ရာသီဥတုအေးပြီဆိုရင် တခြားအဝတ်အစားတွေထက် ဆွယ်တာပါးလေးတွေက အဝတ်ဗီရိုထဲမှာ မရှိမဖြစ် ထည့်ထားဖို့ လိုလာပြီ ဖြစ်ပါတယ်။ ဆွယ်တာဒီဇိုင်းထဲမှာ လည်ဝိုက် Crewneck မျိုးက ခေတ်မရိုးသလို ဝတ်ရတာ သက်တောင့်သက်သာရှိသလောက် ဝတ်လို့လည်း ကောင်းတာကြောင့် ဆောင်းတွင်းဖက်ရှင်အဖြစ် အဝတ်များကြပါတယ်။
ကျွန်တော်တို့ဆီမှာလို သိပ်မအေးတဲ့ဒေသမျိုးမှာတော့ Sweatshirt လောက်ကို ဂျာကင်နဲ့တွဲဝတ်နိုင်ပါတယ်။ ကော်လံမပါတဲ့ လည်ဝိုက် Sweatshirt ဝတ်ရတာ ကြိုက်သူတွေအတွက် ဒီတစ်ခေါက်မှာ အမျိုးသားဝတ် Crewneck Sweatshirt ကောင်းလေးတွေ ညွှန်းလိုက်ပါတယ်။
(၁) Marine Layer Jordan Crew Sweatshirt

Photo: The Manual
အပြင်ထွက်စရာ ရှိလို့ပဲ ဖြစ်ဖြစ် အိမ်မှာနေရင်းပဲ အလုပ် လုပ်လုပ် စမတ်ကျပြီး ဝတ်ရပေါ့ပါးတဲ့ ဆွယ်တာတစ်မျိုးက Marine Layer Jordan Crew Sweatshirt ပဲ ဖြစ်ပါတယ်။ Marine Layer ရဲ့ Block Color ဒီဇိုင်း ဆွယ်တာမျိုးက သက်တောင့်သက်သာရှိသလို ဝတ်လိုက်တိုင်း ကြည့်ကောင်းစေပါတယ်။ ဆောင်းကာလနဲ့ လိုက်တာမျိုး ရွေးချယ်ဖို့လည်း အကြံပြုချင်ပါတယ်။
(၂) Thom Browne Engineered 4-Bar Jersey Sweatshirt

Photo: The Manual
ဈေးကြီးပေမယ့် Thom Brown ထုတ် ဆွယ်တာတွေက အတော်ကြီး မိုက်ပါတယ်။တော်ရုံပွဲတွေ ဘာတွေတောင် တက်လို့ရတဲ့ ပရီမီယံအထည်မျိုး ဖြစ်ပါတယ်။ တန်ဖိုးကြီးသလောက် ဝတ်ရတာလည်း ခန့်ညားပြီး စိတ်တိုင်းကျစေမယ့်ဖက်ရှင်ပါ။ Thom Browne Engineered 4-Bar Jersey Sweatshirtက မီးခိုးရောင် ဂျာစီလက်ထိုးဆွယ်တာတစ်ထည်ဆိုတာထက် ပိုတဲ့ခံစားမှုကို ပေးနိုင်လို့ ပိုက်ဆံတတ်နိုင်ရင် စဉ်းစားသင့်တဲ့ ရွေးချယ်စရာပါပဲ။
(၃) Uniqlo x JW Anderson Cashmere Crewneck Sweater

Photo: The Manual
Uniqlo တွေက ဈေးသင့်ပြီး ပေးရတာနဲ့ တန်တဲ့ အထည်တွေ ထုတ်တဲ့ Brand ပါ။ လူတိုင်းဝတ်နိုင်တဲ့ ဈေးနဲ့ လာပြီး ဆောင်းတွင်းဘက်မှာ ရှိုးထုတ်ဖို့ အကောင်းဆုံး Uniqlo ဆွယ်တာတစ်မျိုးက Uniqlo x JW Anderson Cashmere ချည်ဆွယ်တာ ဖြစ်ပါတယ်။ Sweater အပါးဖြစ်လို့ သိပ်မအေးတဲ့ရာသီတွေမှာလည်း ဝတ်လို့ရမှာပါ။
(၄) KROST x Barneys NY Community Crewneck

Photo: The Manual
Crewneck ဆွယ်တာဒီဇိုင်းကြိုက်သူတွေအတွက် နောက်ထပ်ရွေးချယ်စရာ Brand တစ်ခုက KROST နဲ့ Barneys NY လက်လီဖက်ရှင်လုပ်ငန်းတို့ ပေါင်းပြီး ထုတ်ထားတဲ့ KROST x Barneys NY ထုတ်ကုန်တွေပါပဲ။ ဝါချည်သား ဂျာစီ Sweatshirt မျိုး ဖြစ်ပြီး Minimalist ဒီဇိုင်းနဲ့ ဆွဲဆောင်မှုရှိတဲ့ အရောင်အသွေးတွေကြောင့် အများအကြားမှာ ထင်ရှားပေါ်လွင်စေနိုင်ပါတယ်။
Featured Photo: The Manual
											
				
									
	
	
	
	
	
	