ကမ္ဘာကျော် အဆိုတော်များ၊ သရုပ်ဆောင်များ၊ အနုပညာရှင်များ၊ ဆယ်လီများသည် အတိုင်းအတာတစ်ခုအထိ အောင်မြင်လာတဲ့အခါ သူတို့ရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်တည်ထောင်ကာ လုပ်ကိုင်လာကြပါတယ်။
အောင်မြင်နေတဲ့ ဆယ်လီအမျိုးသားများ အများအပြားရှိတဲ့အနက် ဖက်ရှင်ပိုင်းတွင် ကိုယ်ပိုင်ဘရန်းတစ်ခုတည်ထောင်ကာ စီးပွားရေးလုပ်ကိုင်နေကြတဲ့ အနုပညာရှင်တချို့ကို ဖော်ပြပေးချင်ပါတယ်။
Kanye West ရဲ့ Yeezy

Yeezy ဆိုတဲ့တံဆိပ်နဲ့ Sneakers များ Sweatshirts များ ထုတ်လုပ်လျက်ရှိပြီး သူ့ရဲ့ဒီဇိုင်းတွေက နောက်ဆုံးပေါ်ဒီဇိုင်းတွေဖြစ်တဲ့အတွက်ကြောင့် လူငယ်အများစု ကြိုက်နှစ်သက်ကြပါတယ်။
Pharrell Williams ရဲ့ Billionaire Boys Club

ဖက်ရှင်အတွက် အခြေခံကျတဲ့ တီရှပ်အင်္ကျီများ၊ ဆွယ်တာအင်္ကျီ၊ အမျိုးသားဝတ်စွပ်ကျယ်အင်္ကျီများကိုလည်း ထုတ်လုပ်လျက်ရှိပြီး သူ့ရဲ့ဖက်ရှင်ဒီဇိုင်းတွေကို ဘယ်လိုတံဆိပ်မျိုးမှာ ရှာမတွေ့နိုင်ပါဘူး။
Jay-Z ရဲ့ Rocawear

Rocawear တံဆိပ်ကတော့ အဝတ်အစားတွေအပြင် အရောင်အသွေးစုံလင်တဲ့ နေကာမျက်မှန်များကိုပါ ထုတ်လုပ်ရောင်းချလိုက်ရှိပါတယ်။
Matthew McConaughey ရဲ့ Just Keep Livin

Just Keep Livin ကနေရရှိတဲ့ တစ်စိတ်တစ်ပိုင်းသော ဝင်ငွေများကို Matthe McConaughey သည် Just Keep Livin ဖောင်ဒေးရှင်းသို့ လှုဒါန်းပြီး ထိုဖောင်ဒေးရှင်းသည် အထက်တန်းကျောင်းသားများအတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်များ ချမှတ်နိုင်ပြီး ထွန်းလင်းတောက်ပနေတဲ့အနာဂတ်တစ်ခု ပိုင်ဆိုင်နိုင်အောင် ကူညီပေးနေတာဖြစ်ပါတယ်။
Drake ရဲ့ October’s Very Own

ဒီတံဆိပ်ကတော့ အမျိုးသားဝတ်ရော အမျိုးသမီးဝတ်ပါ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဝတ်ဆင်ရသူအဖို့ သက်သောင့်သက်သာရှိကာ ဖက်ရှင်ကျစေတဲ့စိတ်ခံစားချက်ကို ပေးစွမ်းပါတယ်။
Jimmy Fallon ရဲ့ Hands High

ဒီတံဆိပ်ကတော့ အားကစားချစ်သူများကြိုက်နှစ်သက်ကြတဲ့ တံဆိပ်တစ်ခုပဲဖြစ်ပါတယ်။ ကိုယ် ကြိုက်နှစ်သက်တဲ့အသင်းနဲ့ ဆင်တူတဲ့အင်္ကျီအရောင်ကိုလည်း ဝယ်ဝတ်နိုင်အောင် ကူညီပေးပါတယ်။
Diddy ရဲ့ Sean John

Diddy ကတော့ အရည်အချင်းရှိတဲ့ တက်သစ်စအနုပညာရှင်များကို လက်တွဲခေါ်ကာ အလုပ်လုပ်သူတစ်ယောက်အဖြစ် နာမည်ကြီးပါတယ်။ အမျိုးသားများ နောက်ဆုံးပေါ် ဖက်ရှင်များဖြင့် စတိုင်ကျနိုင်အောင် သူ့ရဲ့ဘရန်းတံဆိပ်က ကူညီပေးပါတယ်။
Justin Timberlake ရဲ့ William Rast

သူ့ရဲ့တံဆိပ်သည်လည်း အမျိုးသားဝတ်သာမက အမျိုးသမီးဝတ်ပါ ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။
Bill Murray ရဲ့ William Murray တံဆိပ်

Bill Murray ကတော့ ဂေါ့ဖ်အားကစားအပေါ် ထားရှိတဲ့ သူ့ရဲ့အချစ်တွေကို William Murray တံဆိပ်ဖြင့် ဖော်ပြလိုက်တာဖြစ်ပါတယ်။ စွဲမက်ဖွယ်ရာအရောင်များဖြင့် ထုတ်လုပ်ထားတာကြောင့် အခြားသောဂေါ့ဖ်ချစ်သူများလည်း ကြိုက်နှစ်သက်ကြပါတယ်။
စာဖတ်သူတို့ရော ကိုယ်ပိုင်ဖက်ရှင်ဘရန်းတစ်ခု တည်ထောင်ဖို့ စိတ်ကူးရှိကြပါသလား။
Source: Nextluxury.com
Featured Image Source: Hollywoodreporter.com
