သွားတွေဟာ နေ့စဉ်ဘဝအတွက် အလွန်အရေးပါတဲ့ နေရာကနေပါဝင် နေပါတယ်။ သွားကျန်းမာရေးအတွက် တစ်နှစ်ကို သွားဆရာဝန်နဲ့ အနည်းဆုံး ၂ ကြိမ်လောက်ပြသင့်တယ်လို့ ကျွမ်းကျင်သူတွေက ပြောထားကြပါတယ်။ သွားကျန်းမာရေးအတွက် သွားဆရာဝန်တွေအပြင် မိမိကိုယ်ကို ဂရုစိုက်ဖို့လည်းလိုပါသေးတယ်။ ဒီနေ့မှာတော့ သွားကျန်းမာရေးအတွက် ထောက်အကူပြုတဲ့ အစားအစာတွေကို ဖော်ပြပေးသွားမှာပါ။
(၁) အစိမ်းရောင်အရွတ်များ

Source : Freepik
အစိမ်းရောင်ရှိတဲ့အရွတ်များ ဥပမာ ကိုက်လန်၊ ဆလပ်ရွတ် နဲ့ အခြား အရွတ်တွေဟာ ကျန်းမာရေးအတွက်စားသုံးပေးသင့်တဲ့ အရွတ်တွေပါ။ဒီအရွတ်တွေထဲမှာကယ်လိုရီပါဝင်မှုနှုန်း နည်းပြီးတော့ ကျန်းမာရေးအတွက်လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာက်တွေပါဝင်ပါတယ်။ ပြီးတော့ ကယ်လ်ဆီယမ်လည်းပါဝင်တာကြောင့် သွားကျန်မားရေးအတွက် အလွန်အသုံးဝင်ပါတယ်။
(၂) ပန်းသီး

Source : Freepik
ပန်းသီးတွေမှာ အမျှင်ဓာက်နဲ့ရေဓာက်ကြွယ်ဝစွာ ပါဝင်တာကြောင့် သွားကြားတွေထဲမှာ ကျန်နေတဲ့ အစာတွေကို ဖယ်ပေးတဲ့နေရာမှာ အထောက်အကူပြုပါတယ်။နောက်ကောင်းကျိုးတခုကတော့ ပန်းသီးကိုမျိုချနိုင်ဖို့အတွက် အချိန်ကြာကြာဝါးရတာပါပဲ။ ဒီလိုဝါးခြင်းအားဖြင့် သွားတွေ ပျက်စီးခြင်းကိုဖြစ်စေတဲ့ သကြား၊ အက်စစ် နဲ့ ဘက်တီးရီးယားတွေ ရန်ကနေကာကွယ်ပေးတဲ့ သွားရည်တွေကို ထုတ်ပေးပါတယ်။
(၃) ရေ

A glass of water macro shot
Source : Freepik
သန့်ရှင်းကျန်းမာတဲ့ ခံတွင်းနဲ့သွားတွေကို လိုချင်လား။ ဒါဆိုရင်တော့ ရေများများသောက်ပေးပါ။ရေမှာ ဖလူအိုရိုက်ဒ်ပါဝင်တာကြောင့် သွားတွေအခေါင်းပေါက် ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ ပြီးတော့ရေဟာ ခံတွင်းထဲက အစာအကြွင်းအကျန်တွေကို သန့်ရှင်းပေးပါတယ်။ပြီးတော့ ရေဟာ သွားရည်အတွက် မရှိမဖြစ် ရင်းမြစ်တခုဖြစ်တာကြောင့် ကျန်းမာတဲ့ သွားတွေကို လိုချင်ရင် ရေများများသောက်ပေးကြပါလို့ အကြံပေးလိုက်ပါရစေ။
(၄) ဗာဒံစေ့

Source : Freepik
ဗာဒံစေ့တွေဟာအစိမ်းရောင်အရွတ်တွေလိုပဲ ပရိုတင်းနဲ့ကယ်လ်လိုရီပါဝင်ပြီး သကြားပါဝင်မှုနည်းတာကြောင့် သွားကျန်းမာရေးအတွက် စားပေးသင့်ပါတယ်။ ဗာဒံစေ့တွေက အချိန်အကြာကြီး ဝါးရတာကြောင့်လည်း သွားအတွက်အရေးပါတဲ့ သွားရည်တွေကိုထုတ်ပေးပါသေးတယ်။ ဗာဒံစေ့ စားရတာမကြိုက်ဘူးဆိုရင်လည်း almond milk သောက်လို့ရပါတယ်။ almond milk မှာလည်းသွားတွေအတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်၊ ပရိုတင်းနဲ့ ဗီတာမင် ဒီ ပါဝင်ပါတယ်။
