အမြင်အာရုံကောင်းမွန်ချင်တဲ့ ယောကျာ်းများအတွက် များများစားသုံးပေးသင့်တဲ့ အစားအစာများရှိပါတယ်။ ထိုအစားအစာများကို ပုံမှန်စားသုံးပေးပါက အသက်အရွယ်ကြောင့် အမြင်အာရုံဝေဝါးလာခြင်းမှ ကာကွယ်ပေးပြီး မျက်မှန်သမားများအတွက်လည်း မျက်စိအားကောင်းလာအောင် ကူညီပေးပါတယ်။

ဘယ်အစားအစာတွေက အမြင်အာရုံစူးရှထက်မြက်လာအောင် ကူညီပေးလည်းဆိုတော့ …

ငရုတ်ပွအနီကို အစိမ်းစားပါ

food for men to have good eyesight

ငရုတ်ပွများတွင် ဗီတာမာင်စီများ ကြွယ်ဝစွာပါဝင်ပြီး ထိုဗီတာမင်စီသည် မျက်စိသွေးကြောများအတွက် အထူးကောင်းမွန်တာကြောင့် သိပ္ပံပညာရှင်များက မျက်စိတိမ်စွဲခြင်းမှ ကာကွယ်ပေးတယ်လို့လည်း အကြံပြုထားပါတယ်။ ငရုတ်ပွအနီလိုမျိုး အာနိသင်တူတဲ့ အစားအစာတွေကတော့ မုန်ညှင်းထုပ်အသေးစား၊ ပန်းဂေါ်ဖီ၊ သင်္ဘောသီးနဲ့ စတော်ဘယ်ရီတို့ပဲဖြစ်ပါတယ်။

ဒါပေမဲ့ ငရုတ်ပွအနီကို အပူပေးလိုက်တဲ့အခါ သူ့ရဲ့ ဗီတာမင်စီဓာတ်များ ပြိုကွဲသွားတဲ့အတွက်ကြောင့် ဖြစ်နိုင်မယ်ဆိုရင်တော့ အစိမ်းစားပေးသင့်ပါတယ်။ အခြားသော ငရုတ်ပွများထဲတွင်တော့ မျက်စိအတွက်အထူးကောင်းမွန်တဲ့ ဗီတာမင်အေနှင့် အီးတို့ ပါဝင်ပါတယ်။

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ

food for men to have good eyesight

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ကိုက်လန်၊ ဟင်းနုနွယ်စတဲ့ ဟင်းသီးဟင်းရွက်များထဲတွင် ဗီတာမင်စီနှင့် အီးတို့ ပါဝင်ပြီး မျက်စိတိမ်စွဲခြင်း၊ အမြင်အာရုံဝေဝါးခြင်းတို့မှ ကာကွယ်ပေးပါတယ်။ များများစားသုံးပေးပါက မျက်စိအတွက် အထူးကောင်းမွန်စေပါတယ်။

ဆော်လမွန်ငါး

food for men to have good eyesight

သင့်ရဲ့မျက်ကြည်လွှာသည် အိုမီဂါသရီး ဖက်တိအက်စစ်များ လိုအပ်ပါတယ်။ ထိုအာဟာရဓာတ်ကိုတော့ ဆော်လမွန်ငါး၊ တူနာငါးနှင့် အခြားသော ပင်လယ်စာ အစားအစာများထံမှ ရရှိနိုင်ပါတယ်။ ထိုအာဟာရဓာတ်သည် မျက်ခမ်းစပ်ခြင်း၊ မျက်ရည်ပူကျခြင်းနှင့် မျက်စိခြောက်ခြင်းတို့မှ ကာကွယ်ပေးပါတယ်။

ကန်စွန်းဥ

food for men to have good eyesight

လိမ္မော်ရောင် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများဖြစ်တဲ့ ကန်စွန်းဥ၊ မုန်လာဥနီ၊ သရက်သီး စတဲ့ အစားအစာများသည် Beta-Carotene ဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ဗီတာမင်အေဓာတ်များ ရရှိအောင် ကူညီပေးပါတယ်။ ဗီတာမင်အေသည် သင့်မျက်စိကို အမှောင်ထဲမှာ ကောင်းကောင်းမြင်ရအောင် စွမ်းဆောင်ပေးနိုင်ပါသေးတယ်။

ပဲအမျိုးမျိုး

food for men to have good eyesight

သင့်အနေနဲ့ လိမ္မော်ရောင် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများကို မနှစ်သက်ဘူး။ ဒါပေမဲ့ ညဘက် အမှောင်ထဲတွင် ကောင်းကောင်းမွန်မွန်မြင်ရချင်တယ်ဆိုရင်တော့ ဇင့်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ပဲအမျိုးမျိုးကို အစားထိုးမှီဝဲနိုင်ပါတယ်။

ဥအမျိုးမျိုး

food for men to have good eyesight

ကြက်ဥထဲတွင် ပါဝင်တဲ့ ဇင့်ဓာတ်သည် အန္တရာယ်များပြီး စူးရှလွန်းသော အပြာရောင်အလင်းတန်းကြောင့် မျက်ကြည်လွှာ ပျက်စီးခြင်းမှ ကာကွယ်ပေးပြီး အမြင်အာရုံ မပျက်စီးအောင် ကာကွယ်ပေးပါတယ်။ ကြက်ဥအနှစ်ရဲ့ လိမ္မော်ဝါရောင်အနှစ်က သင့်မျက်လုံးကို အန္တရာယ်များတဲ့ အလင်းတန်းများကို တားဆီးပိတ်ပင်ပေးပါတယ်။

Source: Webmd.com

Featured Image Source: Eyerx.com