အရေးကြီးတဲ့ ပွဲလမ်းသဘင် အခမ်းအနားတွေကို သွားရတော့မယ့် အမျိုးသားတစ်ယောက်အတွက် သူ့နေရာနဲ့သူလိုက်ဖက်မှုရှိတဲ့ အနောက်တိုင်းဝတ်စုံတစ်စုံ ဝယ်တော့မယ်ဆိုရင် တွဲဖက်ပြီး စဉ်းစားရမှာတွေအများကြီးရှိပါတယ်။

ကိုယ်ဝတ်မယ့် အပေါ်ထပ်အကျီနဲ့ အောက်က ဘောင်းဘီတို့ပေါ်မူတည်ပြီးတော့ အောက်ခံ White Shirt နဲ့ Dress Shoes တွေကလည်း လိုက်ဖက်ဖို့ လိုအပ်ပါသေးတယ်။ အပေါ်တစ်ရောင် အောက်တစ်ရောင်နဲ့ ကျို့တို့ကြားတား မဖြစ်စေဖို့အတွက် ဘယ်လို Suit အရောင်မျိုးဆိုရင် ဘယ်လို Dress Shoes တွေကို ရွေးချယ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

အနက်ရောင် Suit

Source: Pinterest

ယောကျ်ားလေးအတော်များများရဲ့ အဓိက Coat Blazer အရောင်က အနက်ရောင်ပဲများပါတယ်။ အခုလိုမျိုး အနက်ရောင် Suit ကို အကျအနဝတ်ဆင်ထားတယ်ဆိုရင်တော့ Dress Shoes ကို အနက်ရောင်ကလွဲပြီး အခြားအရောင်တွေကို မစဉ်းစားပါနဲ့။ ကွဲထွက်နေအောင်ဆိုပြီး အခြားအရောင် Dress Shoes ဝတ်ပြီးမှ လိုက်ဖက်မှုမရှိတာက ထင်းနေပါလိမ့်မယ်။

Navy Blue Suit

Source: The Drop

နောက်ထပ် လူကြိုက်အများဆုံးအရောင်ဖြစ်တဲ့ Navy Blue Suit ကလည်း ဘယ်လိုသူမျိုးကို မဆိုပေါ်လွင်စေတဲ့ အရောင်တစ်ခုပါ။ အခု Navy Blue နဲ့ဆိုရင်တော့ Dress Shoes ကို ဘာအရောင်နဲ့မဆိုလိုက်ဖက်တဲ့ အနက်ရောင်ကို ရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့် ပိုပြီး ပေါ်လွင်စေဖို့ဆိုရင်တော့ အညိုရောင် ဒါမှမဟုတ် ကြက်သွေးရောင် Shoes တွေကို ရွေးချယ်တာအကောင်းဆုံးပါ။

မီးခိုးရောင် Suit

Source: The Black Tux

မီးခိုးရောင် Suit ကလည်း ဝတ်ဆင်သူများပြားပြီးတော့ Dress Shoes ကလည်း အခုနက Navy Blue လိုမျိုးပဲ အနက်ရောင် Shoes နဲ့ ဝတ်ဆင်နိုင်ပြီး အညိုရောင် Shoes က ပိုပြီး တောက်ပစေမှာပါ။

အခုလိုမျိုး အနောက်တိုင်းဝတ်စုံတွေလိုမျိုးပဲ Dress Shoes တွေကလည်း သေချာဂရုစိုက်ဝတ်ဆင်သင့်တဲ့အရာတွေဖြစ်ပြီးတော့ နှစ်ခုစလုံးလိုက်ဖက်မှလည်း စတိုင်ကျနေမှာပါ။