အားလုံးပဲ မင်္ဂလာပါ။ အလှအပဆိုတာ မိန်းကလေးတွေနဲ့ပဲ သက်ဆိုင်တာမဟုတ်ဘဲ အမျိုးသားတွေလည်း ကြိုက်လို့ရပါတယ်။ ဘယ်သူမဆိုတော့ ကိုယ့်ရဲ့အသားအရေလေး ကြည်လင်လှပနေတာကိုပဲ လိုချင်ကြတာပါ။ ဒါပေမယ့်လည်း လေထုညစ်ညမ်းမှုတွေ၊ ချွေးတွေ၊ ဖုန်အညစ်အကြေးတွေကြောင့် အပြင်ထွက်လိုက်တာနဲ့ ကိုယ့်ရဲ့မျက်နှာအသားအရေကို ထိခိုက်စရာတွေနဲ့ ကြုံတွေ့ရပါတော့တယ်။

ထိုအခါမှာ အသားအရေခြောက်တာ၊ ချွေးပေါက်ပိတ်တာ၊ အဆီပြန်တာ စတဲ့ အသားအရေဆိုင်ရာ ပြဿနာတွေပေါ်ပေါက်လာပြီး အသားအရေလည်း ညစ်ညူးလာကာ ဘယ်လိုမှကြည့်မကောင်းနိုင်တော့ပါဘူး။

ဒီလိုပြဿနာတွေအတွက် လွယ်ကူတဲ့ဖြေရှင်းချက်လေးတစ်ခုကတော့ မျက်နှာပေါင်းတင် ပေးတာပါပဲ။ အသုံးပြုတဲ့အခါမှာလည်း ပစ္စည်းအမျိုးမျိုးရှိတာကြောင့် ဘယ်အမျိုးအစားက ဘာအတွက်ကောင်းစေလဲဆိုတာကို အခုပဲဖော်ပြပေးလိုက်ရပါတယ်။

စိုပြေမှုရှိစေဖို့ မျက်နှာပေါင်းတင်ကပ်ခွာ

Source: The Independent

ခြောက်သွေ့မည်းညစ်တဲ့ အသားအရေကို ပြန်လည်စိုပြေလာစေဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ မျက်နှာပေါင်းတင်ကပ်ခွာလေးတွေ သုံးပေးတာပါပဲ။ အချိန် ၁၅ မိနစ်နဲ့ မိနစ် ၃၀ ပေးဖို့သာလိုအပ်ပြီး ထိုကပ်ခွာလေးတွေသုံးပေးခြင်းက အိုမင်းရင့်ရော်ခြင်းကို သက်သာစေပြီး အသားအရေကိုလည်း အေးမြစေပါတယ်။

နေလောင်ဒဏ်နှင့် ယားယံခြင်းတို့အတွက် ရှားစောင်းလက်ပတ်ပေါင်းတင်နည်း

Source: lifealth.com

ရှားစောင်းလက်ပတ်ထဲမှာပါဝင်တဲ့ Anti-inflammatory အစွမ်းသတ္တိတွေက နေလောင်ဒဏ်တွေကို သက်သာစေပြီး အသားအရေကိုလည်း ချောမောစေပါတယ်။ ဒါ့အပြင် ချွေးပေါက်တွေကိုလည်း မပိတ်အောင် ကူညီပေးနိုင်ပါသေးတယ်။

မျက်နှာအသားအရေမညီညာတာနဲ့ အကွက်ကွက်တွေအတွက် ဗီတာမင်စီ မျက်နှာပေါင်းတင်နည်း

Source: Rodial

ဗီတာမင်စီပါဝင်တဲ့ မျက်နှာပေါင်းတင်နည်းကို အသုံးပြုပေးခြင်းက မညီမညာဖြစ်နေတဲ့ သင့်အသားအရေကို ပြန်ညီလာစေအောင် ကူညီပေးနိုင်သလို နေလောင်ဒဏ်ကြောင့်ဖြစ်ပေါ်နေတဲ့ မျက်နှာပေါ်က အကွက်ကွက်တွေကိုလည်း ပျောက်ကင်းစေမှာပါ။

အဆီပြန်တဲ့အသားအရေအတွက် ရွံ့စေးမျက်နှာပေါင်းတင်နည်း

Source: The Idle Man

အကယ်လို့ သင့်အသားအရေဟာ အဆီပြန်တတ်လေ့ရှိတယ်ဆိုရင်တော့ ရွံ့စေးမျက်နှာပေါင်းတင်ခြင်းကို တစ်ပတ်နှစ်ကြိမ်ပြုလုပ်ပေးပါ။ မျက်နှာအဆီထွက်ခြင်းနှင့် အဆီပြန်တာကြောင့် မျက်နှာကြီးပြောင်နေတာကိုလည်း သက်သာစေမှာဖြစ်ပါတယ်။ ရွံ့စေးနဲ့ မျက်နှာပေါင်းတင်ပြီးသည့်အခါမှာလည်း အသားအရေကို အစိုဓာတ်ပေးနိုင်ဖို့အတွက် Moisturizer သုံးဖို့မမေ့ပါနဲ့။

Featured Image Source: spy.com