မျက်နှာက အဆီအရမ်းပြန်လို့ စိတ်ညစ်နေပါသလား။ မျက်နှာအဆီပြန်ခြင်းကို သက်သာပျောက်ကင်းချင်တဲ့ ယောကျာ်းများအတွက် မိမိအိမ်မှာ အလွယ်တကူ အသုံးပြုနိုင်မယ့် နည်းလမ်းကောင်းအချို့ကို ဝေမျှပေးချင်ပါတယ်။
မုန့်ဖုတ်ဆိုဒါနှင့် ပန်းသီးရှာလကာရည် အသုံးပြုပါ

Photo Source: Arenicandoldplace.com
မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်း (သို့) ၃ ဇွန်းခန့်ကို ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် သမအောင် ရောနှောလိုက်ပါ။ ထို့နောက် သင့် လက်ချောင်းလေးများဖြင့် မျက်နှာပေါ် သုတ်လိမ်းလိုက်ပါ။ ၁၀ မိနစ် (သို့) မိနစ် ၂၀ ခန့်ကြာမှ ရေအေးအေးဖြင့် မျက်နှာသစ်လိုက်ပါ။ မျက်နှာကို ညင်သာစွာ သုတ်ပြီးတဲ့နောက်မှာတော့ Moisturizer လေး လိမ်းကျံပေးလိုက်ပါ။
ဒီနည်းလမ်းကိုတော့ တစ်ပတ်လျှင် တစ်ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။
ငှက်ပျောသီးနှင့် ပေါင်းတင်ပါ
![]()
Photo Source: Healthline.com
ငှက်ပျောသီးမှည့်တစ်လုံးကို ခက်ရင်းဖြင့် ချေမွလိုက်ပါ။ ထို့နောက် ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် ရောနှောလိုက်ပါ။ ထို့နောက် သံပုယိုရည် (သို့) သံပုရာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းဖြင့် ထပ်မံရောနှောလိုက်ပါ။ ပြီးရင်တော့ မျက်နှာပေါ် သုတ်လိမ်းလိုက်ပါ။ ၁၅ မိနစ်ခန့်ကြာမှ ရေအေးအေးဖြင့် မျက်နှာသစ်လိုက်ပါ။
ခရမ်းချဉ်သီးဖြင့် ပေါင်းတင်နည်း

Photo Source: India.com
ခရမ်းချဉ်သီးမှည့် တစ်ခြမ်းကို အနှစ်များရလာအောင် ချေမွလိုက်ပါ။ ထို့နောက် သံပုယိုရည် လက်ဖက်ရည်ဇွန်း တစ်ဝက်ဖြင့် သမအောင် ရောနှောလိုက်ပါ။ ထို့နောက် ဝါဂွမ်းစကို ခရမ်းချဉ်သီးအရည်ထဲ ထည့်နှစ်ပြီးနောက် မျက်နှာတစ်ပြင်လုံးတွင် သုတ်လိမ်းလိုက်ပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့်ကြာမှ ရေအေးအေးဖြင့် မျက်နှာသစ်လိုက်ပါ။
ထို့နောက် Moisturizer ဖြင့် မျက်နှာအစိုဓာတ် ထိန်းသိမ်းထားနိုင်အောင် သုတ်လိမ်းထားဖို့လည်း လိုအပ်ပါသေးတယ်။
အထက်ဖော်ပြပါနည်းလမ်း (၃) မျိုးထဲက မိမိကြိုက်နှစ်သက်ရာ နည်းလမ်းတစ်မျိုးမျိုးဖြင့် တစ်ပတ် တစ်ကြိမ် (သို့) နှစ်ကြိမ်ခန့် ပြုလုပ်တဲ့အခါ တစ်လကြာပြီးတဲ့နောက်မှာတော့ သင့်မျက်နှာက အဆီပြန်ခြင်း ကင်းဝေးသွားပါလိမ့်မယ်။
Source: Lifehack.org
