ဟာသဇာတ်ကားများ ကြိုက်နှစ်သက်ကြတဲ့ ရုပ်ရှင်ချစ်သူများအတွက် ဒီတစ်ခါမှာတော့ ၂၀၂၁ ခုနှစ်အတွင်း ထွက်ရှိထားတဲ့ ဟာသဇာတ်ကားများအနက် လူကြိုက်အများဆုံး ဟာသဇာတ်ကား (၁၀) ကားကို ဖော်ပြပေးချင်ပါတယ်။

(၁၀) Fatherhood

သူ့သမီးလေးကို သူ့မိန်းမက မွေးပြီးပြီးချင်းမှာပဲ သူ့ရဲ့ချစ်ရတဲ့ အမျိုးသမီးက သေဆုံးသွားတဲ့အတွက်ကြောင့် သူ့သမီးလေးကို အဖေလိုလည်းသူပဲ အမေလိုလည်း သူပဲ ပြုစုယုယစောင့်ရှောက်နေတာဖြစ်ပါတယ်။ အမေမဟုတ်တဲ့အတွက်ကြောင့် အဖေတစ်ယောက်အနေနဲ့ ကြုံတွေ့ရတဲ့ ဒုက္ခတွေကို ဟာသဆန်ဆန် ရိုက်ကူးထားတာကို တွေ့မြင်ရပါလိမ့်မယ်။

Source: Netflix

(၉) Bo Burnham: Inside

ကိုဗစ်ကြောင့် Lockdown တွေဖြစ်သွားတဲ့အခါ အမေရိကန် ဟာသပညာရှင်နှင့် တေးဂီတပညာရှင်တစ်ဦးဖြစ်သူ Bo Burnham တစ်ယောက် အိမ်ထဲမှာပဲ စာရေးလိုက်၊ ရှုတင်ရိုက်လိုက်တဲ့ သူ့ရဲ့ဘဝကြီးမှာ ကြုံတွေ့ရတဲ့ အရာများကို ရိုက်ကူးထားတာဖြစ်ပါတယ်။ Bo Burnham ပဲ ရိုက်ကူး ပုံဖော်ထားတာဖြစ်ပါတယ်။

Source: Non-Stop Cinema

(၈) Plan B

အထက်တန်းကျောင်းသူ သူငယ်ချင်းနှစ်ဦးအကြား ခင်မင်မှုကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ၂၄ နာရီအတွင်း သူတို့ရဲ့ Plan B ကို အောင်မြင်အောင် လုပ်ဆောင်နိုင်မှသာလျှင် သူ့သူငယ်ချင်း ကြုံတွေ့နေရတဲ့ အခက်အခဲကို ဖြေရှင်ပေးနိုင်မှာဖြစ်ပါတယ်။ သူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲကို သိချင်ရင်တော့ ထရေလာအမြည်းလေးကို ရှုစားကြည့်လိုက်ပါ။

Source: Hulu

(၇) Promising Young Woman

သည်းထိပ်ရင်ဖို ဇာတ်လမ်းတွေ  ရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာ Emerald Fennell ရဲ့ ဟာသကားလေးပါပဲ။ စိတ်အနာတရဖြစ်စရာ အဖြစ်ဆိုးကြီးကို ကြုံတွေ့ပြီးတဲ့နောက်မှာတော့ Cassie ဆိုတဲ့ အမျိုးသမီးသည် သူမအပေါ် အပြစ်ကျူးလွန်ထားသူတွေကို လက်စားပြန်ချေမှာဖြစ်ပါတယ်။

Source: Focus Features

(၆) Luca

ဟာသ Adventure ရုပ်ရှင်ပုံစံမျိုးဖြစ်ပြီး ဒါရိုက်တာ Enrico Casarosa က ရိုက်ကူးထားတာဖြစ်ပါတယ်။ လူသားနှင့် ရေသတ္တဝါတို့အကြား ခင်မင်ရင်းနှီးမှု သံယောဇဉ်၊ ရေသတ္တဝါများကို မကောင်းဆိုးဝါးလို့ ထင်နေတဲ့ လူသားများအကြား ဘယ်လိုအမြင်တွေ ပြောင်းလဲသွားကြသလဲဆိုတာကို ရိုက်ကူးထားတာဖြစ်ပါတယ်။

