ဖက်ရှင်ကျတဲ့ယောကျာ်းများအတွက် မရှိမဖြစ်ဆောင်ထားသင့်တဲ့အသုံးအဆောင်ပစ္စည်းတွေထဲမှာ ခါးပတ်သည်လည်း တစ်ခုအပါအဝင်ပါပဲ။ ခါးပတ်သည် သင့်ရဲ့ဖက်ရှင်ကို ပြီးပြည့်စုံသွားအောင် ကူညီပေးနိုင်ပါတယ်။

အရည်အသွေးကောင်းတဲ့ခါးပတ်များကို အသုံးပြုပါက သင့်ရဲ့ခါးပတ်သည် အချိန်အကြာကြီးအသုံးခံမှာဖြစ်ပြီး သင့်ရဲ့ဖက်ရှင်သည်လည်း Classic ဆန်နေမှာဖြစ်ပါတယ်။

Classic ဆန်တဲ့ဖက်ရှင်ကို ဖန်တီးချင်ပြီး အကောင်းစားခါးပတ်တွေကိုမှ နှစ်သက်တဲ့ယောကျာ်းများအတွက် ယခုလတ်တလောမှာ ရေပန်းစားနေတဲ့ခါးပတ်များကို ဖော်ပြပေးလိုက်ရပါတယ်။

Tom Ford

best belts for men

ဒီခါးပတ်သည် သားရေစစ်စစ်နှင့် ပြုလုပ်ထားတာဖြစ်ပြီး ကြီးကြီးမားမားကြီးဖြစ်မနေတဲ့အတွက်ကြောင့် ခန့်ညားတဲ့စတိုင်လ်ကို ဖန်တီးချင်သူများအတွက် အသင့်တော်ဆုံးပါပဲ။

Ralph Lauren

best belts for men

ဒီခါးပတ်အမျိုးအစားသည်လည်း သားရေနဲ့ပဲပြုလုပ်ထားတာဖြစ်ပြီး တန်ဖိုးအားဖြင့် ၈၄.၉၆ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။

Aspinal Of London

best belts for men

ခါးပတ်အရောင်က ကြည့်လိုက်တာနဲ့တင် နှစ်လိုဖွယ်ကောင်းလှပါတယ်။ တစ်ခုသတိထားရမယ့်အချက်ကတော့ ဒီခါးပတ်သည် သားရေအပျော့စားဖြစ်တဲ့အတွက်ကြောင့် အကြမ်းပတမ်းအသုံးခံမှာတော့မဟုတ်ပါဘူး။

Ermenegildo Zegna

best belts for men

ဒီခါးပတ်ကတော့ အမေရိကန်ဒေါ်လာ ၂၇၄.၉၉ ဒေါ်လာရှိပါတယ်။ ဒီလိုဈေးကြီးရခြင်းအကြောင်းအရင်းကတော့ နှစ်ဖက်လှဒီဇိုင်းဖြင့် ထုတ်လုပ်ထားတဲ့အတွက်ကြောင့်ပါ။

Disel

best belts for men

သားရေခါးပတ်မျိုး မဝတ်ချင်ဘဲ ပေါ့ပေါ့ပါးပါးဖက်ရှင်နဲ့ တွဲဖက်ဝတ်ဆင်ချင်တယ်ဆိုရင်တော့ ဒီတံဆိပ်သည် အကောင်းဆုံးပါပဲ။

Versace

best belts for men

နာမည်ကြီးဒီဇိုင်နာဘရန်းတစ်မျိုးဖြစ်တဲ့ Versace ခါးပတ်သည်လည်း လတ်တလောများ လူကြိုက်များနေပါတယ်။ ဒီခါးပတ်ရဲ့ခေါင်းသည် သူမတူတဲ့ဒီဇိုင်းဖြစ်တဲ့အတွက်ကြောင့် လူကြိုက်များနေရခြင်းပါ။ သူ့ရဲ့အားနည်းချက်တစ်ခုတော့ရှိပါတယ်။ တံဆိပ်ခေါင်းက အတန်အသင့်ကြီးတဲ့အတွက်ကြောင့် အလင်းပြန်ခြင်းကိုတော့ သတိထားရပါမယ်။

Source: T3.com

Featured Image Source: T3.com