Country တေးဂီတအမျိုးအစားသည် ၁၉၁၀ ခုနှစ်နှောင်းပိုင်းတုန်းက စတင်ပေါ်ပေါက်လာခဲ့တဲ့ သီချင်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။ သို့သော်လည်းပဲ Country တေးဂီတရယ်လို့ လူသိများလာတာကတော့ ၁၉၂၀ အစောပိုင်းလောက်မှသာ လူသိများလာတာဖြစ်ပါတယ်။

၁၉၁၀ နှောင်းပိုင်းကတည်းက စတင်ပေါ်ပေါက်လာခဲ့ပေမယ့်လည်း ပထမဦးဆုံး အသံသွင်းကာ Country တေးသီချင်းများကို စတင်ဖြန့်ချီခဲ့သူကတော့ Eck Robertson ဖြစ်ပြီး ၁၉၂၂ ခုနှစ်တွင် Victor တေးသီချင်းထုတ်လုပ်ဖြန့်ချီရေးမှ စတင်ဖြန့်ချီခဲ့တာဖြစ်ပါတယ်။

Country တေးသီချင်းများသည် ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ နားဆင်သူကို စိတ်ပျော်ရွှင်လာအောင် ဖန်တီးပေးနိုင်တဲ့ သီချင်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်အတွင်းမှာလည်း Country တေးသီချင်းအများအပြား ထွက်ရှိခဲ့တဲ့အနက်မှ လူကြိုက်အများဆုံး Country တေးသီချင်း (၁၀) ပုဒ်ကို တေးသီချင်းချစ်သူများအတွက် စုစည်းတင်ဆက်ပေးလိုက်ရပါတယ်။

(၁၀) Never Look Back – Warren Zeiders

(၉) Cold As You – Luke Combs

(၈) Chasing After You – Ryan Hurd

(၇) You Should Probably Leave – Chris Stapleton

(၆) Sand In My Boots – Morgan Wallen

(၅) ‘Til You Can’t – Cody Johnson

(၄) If I Didn’t Love You – Jason Aldean

(၃)  Buy Dirt – Jordan Davis

(၂) U Gurl – Walker Hayes

(၁) Fancy Like – Walker Hayes

Source: Countrythangdaily.com

Featured Image Source: Countryliving.com