ကမ္ဘာပေါ်မှာ နာမည်ကြီး ဇိမ်ခံပစ္စည်းများ၊ ဘရန်းများ အများအပြားရှိပါတယ်။ ဖက်ရှင်ချစ်သူကွီးတို့အတွက် ဇိမ်ခံဘရန်းများသည် အရေးကြီးတဲ့ဖက်ရှင်အသုံးအဆောင်ပစ္စည်းများပဲဖြစ်ပါတယ်။
Versace ၊ Gucci ၊ Chanel စတဲ့ နာမည်ကြီးဘရန်းတွေ အများအပြားရှိသလို ထိုဘရန်းတွေ ဒီထက်ပိုပြီး လူအများသုံးချင်လာအောင် အနုပညာရှင်များရဲ့ပုံရိပ်ကို အသုံးချပြီး ကြော်ညာလေ့ရှိပါတယ်။
ဘယ်နာမည်ကြီးအနုပညာရှင်များက ဘယ်လိုနာမည်ကြီးဘရန်းတွေအတွက် Brand Ambassador အဖြစ် လုပ်ကိုင်ပေးလျက်ရှိသလဲဆိုတာကို ဖက်ရှင်ချစ်သူကွီးတို့အတွက် ဝေမျှပေးလိုက်ရပါတယ်။
(၈) Kim Kardashian West & Kanye West
Photo: Fustany
Balmain ရဲ့ ဒီဇိုင်နာ Olivier Rousteing ရဲ့ Kardashian တို့ရဲ့သူငယ်ချင်းအရင်းကြီးတွေဖြစ်ပါတယ်။ ၂၀၁၆ တုန်းကဆိုရင် Met Gala ပွဲအတွက် Kardashian တို့ တစ်မိသားစုလုံးအတွက် ပွဲတက်ဝတ်စုံပြင်ဆင်ပေးခဲ့ပါသေးတယ်။
(၇) Roger Federer
Photo: Pinterest
Roger Federer သည် ကမ္ဘာ့အတော်ဆုံးတင်းနစ်ကစားသမားတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် ကြေးအမြင့်ဆုံး ကစားသမားဆိုလည်း မမှားပါဘူး။ သူသည် Rolex ရဲ့ ဘရန်း Ambassador တစ်ဦးဖြစ်ပါတယ်။
(၆) Keira Knightley
Photo: imdb
Keira သည် ၂၀၀၇ ခုနှစ်ကတည်းက Chanel နဲ့ တွဲဖက်ကာ အလုပ်လုပ်ကိုင်ခဲ့တာဖြစ်ပြီး ထိုအချိန်တုန်းက သူ(မ)သည် အသက် ၂၂ နှစ်သာ ရှိပါသေးတယ်။
(၅) Hailey Bieber & Justin Bieber
Photo: Nzmtekstil
Bieber ဇနီးမောင်နှံနှစ်ဦးကတော့ Calvin Klein အတွက် ပင်တိုင်မော်ဒယ်များဖြစ်ကြပါတယ်။ ထိုဘရန်းအတွက် ဘရန်း Ambassador အဖြစ် ၂၀၁၉ ခုနှစ်က စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။
(၄) Harry Styles
Photo: Fashionnetwork
ကမ္ဘာကျော်အဆိုတော Harry Styles ကတော့ အီတလီဒီဇိုင်နာနဲ့ အလုပ်အတူတူ တွဲလုပ်ကာ Gucci ဘရန်းအတွက် ဘရန်း Ambassador အဖြစ် ဆောင်ရွက်နေတာပါ။
(၃) Emma Stone
Photo: Fashionnetwork
La La Land ရဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်တဲ့ Emma Stone ကတော့ Louix Vuitton ရေမွှေးရဲ့ ပင်တိုင်မော်ဒယ်တစ်လက်ဖြစ်ပါတယ်။ သူသည် အခြားသော ဇိမ်ခံဘရန်းများအတွက်လည်း ကြော်ငြာပေးလျက်ရှိပါတယ်။
(၂) Zendaya
Photo: Vogue
မင်းသမီးချောလေး Zendaya ကတော့ Bvlgari လက်ဝတ်လက်စားများကို ဘရန်း Ambassador အဖြစ် တာဝန်ယူဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။
(၁) Jennifer Lopez
Photo: Teenvogue
Jennifer Lopez ကတော့ Versace ရဲ့ ပင်တိုင်မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။ ၂၀၂၀ တုန်းက Milan Fashion Week မှာတုန်းက Versace ဝတ်ကာ ပွဲတတ်ခဲ့တာဖြစ်ပါတယ်။
Featured Image: Thethings.com