အောင်မြင်ကျော်ကြားတဲ့  Celebrity တော်တော်များများနဲ့ တွဲမြင်ရတာကတော့ သူတို့ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ် ကုန်ပစ္စည်းတွေပါပဲ။ နာမည် ကြီး အဆိုတော်တွေ ၊ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ ကမ္ဘာကျော်ဘောလုံးသမားတွေဟာ သူတို့ရဲ့ထင်ပေါ်ကျော်ကြားမှုနဲ့ အတူ ကိုယ်ပိုင်ဖက်ရှင်ဘရန်းတွေ ၊ အလှကုန်ပစ္စည်းတွေ စတဲ့ အသုံးအဆောင် ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်လေ့ရှိကြတာပဲ ဖြစ်ပါတယ်။ ဒီထဲမှာ ကျွန်တော်တို့ ယောကျ်ားလေးတွေစိတ်ဝင်စားတဲ့ ယမကာ Brands တွေလည်း အများကြီးပါဝင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကမ္ဘာကျော် အနုပညာရှင်တွေကိုယ်တိုင်ထုတ်တဲ့ စိတ်ဝင်စားစရာ ယမကာ တံဆိပ်တွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

(၁) Haig Club ( David Beckham)

Haig Club ( David Beckham)

အင်္ဂလန်လက်ရွေးစင် ကစားသမားဟောင်း David Beckham ကိုယ်တိုင် ထုတ်လုပ်ထားတဲ့ အမိုက်စား ဝီစကီအမှတ်တံဆိပ်တစ်ခုပဲ ဖြစ်ပါတယ်။ ပေါ့ပါးပြီး မွှေးကြိုင်တဲ့ Haig Club စကော့ခ်ျဝီစကီရဲ့ အရသာကတော့ ဝီစကီကောင်းကောင်းကြိုက်သူတွေ သေချာပေါက် သဘောကျမိစေမယ့် အရသားမျိုးပေးစွမ်းတယ်လို့ ညွှန်းဆိုခြင်းခံထားရပါတယ်။

(၂) Maison No. 9 (Post Malone)

Maison No. 9 (Post Malone)

Photo : The Independent

Maison No. 9 ဆိုတာကတော့ နာမည်ကြီး အမေရိကန်ရက်ပ်ပါ Post Malone ထုတ်ထားတဲ့ ပြင်သစ်ဝိုင်ပဲ ဖြစ်ပါတယ်။ Post Malone ရဲ့ အကြိုက်ဆုံး Nine of Swords တားရော့ကဒ်ကို အစွဲပြုပြီး နာမည်ပေးထားတဲ့ ဒီဝိုင်ဟာဆိုရင် ဘယ်ရီသီးလို လက်ဆတ်တဲ့ သစ်သီးတွေရဲ့ အရသာကို အပြည့်အဝခံစားရမှာဖြစ်ပြီး ဝိုင် တစ်ငုံ , ငုံပြီးတိုင်းမှာ မျက်ရည်ကျလောက်အောင်ကောင်းမွန်တဲ့ အရသာကို ခံစားရမှာပဲ ဖြစ်ပါတယ်။

(၃) Casamigos Tequila ( George Clooney)

Casamigos Tequila ( George Clooney)
Photo : ibiza

Casamigos Tequila ဆိုတာကတော့ ဟောလီးဝုဒ် မင်းသားကြီး George Clooney နဲ့ စွန့်ဦးတီထွင်သမား Michael Meldman တို့ ပူးပေါင်းပြီး ၂၀၁၃ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ နူးညံ့ပြေပြစ်ပြီး ချိုမြိန်တဲ့ စွဲမက်ဖွယ်အရသာရှိတဲ့ Casamigos Tequila ဟာ ကမ္ဘာပေါ်က အရသာအကောင်းဆုံး Tequila စာရင်းမှာ ထိပ်ဆုံးက ပါဝင်နေတာကြောင့် Tequila ချစ်သူတိုင်းသေချာပေါက် မြည်းစမ်းသင့်တဲ့ တံဆိပ်တစ်ခုပဲ ဖြစ်ပါတယ်။

(၄) Heaven’s Door Whiskey (Bob Dylan)

Heaven’s Door Whiskey (Bob Dylan)
Photo : Wine Enthusiast Magazine

Heaven’s Door ဆိုတဲ့ ထူးထူးခြားခြားနာမည်နဲ့ ဒီဝီစကီကတော့ ရော့ခ်ဂီတပညာရှင် Legend ကြီး Bob Dylan ထုတ်လုပ်ထားတဲ့ ဝီစကီပဲ ဖြစ်ပါတယ်။ ရိုင်းစပါး ၊ သစ်ကြံပိုးခေါက်၊ ချယ်ရီနဲ့ သကြားအညိုတို့ပေါင်းစပ်ထားတဲ့ ချိုမြိန်ပြင်းရှတဲ့ အရသာ / လက်ဆတ်တဲ့သစ်သီး ၊ ငရုပ်ကောင်းတို့ရဲ့ သင်းပျံ့တဲ့ရနံ့တို့နဲ့ တကယ်ကိုပဲ ထူးခြားကောင်းမွန်တဲ့ ဝီစကီရဲ့ အနံ့အရသာကို ခံစားရမှာ ဖြစ်ပါတယ်။

(၅) Sauza 901 Tequila ( Justin Timberlake)

 Sauza 901 Tequila ( Justin Timberlake)

Photo : Drinkhacker

Sauza 901 Tequila ကတော့ အဆိုတော် Justin Timberlake နဲ့ Casa Sauza တို့ ပူးပေါင်းထုတ်လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ Justin Timberlake ရဲ့ မွေးရပ်ဇာတိ Tennessee ပြည်နယ် Memphis မြို့ရဲ့ ဧရိယာကုဒ်ကို အစွဲပြုပြီး Sauza 901 လို့ အမည်ပေးခဲ့တာပါ။ ဒီ Tequila ဟာဆိုရင် မြက်ပင်စိမ်းအနံ့ ၊ သံပုရာသီးနဲ့ ငရုတ်ကောင်းနက်တို့ ပေါင်းစပ်ပါဝင်တဲ့  ချောမွေ့ပြေပြစ်ပြီး လတ်ဆက်တဲ့ Tequila အရသာကို ခံစားရမှာပဲ ဖြစ်ပါတယ်။

Featured Photo : Shortlist