Source: Pixar

(၅) Bad Trip

Eric Andre နဲ့ Lil Rel Howery ဆိုတဲ့ သူငယ်ချင်းနှစ်ယောက် ကားတစ်စီးနဲ့ Road Trip ထွက်ရင်း လမ်းပေါ်မှာ တွေ့တဲ့လူတွေကို Hidden Camera များ အသုံးပြုပြီး နောက်ပြောင်ကျီစားတဲ့ပုံစံ ရိုက်ကူးထားတာဖြစ်ပါတယ်။

Source: Orion Pictures

(၄) Barb And Star Go To Vista Del Mar

Bard နဲ့ ှStar လို့ ခေါ်တဲ့ ငယ်သူငယ်ချင်းနှစ်ဦး အသက်တွေကြီးရင့်လာတဲ့အခါ သူတို့မွေးရပ်မြေ မြို့ငယ်လေးကို ပထမဦးဆုံးအကြိမ် စွန့်ခွာပြီး Adventure ခရီး အစပြုဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူတို့ ကြုံတွေ့ရတဲ့ အခက်အခဲများကို ဟာသဆန်ဆန်ရိုက်ကူးထားတာဖြစ်ပါတယ်။

Source: Movieclips Trailer

(၃) The Mitchells Vs. The Machines

ဒါရိုက်တာ Mike Rianda ရိုက်ကူးထားတဲ့ ဟာသကာတွန်းကားလေးဖြစ်ပါတယ်။ မကြာခင်မှာ ကောလိပ်ကျောင်းသားဖြစ်လာတော့မယ့် Katie Mitchell နဲ့ သူမ အဖေ၊ အမေ၊ မောင်လေး မိသားစုတို့န့အတူ နိုင်ငံအနှံ့ ကားတစ်စီးနဲ့ ခရီးထွက်လာကြတာဖြစ်ပါတယ်။ သူတို့ ကြုံတွေ့ရတဲ့ အခက်အခဲများကို ဟာသများနှောကာ ရိုက်ကူးထားတာဖြစ်ပါတယ်။

Source: Netflix

(၂) Free Guy

ဟာသဉာဏ်ရွှင်တဲ့ မင်းသားချောကြီး Ryan Reynolds အဓိကပါဝင်သရုပ်ဆောင်ထားပြီး သူသည် ဗွီဒီယိုဂိမ်ထဲ ရောက်ရှိနေတာဖြစ်ကြောင့် ဒီမြို့ကြီးသည် ပျက်စီးတော့မှာဖြစ်ကြောင်း၊ သူပြောသမျှကို ဘယ်သူမှ မယုံကြည်ဘဲ ဘယ်လိုဟာသနှောပြီး ရိုက်ကူးထားသလဲဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ နံပါတ် (၂) နေရာမှာ ချိတ်ပါတယ်။

Source: 20th Century Studios

(၁) The Suicide Squad

ဒီကားကတော့ အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ အစိုးရသည် ဟာလေကွင်း အပါအဝင် အခြားသော စူပါဗီလိန်များကို အဖွဲ့ဖွဲ့စေကာ ရန်သူပတ်လည်ဝိုင်းနေသောCorto Maltese ကျွန်းပေါ်သို့ စေလွှတ်ခဲ့တာဖြစ်ပါတယ်။ အဆင့်မြင့်နည်းပညာများဖြင့် ပြုလုပ်ထားသော လက်နက်များ အသုံးပြုစေပြီး စူပါဗီလိန်များကို ကြီးကြပ်မယ့် Col. Rick Flag ကိုပါ စေလွှတ်ခဲ့ပါတယ်။ အက်ရှင်ကားများနှင့် ဟာသခန်းအချို့ ထည့်ပေးထားတဲ့အတွက်ကြောင့် ဒီဇာတ်ကားကတော့ ဒီနှစ်အတွင်းထွက်ရှိခဲ့တဲ့ ဟာသကားများအနက် နံပါတ် (၁) နေရာချိတ်တာဖြစ်ပါတယ်။

Source: Warner Bros. Pictures