ရာသီဥတု ချမ်းအေးလာတဲ့အချိန်မျိုးမှာ Sneakers ဖိနပ်များအစား ဘွတ်ဖိနပ်များကို အစားထိုးဖို့အချိန် ရောက်ရှိလို့လာခဲ့ပါပြီ။ ဘွတ်ဖိနပ် ဝယ်တဲ့အခါမှာလည်း Sneakers ဖိနပ်လိုပဲ အရည်အသွေးကောင်းမွန်တဲ့ဖိနပ်မျိုးကိုသာ ရွေးချယ်သင့်ပါတယ်။ ဒါမှ နှစ်ရှည်လများ အချိန်အကြာကြီး စီးနိုင်မှာပဲဖြစ်ပါတယ်။

ဘွတ်ဖိနပ် ဖက်ရှင်ကို စိတ်ဝင်စားတယ် ဘွတ်ဖိနပ်များကို ဝယ်ယူဖို့ ဟန်ပြင်နေတဲ့ယောကျာ်းများအတွက် ဒီတစ်ခါမှာတော့ ဘွတ်ဖိနပ်အမျိုးအစားများနှင့် ဒီဇိုင်းများကို ဖော်ပြပေးလိုက်ရပါတယ်။

တောင်တက်ဘွတ်ဖိနပ်များ

best boots for men best boots for men

တောင်တက်ရတာ ဝါသနာပါသူများအတွက်တော့ တောင်တင်ဘွတ်ဖိနပ်တစ်ရံသည် မရှိမဖြစ်လိုအပ်ပါတယ်။

အကြမ်းခံဘွတ်ဖိနပ်များ

best boots for menbest boots for men

ဒီဖိနပ်ကတော့ ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေရသူများအတွက် ဒဏ်ရာအနာတရဖြစ်ခြင်းမှ ကာကွယ်ဖို့ရန်အတွက် ထုတ်လုပ်ထားတဲ့ဖိနပ်အမျိုးအစားတစ်ခုပါ။

ဒီဇိုင်းအမျိုးမျိုးထုတ်လုပ်ထားတဲ့အတွက်ကြောင့် ဆောက်လုပ်ရေးအင်ဂျင်နီယာများသာမက ဂီတပညာရှင်များ၊ ဆယ်လီများ၊ ဖက်ရှင်ဒီဇိုင်နာများပါ ဝတ်ဆင်ကြတာကို တွေ့ရပါလိမ့်မယ်။

Dress Boot

best boots for men best boots for men best boots for men

ရုံးတက်ရုံးဆင်ဖက်ရှင်မျိုးကို ဖန်တီးချင်တဲ့အားကစားသမားများအတွက် Dress Boot တစ်ရံသည်လည်း မရှိမဖြစ်လိုအပ်ပါသေးတယ်။

Chelsea Boot

best boots for men best boots for men best boots for men best boots for men

ပိုမိုလူငယ်ဆန်တဲ့ဖက်ရှင်ကို ဖန်တီးချင်သူများအတွက် Dress Boot ထက် Chelsea Boot က ပိုမိုစတိုင်လ်ကျစေပါတယ်။

Combat Boot

best boots for men best boots for men best boots for men

ဒီဘွတ်ဖိနပ်ကတော့ စစ်တပ်စီးဘွတ်ဖိနပ်ကို အိုင်ဒီယာမှီငြမ်းကာ အသစ်ထပ်မံထုတ်လုပ်လိုက်တဲ့ ဘွတ်ဖိနပ်ဖြစ်ပါတယ်။ ဖိနပ်ရဲ့ခြေကျင်းယတ်က Dress Boot နဲ့ Chelsea Boot တို့ထက် ပိုရှည်တာကို တွေ့မြင်ရပါလိမ့်မယ်။

မိုးတွင်းစီး ဘွတ်ဖိနပ်

best boots for men best boots for men

ဒီဖိနပ်ကတော့ ဘွတ်ဖိနပ်အမျိုးအစားတွေထဲမှာ အလုံခြုံဆုံးပဲဖြစ်ပါလိမ့်မယ်။ သည်းကြီးမည်းကြီး မိုးရွာတဲ့နေ့မှာတောင် သင့်ကို ဖက်ရှင်ကျစေမှာပါ။

Source: Onpointfresh.com

Featured Image Source: Ttoptrendsguide.com