ယနေ့ခေတ်မှာ လူငယ်တွေကြား ရေပန်းစားလာတဲ့ တေးဂီတအမျိုးအစားတစ်ခုကတော့ Electronic Dance Music လို့ အတိုကောက်ခေါ်ကြတဲ့ EDM တေးဂီတပဲဖြစ်ပါတယ်။ မြူးမြူးကြွကြွနဲ့ ခုန်ပေါက်ပျော်မြူးလို့ရတဲ့ တေးဂီတဖြစ်တာကြောင့် EDM Festival ဂီတပွဲတော်တွေကလည်း နိုင်ငံနှင့်အဝန်း အများအပြားကျင်းပဆင်နွှဲလာကြပါတယ်။

တစ်စတစ်စ တိုးပွားလာတဲ့ ဂီတအမျိုးအစားအသစ်အမျိုးမျိုး ပေါ်ထွက်လာသလို ထိုဂီတအပေါ် ရူးသွပ်ကြတဲ့ ဂီတပညာရှင်တွေကလည်း တစ်ယောက်ပြီးတစ်ယောက် အပြိုင်အဆိုင် ပေါ်ထွက်လာကြတာပဲဖြစ်ပါတယ်။ လူတစ်ကိုယ် အကြိုက်တစ်မျိုးစီရှိကြတာကြောင့် တစ်ယောက်နဲ့တစ်ယောက်ကြိုက်နှစ်သက်ကြတဲ့ ဂီတပညာရှင်တွေကလည်း မတူကြပါဘူး။ EDM လောကထဲမှာ ထင်ပေါ် ကျော်ကြားအောင်မြင်နေတဲ့ DJ အများအပြားရှိကြတဲ့အနက် လူကြိုက်များကျော်ကြားတဲ့ DJ Artists များကို ဖော်ပြပေးလိုက်ရပါတယ်။

၁၅။ Paul Oakenfold

၁၄။ Carl Cox

၁၃။ Avicii

၁၂။ Above & Beyond

၁၁။ Skrillex

၁၀။ Hardwell

၉။ David Guetta

၈။ Calvin Harris

၇။ Deadmau5

၆။ Paul Van Dyk

၅။ Swedish House Mafia

၎။ Tïesto

၃။ Eric Prydz

၂။ Armin Van Buuren

၁။ Daft Punk

EDM ချစ်သူတို့ရော အခုဖော်ပြပေးသွားတဲ့ အနုပညာရှင်တွေထဲက ဘယ်တစ်ယောက်ကို အကြိုက်ဆုံးလဲ။ ဒီထဲမှာ မဖော်ပြပေးထားတဲ့ အမိုက်စား DJ သမားတွေလည်း အများကြီးကျန်သေးတာကြောင့် ကွီးတို့အကြိုက်ဆုံး DJ Artists တွေကရော ဘယ်သူများဖြစ်မလဲဆိုတာကို ပြောပြခဲ့ကြပါဦးနော်။

Source: themusicessentials.com