အမျိုးသားတွေအတွက် ဖက်ရှင်အကျဆုံး အသုံးဆောင်တွေထဲမှာ ကောင်းဘွိုင်ဘွတ်ဖိနပ်တွေကလည်း ထိပ်ဆုံးက ပါဝင်ပါတယ်။ ကောင်းဘွိုင်ဘွတ်ဖိနပ်တွေဟာ ၇၀ ခုနှစ်လောက်ကစတင်ပြီး ကျေးလက်ဒေသ မွေးမြူရေးလုပ်ငန်းခွင်တွေကနေ နယူးယောက်ရဲ့ လမ်းမပေါ်တွေမှာ မြင်တွေ့ရတဲ့အထိ တစ်ထက်တစ်စ ဖက်ရှင်ရေစီးကြောင်းပေါ်မှာ လူကြိုက်များ ဝတ်ဆင်လာကြတာပဲ ဖြစ်ပါတယ်။

Jeans ဘောင်းဘီ ၊ ကောင်းဘွိုင် ဦးထုပ်တွေနဲ့ အများဆုံးတွဲဖက်ဝတ်ဆင်လေ့ပြီး အထာကျတဲ့ ကျေးလက်ဖက်ရှင်စတိုင်မျိုး ကြိုက်သူတွေအနေနဲ့တော့ သေချာပေါက် ဝတ်ဆင်သင့်တဲ့ ဘွတ်ဖိနပ်အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အထာကျချင်တဲ့ ကွီးတို့ဝယ်သင့်တဲ့ အကောင်းဆုံး အမျိုးသားဝတ် ကောင်းဘွိုင်ဘွတ်ဖိနပ် ၅ ရံကို ပြောပြပေးပါမယ်။

(၁) Ariat Double Down Western Boots

Ariat Double Down Western Boots

သေသပ်လှပပြီး ပြီးပြည့်စုံတဲ့စတိုင်မျိုး ဖန်တီးချင်တဲ့ အမျိုးသားတွေအတွက် အကောင်းဆုံး အမှတ်တံဆိပ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီဘွတ်ဖိနပ်ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၅၀၀ ကျသင့်မှာ ဖြစ်ပါတယ်။

(၂) Rhodes Footwear Roper Boots

Rhodes Footwear ဟာ စတိုင်မိုက်ပြီးအရည်သွေးကောင်းတဲ့  ဘွတ်ဖိနပ်တွေနဲ့ ဈေးကွက်ထဲမှာ နာမည်ကြီးတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။ ဒီဖိနပ်ကို Slim Black Denim Jeans ဘောင်းဘီးနဲ့ တွဲဖက်ဝတ်ဆင်မယ်ဆိုရင် လုံးဝပြီးပြည့်စုံတဲ့ ဖက်ရှင်အသွင်ပြင် မျိုးရစေမှာပါ။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၁၀ သာကျသင့်မှာ ဖြစ်ပါတယ်။

(၃) Tecovas Johnny Suede Cowboy Boots

ဒီဖိနပ်ကတော့ ရိုးရိုးရှင်းရှင်းနဲ့ လုံးဝစတိုင်ကျစေမှာဖြစ်ပြီး ဝတ်ဆင်ထားသူအနေနဲ့ သက်တောင့်သက်သာအပြည့်ရှိတဲ့ ဘွတ်ဖိနပ်တစ်ရံပဲ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၂၅၅ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

(၄) Laredo Lodi Western Boots

အကြမ်းခံရမယ် ၊ ဒီဇိုင်းဆန်းပြီး စတိုင်လည်းမိမိုက်ရမယ် ဈေးနှုန်းလည်း သက်သာရမယ်ဆိုသူတွေအတွက်တော့ Laredo ဘွတ်ဖိနပ်က ကွက်တိပါပဲ။ ဒေါ်လာ ၁၅၀ နဲ့ အထာကျကျ ရှိုးထုတ်နိုင်မှာ ဖြစ်ပါတယ်။

(၅) Dan Post Milwaukee Western Boots

မဟော်ဂနီရောင်အတိနဲ့ ဒီဘွတ်ဖိနပ်ကတော့ နက်ပြာရောင် Jeans ဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်လိုက်မယ်ဆိုရင် တကယ့်ကို ပြီးပြည့်စုံတဲ့ ဖက်ရှင်စတိုင်မျိုး ရရှိစေမှာအသေချာပါပဲ။ ဈေးနှုန်းကလည်း ၁၈၆ ဒေါ်လာသာ ကျသင့်မှာဖြစ်ပါတယ်။

Featured Photo : The Manual