ဦးရေပြားပေါ်ရှိ ဆဲလ်သေများ ကွာကျလာခြင်းကို ဗောက်ထခြင်းကို ခေါ်ပြီး ဆံကေသာတွင် လုံလောက်သော အစိုဓာတ်မရရှိသောအခါ၊ ဦးရေပြား ယားယံခြောက်သွေ့သောအခါတွင် ဗောက်ထတတ်ပါတယ်။ လူတိုင်းလူတိုင်း ရာသီဥတုမရွေး ဗောက်ထတတ်ပါတယ်။
ဗောက်ထတတ်တဲ့ ယောကျာ်းများအနေနဲ့ ကိုယ့်ရဲ့ ဗောက်ကြောင့် ယုံကြည်ချက် ပျောက်ဆုံးနေတာမျိုး (သို့) ကိုယ် အင်မတန်မှ နှစ်သက်မြတ်နိုးတဲ့ အင်္ကျီအနက်ရောင်နှင့် အခြားသော အရောင်ရင့်အဝတ်အစားများ ဝတ်ဆင်လို့မရဖြစ်နေလို့ စိတ်ညစ်နေတယ်ဆိုရင်တော့ နည်းလမ်းကောင်းလေးတစ်ခု ရှိပါတယ်။
ထိုနည်းလမ်းကောင်းကတော့ ဗောက်ပျောက်ဖို့ရန်အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်များ အသုံးပြုဖို့ပါပဲ။
ဘယ်ခေါင်းလျှော်ရည်တွေက ဗောက်အတွက်အကောင်းဆုံးလဲဆိုတာ ဆက်လက်ကြည့်ရှု့လိုက်ရအောင်။
American Crew
ဒီတံဆိပ်ကတော့ ဗောက်ပျောက်စေပြီး ပျက်စီးနေတဲ့ ဆံကေသာများကို ပြန်လည်သန်စွမ်းလာအောင် ကူညီပေးတဲ့အပြင် ဆံပင်ထူထဲလာအောင်လည်း ကူညီပေးပါတယ်။ ၂၅၀ မီလီလီတာဘူးကို ၉ ဒေါ်လာနဲ့ ဝယ်ယူရရှိနိုင်ပါတယ်။
Recipe For Men
ဒီခေါင်းလျှော်ရည်လေးကတော့ ဆွီဒင်နိုင်ငံထုတ်ခေါင်းလျှော်ရည်လေးဖြစ်ပြီး ဦးရေပြားပေါ်ရှိ မှိုပြဿနာများကို ဖယ်ရှားပေးကာ ဗောက်ပျောက်အောင် ကူညီပေးပါတယ်။ ဈေးနှုန်းကတော့ ၂၂ ဒေါ်လာဖြစ်ပါတယ်။
Sachajuan
ဒီခေါင်းလျှော်ရည်ထဲမှာ ရို့စ်မေရီအဆီ၊ မီသနော၊ ဂျင်းမှ ရရှိတဲ့ အနှစ်များ စတဲ့ ဆေးဖက်ဝင်ပစ္စည်းများနဲ့ သဘာဝနည်းလမ်းဖြင့် ဖော်စပ်ထားတဲ့အတွက်ကြောင့် ဦးရေပြားအတွက် လိုအပ်တဲ့ အာဟာရများကို ပေးစွမ်းပါတယ်။ ဆံကေသာကို ပိုမိုနူးညံ့ချောမွတ်ချင်တယ်၊ ပိုမိုထူထဲပြီး ရေဓာတ်ပြည့်ဝချင်တယ်ဆိုရင်တော့ ခေါင်းလျှော်ပြီးတဲ့အခါ Conditioner လေးပါ တွဲသုံးပေးလိုက်ပါ။
Head & Shoulders
ဒီတံဆိပ်ကတော့ အမျိုးသားများအားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ သူ့ကိုတော့ ၁၉၆၁ ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့ပြီး ထိုအချိန်ကတည်းက နာမည်ကောင်းနဲ့ ရပ်တည်နေတဲ့ ခေါင်းလျှော်ရည်တစ်မျိုးပဲ ဖြစ်ပါတယ်။ 2 in 1 အမျိုးအစားဖြစ်တဲ့အတွက်ကြောင့် Conditioner ထပ် မသုံးချင်သူများ၊ အချိန်ကုန်သက်သာချင်သူများအနေနဲ့ ဗောက်အတွက်ရော Conditioner အဖြစ်ပါ အသုံးပြုနိုင်ပါတယ်။
Amazon ကနေ ဝယ်ယူမယ်ဆိုရင်တော့ ၂၀ ဒေါ်လာဖြင့် ပေးဝယ်ရပါလိမ့်မယ်။
Neutrogena T/Gel
Neutrogena သည်လည်း ယခုနောက်ပိုင်းမှာ ဈေးကွက်ထဲတွင် နာမည်ရလာပြီး လူကြိုက်များလာတဲ့ တံဆိပ်တစ်မျိုးဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ အရေပြားအထူးကုပညာရှင်များက ဗောက်အတွက်ဆိုလျှင် ဒီအမျိုးအစားကို အသုံးပြုသင့်ကြောင်း အကြံပေးထားတဲ့ နံပါတ် (၁) ခေါင်းလျှော်ရည်ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၈ ဒေါ်လာပါ။
Botany Tea Tree Oil
ဗောက်နှင့် ပတ်သက်လာလျှင် Tea Tree Oil သည် အကောင်းဆုံးဆေးဖက်ဝင်တစ်ခုဖြစ်ပါတယ်။ သင့်ဆံကေသာကို ခေါင်းလျှော်ပြီးတဲ့အခါ ဗောက်လည်း ပျောက်ချင်တယ်၊ Tea Tree Oil ရဲ့ အနံ့ မွှေးမွှေးလေးလည်း ကျန်နေခဲ့စေချင်တယ်ဆိုရင်တော့ Botany ရဲ့ Tea Tree Oil ခေါင်းလျှော်ရည်ကို အသုံးပြုလိုက်ပါ။ သူ့ကိုတော့ Amazon ကနေ မှာမယ်ဆိုရင် ၂၅ ဒေါ်လာ ပေးဝယ်ရပါလိမ့်မယ်။
Source: Themanual.com
Featured Image Source: Allthingshair.com