တက်တူးတွေဆိုတာလူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်ကအနုပညာလက်ရာတခုပါ။ ကိုယ်ချစ်ရသူတဦးတ ယောက်နဲ့ဆိုင်တာဖြစ်စေ၊ အကြိုက်ဆုံးသီချင်းစာသားလေးဖြစ်စေ တက်တူးအဖြစ်ထိုးတတ်ကြပါတယ်။ နာမည်ကျော်အနုပညာရှင်တွေမှာလဲ အဓိပ္ပါယ်အမျိုးမျိုးနဲ့တက်တူးထိုးထားတွေရှိပါတယ်။ စိတ်ဝင်စားရင် ဘယ်သူ့တက်တူးလေးတွေက အမိုက်ဆုံးလဲဆိုတာ ကြည့်လိုက်ရအောင်။

(၁) Vanessa Hudgens

ဗန်နက်ဆာရဲ့တက်တူးလေးကတော့ ချစ်စရာနေကြာပန်းလေးတပွင့်ပုံလေးဖြစ်ပြီးအောင် ဆွဲဆောင်မှုရှိစွာပဲ သူမရဲ့ရင်သားဘေးဘက်မှာထိုးထားပါတယ်။

(၂) Selena Gomez

ဆလီနာကတော့ သူ့ရဲ့ အယ်လ်ဘမ်ဖြစ်တဲ့ Rare ကိုဂုဏ်ပြုတဲ့အနေနဲ့ Rare ဆိုတဲ့စာသားကို သူမရဲ့လည်ပင်းညာဘက်အပေါ်နားမှာ တက်တူးထိုးခဲ့ပါတယ်။ ဒါကသူမရဲ့ပထမဆုံးတက်တူးတော့မဟုတ်ပါဘူး။

(၃) Kaia Gerber

စူပါမော်ဒယ်တယောက်ဖြစ်တဲ့ ကိုင်ရာကတော့ သူမရဲ့လက်ကောက်ဝတ်မှာ ပန်းပွင့်ပုံတက်တူးနဲ့ သူမရဲ့ပခုံးပေါ်မှာတော့ အရမ်းမိုက်တဲ့နှလုံးသားပုံသဏ္ဍန်ချိတ်ထားတဲ့လက်နှစ်ဖက်ပုံ တက်တူးနှစ်ခုထိုးထားပါတယ်။

(၄) Miley Cyrus

အားလုံးသိကြတဲ့အတိုင်း မိုင်လီကတော့တကိုယ်လုံးနေရာအနှံ့မှာ တက်တူးအပြည့်ထိုးထားတဲ့ တက်တူးကြိုက်တဲ့အနုပညာရှင်တယောက်ပါ။ ခုနောက်ဆုံးတက်တူးက သူမရဲ့ညာဘက်လက်ဖမိုးပေါ်မှာ ထိုးထားတဲ့ Freedom ဆိုတဲ့စာသားလေးပါ။

(၅) Jessica Alba

ဂျက်ဆီကာကတော့သူမရဲ့ကလေးသုံးယောက်ကိုကိုယ်စားပြုတဲ့ နက္ခတ်သင်္ကေတ ၃ခုကိုသူမရဲ့လက်မှာထိုးခဲ့ပါတယ်။ ဒါပေမယ့် တက်တူးထိုးတာက သင့်ခန္ဓာကိုယ်မှာအမြဲတမ်းရှိနေဖြစ်ပြီး သင်အနေနဲ့စိတ်ပြောင်းသွားနိုင်တယ်လို့လဲဆိုပါတယ်။