နာမည်ကျော် Cele တွေဟာ သူတို့ရဲ့ ကျော်ကြားမှုကို စီးပွားရေးလုပ်ငန်းတွေ တည်ထောင်ရာမှာ အသုံးချတယ်ဆိုတာ အားလုံးပဲ အသိဖြစ်မှာပါ။ ကျော်ကြားမှုနောက်မှာ ဓနဥစ္စာက လိုက်တယ်ဆိုပေမယ့် အရည်အသွေးကလည်း လုပ်ငန်းအောင်မြင်ဖို့ မရှိမဖြစ် အရေးကြီးတာပါပဲ။ ဈေးကွက်မှာ အောင်မြင်နေတဲ့ Celebrity တွေရဲ့ ထုတ်ကုန် Brands တွေထဲမှာ အများဆုံးက ဖက်ရှင်လို့ ဆိုနိုင်ပါတယ်။
ဖက်ရှင်က နယ်ကျယ်တဲ့ စီးပွားရေးဖြစ်ပြီး လူတိုင်းဝတ်ဆင်နေတဲ့ အသုံးအဆောင်လည်း ဖြစ်တာကြောင့် ဈေးကွက်ဝယ်လိုအားက ရှိပြီးသားပါ။ ဖက်ရှင်လို့ ဆိုလိုက်ရင် Shoes ၊ T-Shirt ၊ Formal Suit ကနေ လက်ကိုင်အိတ်အထိ ပါပါတယ်။ ပြောရရင် လူတစ်ယောက်ပေါ်မှာ ဆင်ထားသမျှကို ဖက်ရှင်လို့ ဆိုနိုင်တယ်မဟုတ်လား။ ဒီလို ဖက်ရှင် Brands တွေထဲက အနုပညာရှင် Cele တွေ ထောင်ထားပြီး အောင်မြင်နေတဲ့ အမှတ်တံဆိပ် ၅ မျိုးအကြောင်း တင်ပြလိုက်ပါတယ်။
(၁) Kanye West – Yeezy

Photo: NextLuxury
ရက်ပ်အဆိုတော် ကင်ညေးဝက်စ်ရဲ့ Yeezy ဖိနပ်တံဆိပ်ဟာ Cele brands တွေထဲမှာ လူပြောအများဆုံးလို့ ဆိုနိုင်ပါတယ်။ Yeezy တွေဟာ လူငယ်ဆန်မှု ၊ သက်တောင့်သက်သာရှိပြီး ဒီဇိုင်းဆန်းသစ်မှုတွေကြောင့် နာမည်ကျော်ပါတယ်။ ပစ္စည်း Quality သားကောင်းတာကြောင့်လည်း Yeezy အမှတ်တံဆိပ်ကို ထိပ်ဆုံးမှာ ထားပြောကြတာ ဖြစ်ပါတယ်။
(၂) Pharrell Williams – Billionaire Boys Club

Photo: NextLuxury
အမေရိကန်ရက်ပ်ပါ ဖာရဲလ် ဝီလျံစ်ရဲ့ ဖက်ရှင်အမှတ်တံဆိပ် Billionaire Boys Club အဝတ်အစားတွေက တမူဆန်းပြားတယ် ၊ ခေတ်နဲ့ လိုက်ဖက်တယ် နောက်ပြီး ရိုးရှင်းတယ်လို့ ပြောရမှာပါ။ ခေါင်းစွပ်ဆွယ်တာကနေ Vest တွေ Hightops Shoes တွေအထိ ထုတ်ပါတယ်။ လူငယ်ဆန်ပြီး ခေတ်မီတဲ့ဟန်ကို ထိန်းထားတာကြောင့်လည်း ထင်ရှားပါတယ်။
(၃) Jay-Z – Rocawear

Photo: NextLuxury
ဖက်ရှင်စီးပွားရေးကို ရက်ပ်ပါတွေ အများဆုံးလုပ်တယ်လို့ ပြောရမလိုပါပဲ။ Rocawear ဆိုလည်း ကမ္ဘာကျော် ရက်ပ်ပါ Jay-Z က ထုတ်ထားတာပါ။ Rocawear က ဦးထုပ်နဲ့ မျက်မှန်ပိုင်းကို အဓိက ထုတ်ပါတယ်။ တခြား Stylish ဖြစ်စေမယ့် ဖက်ရှင်တွေလည်း ထုတ်တာပါပဲ။ ဥပမာ လည်ဝိုက် Crewneck T-Shir ထုတ်တာမျိုး ဖြစ်ပါတယ်။ Rocawear ဒီဇိုင်းတွေမှာ Jay-Z ရဲ့ လွှမ်းမိုးမှုကို သိသိသာသာ တွေ့ရနိုင်ပါတယ်။
(၄) Matthew McConaughey – Just Keep Livin

Photo: NextLuxury
နာမည်ကျော် ဇာတ်ပို့မင်းသားကြီး မက်သရူး မက်စ်ကွန်နော့ဂ်ဟေးရဲ့ Just Keep Livin အဝတ်အစား Brand ကလည်း ယောင်္ကျားလေးတွေအကြိုက် Cele brand တစ်ခု ဖြစ်ပါတယ်။ Just Keep Livin က ဖောင်ဒေးရှင်းလည်း ရှိပါတယ်။ ဒီ brand နဲ့ ဝယ်လိုက်တဲ့ ရှပ်အင်္ကျီ ၊ ဦးထုပ်စတဲ့ ဖက်ရှင်ပစ္စည်းတွေရဲ့ အမြတ်အစွန်းတချို့ကို အထက်တန်းကျောင်းသားတွေအတွက် ပံ့ပိုးရာမှာ တိုက်ရိုက် ရောက်ပါတယ်။ ဒီတော့ အဝတ်အစားဝယ်ရင် အလှူလုပ်ပြီးသား ဖြစ်မှာပါ။
(၅) Drake – October’s Very Own

Photo: NextLuxury
ဒရိတ်ခ်ရဲ့ October’s Very Own အမှတ်တံဆိပ်က ယောင်္ကျားရော မိန်းမဝတ်ပါ ထွက်ပါတယ်။ အဝတ်အစားဆို ဆွယ်တာရှပ်တွေ ၊ ဘောင်းဘီတို ၊ တီရှပ် နဲ့ ဦးထုပ်တွေကို အရောင်အစပ်အဟပ် လှလှနဲ့ ဝယ်နိုင်မှာပါ။ ဒီ Brand က ထွက်တဲ့ အဝတ်အစားတွေက နူးညံ့ပြီး သက်တောင့်သက်သာရှိတယ်ဆိုပြိး နာမည်ကြီးပါတယ်။
Featured Photo: thedailybeast
