ကမ္ဘာကျော်အနုပညာရှင်တော်တော်များများသည် သရဖူတက်တူး ထိုးကြတဲ့အတွက်ကြောင့် သရဖူတက်တူးများသည် ယနေ့ခေတ်မှာ ရေပန်းစားလာသော တက်တူးတစ်ခုဖြစ်လာပါတယ်။ သရဖူတက်တူးရဲ့အဓိပ္ပာယ်ကတော့ စွမ်းအားကြီးခြင်းနှင့် သစ္စာရှိခြင်းကို ကိုယ်စားပြုပါတယ်။
သင့်အနေနဲ့ သရဖူချည်းပဲ သီးသန့်တက်တူးရေးထိုးနိုင်သလို နှင်းဆီပန်း၊ အရိုးခေါင်း (သို့) တောင်ပံ စတဲ့ တက်တူးများနှင့် ပေါင်းစပ်ကာ တက်တူးထိုးနိုင်ပါတယ်။ အချို့ကလည်း သရဖူပုံတက်တူးကို လက်ဖျံပေါ်မှာ ရေးထိုးကြသလို အချို့က ရင်အုပ်ပေါ် (သို့) လက်ကောက်ဝတ်ပေါ် (သို့) ကျောပြင်ပေါ်မှာ ရေးထိုးကြပါတယ်။
သင့်အကြိုက်ပေါ် မူတည်ပြီး ရေးထိုးထားနိုင်မယ့် သရဖူတက်တူးဒီဇိုင်းအမျိုးမျိုးကို ဖော်ပြပေးလိုက်ရပါတယ်။

Source: Toptrendsguide.com
