ အကြံနည်းနည်းပေးပါရစေ။

(၁) ဘီယာ

Glass bottles of beer with glass and ice

Photo : Freepik

ပျော်ရွှင်မြူးကြွလာအောင် ကူညီတဲ့နေရာမှာ ဘီယာက ဆရာကျပါတယ်။ တစ်ခွက်နှစ်ခွက်လောက် ချပြီးတာနဲ့ အာသွက်လာမယ်။ စိတ်တွေက ပေါ့ပါးလွတ်လပ်လာသလို ခံစားရမယ်။ ယောင်္ကျားလေးအများစုအတွက်ကတော့ ဘီယာဆိုတာ ၄/၅ ခွက်လောက် သောက်ရုံနဲ့လည်း မမူးတတ်ပါဘူး။ အပျော့သောက်ချင်တယ်ဆိုရင် Lager အပြင်းဆို Ale/Stout တို့ သောက်နိုင်ပါတယ်။ ပျော်ရုံပဲဆိုတာ့ Lager ကို ပို Recommend ပေးပါတယ်။

(၂) ဝီစကီ

glass of whiskey with ice on a background of a burning flame

Photo : Freepik

ရာသီဥတုကောင်းချိန်မှာ သူငယ်ချင်းတွေ ဆုံရင် ဝီစကီအမျိုးစား ကောင်းတာလေး ရွေးပြီး ချဖို့ ပြောချင်ပါတယ်။ တန်ဖိုးကြီး နိုင်ငံခြားဝီစကီအမျိုးမျိုး ရှိသလို ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ဈေးသင့်ပြီး အရည်အသွေးကောင်းတဲ့ Signature (ဂရမ်းပြာ) ၊ Special Reserved ဆိုတဲ့ ဂရမ်းရွှေ ၊ Grand Smooth နဲ့ Grand အမည်း Black တို့လည်း ရွေးချယ်နိုင်ပါတယ်။ ဝီစကီကို Cola တို့လို Beverage တစ်မျိုးမျိုးနဲ့လည်း သောက်နိုင်သလို ရေခဲနှစ်တုံးလာက်နဲ့လည်း ကစ်နိုင်ပါတယ်။ ဝါသနာပါရင် ကော့တ်တေးလ်လိုလည်း စမ်းကြည့်လို့ ရတာပါပဲ။

(၃) Rum

Cuban strong rum with ice and lime

Photo : Freepik

Rum တို့ Vodka တို့က အပြင်းစားသောက်စရာ ဖြစ်ပါတယ်။ တချို့ကတော့ ဒီ Alcohol ပြင်းအားကို လျှော့ဖို့ သစ်သီးတွေ ၊ Spirit တွေနဲ့ ရောစပ်ပြီး သောက်ချင့်စဖွယ်ပြင်ကြပါတယ်။ အထူးသဖြင့် ဘော်ဒါတွေ စုံစုံလင်လင်နဲ့ အိမ်လိုဖြစ်ဖြစ် ၊ အပျော်ခရီးစုသွားချိန်မှာ ဖြစ်ဖြစ် စည်းစည်းလုံးလုံးနဲ့ လုပ်ပြီး ကစ်လို့ကောင်းတဲ့ ယမကာမျိုးပါ။ ဒီကောင်တွေက အပြင်းစားတွေ ဖြစ်လို့ မြည်းစရာကောင်းကောင်းတော့ လိုပါလိမ့်မယ်။

(၄) တက်ကီလာ

Tasty alcohol drink cocktail tequila with lime and salt on vibrant

Photo : Freepik

Tequila Shot ကစ်တာကလည်း ရင်ခုန်စရာ အတွေ့အကြုံတွေထဲက တစ်ခုပါပဲ။ ရီဝေမူးယစ်မှုကိုမှ မြူးကြွကြည်လင်နေမှုပါ ဖြည့်စွက်ထားတာက သူ့ရဲ့ ထူးခြားမှုပါပဲ။ Tequila Shot မှာရင် သံပရာစိတ်လေးနဲ့ ဆားက ပုံမှန် ပါနေကျ အတွဲအစပ်ပါ။ ဘော်ဒါတွေနဲ့ ပြောရင်းဆိုရင်း တစ်ခွက်ပြီးတစ်ခွက်နဲ့ အတိတ်အနာဂါတ်တွေဆီ ပျော်စရာတွေ နဲ့ အမြင်တွေ မျှဝေနိုင်ပါတယ်။