ကမ္ဘာပေါ်တွင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများသည် မရေမတွက်နိုင်အောင် များပြားလွန်းလှပြီး ထိုပလတ်စတစ်စွန့်ပစ်ပစ္စည်းများသည် နှစ်ပေါင်းအတော်ကြာသည်အထိ မပျက်မစီးမဆွေးမမြည့်ဘဲ သဘာဝပတ်ဝန်းကျင်ကို ဒုက္ခပေးနေတာဖြစ်ပါတယ်။

မကြာသေးမှီကမှ ပြုလုပ်ထားတဲ့ စမ်းသပ်ချက်အရ ပင်လယ်ထဲတွင် စွန့်ပစ်ပလတ်စတစ်အမှိုက်များ ၈၅ ရာခိုင်နှုန်းခန့် စုပုံနေကြောင်း သိရှိရပါတယ်။ ထိုပလပ်စတစ်အမှိုက်များကြောင့် ရေနေသတ္တဝါများရဲ့အသက် မဆုံးရှုံးသင့်ဘဲ ဆုံးပါးနေကြရပါတယ်။

ထိုအချက်များကြောင့် အချို့ကုမ္ပဏီများသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရာရောက်အောင် ပလတ်စတစ်ထုတ်ကုန်များကို လျော့ချကာ Eco-Friendly ထုတ်ကုန်များကို အစားထိုးထုတ်လုပ်လာကြပါတယ်။ ထိုထဲတွင် ယောကျာ်းများအတွက် မရှိမဖြစ်လိုအပ်တဲ့ မုတ်ဆိတ်ရိတ်စက်များလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

သင်သည်လည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျော့ပါးသက်သာချင်တယ်ဆိုရင်တော့ ဘယ်မုတ်ဆိတ်ရိတ်တံတွေက ပလတ်စတစ်မပါဘဲ သဘာဝကုန်ကြမ်းများနှင့်သာ ထုတ်လုပ်ထားသလဲဆိုတာကို သိဖို့တော့ လိုပါလိမ့်မယ်။

AkHippy

Best Eco-Friendly Razors for Men

ဒီမုတ်ဆိတ်ရိတ်တံသည် ၄ ဒေါ်လာပဲ ကုန်ကျမှာဖြစ်ပါတယ်။ အလက်စကာရှိ ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီး ဘလိတ်ဓားသွားကတော့ ဆွီဒင်နိုင်ငံထုတ် Stainless Steel ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ လက်ကိုင်နဲ့ ဘလိတ်ဓားအိမ်ကိုတော့ ဂျုံပင်ကရရှိတဲ့ မာကျောကျစ်လျစ်တဲ့ ဂျုံရိုးနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။

Schick Xtreme 3 Eco Glide

Best Eco-Friendly Razors for Men

ဒီတံဆိပ်ကတော့ စွန့်ပစ်ပလပ်စတစ်ကို ပြန်လည်အသုံးပြုကာ ထုတ်လုပ်ထားတဲ့ မုတ်ဆိတ်ရိတ်တံပဲဖြစ်ပါတယ်။ သူ့ရဲ့ထုတ်ကုန်သည် ပြန်လည်အသုံးပြုနိုင်တဲ့ Recycled ပလပ်စတစ်များဖြင့် ရာနှုန်းပြည့် အသုံပြုထားတာဖြစ်ပါတယ်။ ပစ္စည်းထုတ်ပိုးတာကအစ Recycled ပလပ်စတစ်နဲ့ အသုံးပြုထားတာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၈ ဒေါ်လာပါ။

Shavegreen Bioshave

Best Eco-Friendly Razors for Men

ဓားသွားရာ ၃ ခု ပါဝင်ပြီး လက်ကိုင်နဲ့ ဘလိတ်ဓားအိမ်ကအစ အပင်ကရရှိတဲ့ ကုန်ကြမ်းများနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ ဘလိတ်ဓားကိုတော့ သံချေးမကိုက်စေမယ့် စတီးလ်နဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၁၈ ဒေါ်လာ ပေးဝယ်ရမှာဖြစ်ပါတယ်။

Cartridge Razors

Best Eco-Friendly Razors for Men

ဒီမုတ်ဆိတ်ရိတ်ဂျုတ်ကတော့ လက်ကိုင်အစ ထုတ်ပိုးမှုအဆုံး သဘာဝပတ်ဝန်းကျင်မထိခိုက်စေမယ့် ကုန်ကြမ်းများနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ တန်ဖိုးကတော့ ဒေါ်လာ ၂၀ ပေးချေရမှာဖြစ်ပါတယ်။

Preserve Shave

Best Eco-Friendly Razors for Men

သူကတော့ လက်ကိုင်အရောင် (၆) မျိုးနဲ့လာပြီး မိမိနှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ တစ်ခုဝယ်ယူပါက Refill ပြန်လည်ပြုလုပ်နိုင်မယ့် ဘလိတ်ဓားအိမ် (၅) ခု ပါဝင်တာဖြစ်ပါတယ်။ ဘလိတ်ဓားအိမ်ကိုတော့ ပြန်လည်အသုံးပြုလို့မရပေမယ့် လက်ကိုင်ကိုတော့ Recycle ပြန်လုပ်နိုင်ပါတယ်။ ဈေးနှုန်းကတော့ ၁၃ ဒေါ်လာ ပေးချေရမှာဖြစ်ပါတယ်။

Bulldog

Best Eco-Friendly Razors for Men

သူ့တန်ဖိုးကတော့ ဒေါ်လာ ၂၀ ရှိပါတယ်။ သူသည်လည်းပဲ Refill ထပ်လုပ်လို့ရမယ့် ဘလိတ်ဓားအိမ် (၅) ခုပါဝင်ပါတယ်။ သူ့ရဲ့လက်ကိုင်ကတော့ ဘီယာဘူးကို ပြန်လည်အသုံးပြုကာ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အရောင်ကတော့ အစိမ်းရောင်လက်ကိုင်နှင့် အပြာရောင်လက်ကိုင်ဆိုပြီး နှစ်မျိုး ထုတ်လုပ်ထားပါတယ်။

Source: Themanual.com

Featured Image Source: The Telegraph