ယနေ့ခေတ်မှာ အသားအရေထိန်းသိမ်းတဲ့လုပ်ငန်းစဉ်တွေကို အမျိုးသမီးတွေသာမက အမျိုးသားတွေလည်း အထူးစိတ်ဝင်စားပြုလုပ်လာကြပါပြီ။ အမျိုးသမီးဖြစ်စေ အမျိုးသားဖြစ်စေ လူတစ်ယောက်အတွက် အသားအရေနုပျိုလှပခြင်းဆိုတာကလည်း ဆွဲဆောင်မှုရှိခြင်းတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့်ဒီနေ့မှာတော့ ကျန်းမာနုပျိုတဲ့ အသားအရေပိုင်ရှင်ဖြစ်ဖို့ ကူညီပေးမယ့် အစားအစာတွေအကြောင်း တင်ဆက်ပေးချင်ပါတယ်။

(၁) အဆီများတဲ့ငါး

Source : Outsmart Your Diabetes

ဆော်လမွန် နှင့် မက်ကရယ်ကဲ့သို့ ပင်လယ်ငါးတွေမှာ အသားအရေကိုကျန်းမာနုပျိုစေတဲ့ အဆီဓာတ်များနှင့် အိုမီဂါ (၃) ဖက်တီးအက်စစ်တို့ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် အသားအရေအတွက် အရေးကြီးဆုံးဓာတ်တိုးဆန့်ပစ္စည်းတစ်ခုဖြစ်တဲ့ ဗီတာမင်း E အရင်းအမြစ်လည်းဖြစ်ပါတယ်။ ဗီတာမင်အီး လုံလောက်စွာစားသုံးပေးခြင်းက အိုမင်းရင့်ရော်ခြင်း အသားအရေ ရောင်ရမ်းပျက်စီးခြင်းတို့ကိုကောင်းစွာကာကွယ်ပေးမှာဖြစ်ပါတယ်။

(၂) ထောပတ်သီး

Source : Real Appeal

ထောပတ်သီးတွေမှာလည်း ခန္ဓာကိုယ်အတွက်အကျိုးပြုစေတဲ့ အဆီဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ အဆီဓာတ်လုံလောက်စွာရရှိခြင်းက အသားအရေကို စိုပြေချောမွေ့မှုတွေ ပေးစွမ်းပါတယ်။ ဒါ့အပြင် ထောပတ်သီးမှာ နေရောင်ခြည်ဒဏ်ကိုကာကွယ်ပေးတဲ့ ဒြပ်ပေါင်းများပါဝင်နေတာကြောင့် ခရမ်းလွန်ရောင်ခြည်မှတဆင့် အရေးအကြောင်းများပေါ်ဖြစ်ခြင်း အိုမင်းရင့်ရော်ခြင်းတွေကို ကာကွယ်ပေးမှာဖြစ်ပါတယ်။

(၃) ကန်စွန်းဥ

Source : Macheesmo

ကန်စွန်းဥဟာ Beta Carotene ဓာတ်များစွာရနိုင်တဲ့အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ Beta Carotene ဓာတ်ဟာ ဟင်းသီးဟင်းရွှက်နှင့် စားပင်သီးပင်များတွင်အများဆုံးရနိုင်တဲ့ ဓာတ်တစ်မျိုးဖြစ်ပြီး မုန်လာဥ၊ ဟင်းနုနွယ်ရွက်တို့တွင်လည်း ရရှိနိုင်ပါတယ်။ အဆိုပါ Beta Carotene ဓာတ်က အသားအရေးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပြိး အရေပြားဆဲလ်များသေဆုံးခြင်း နေလောင်ခြင်း အသားအရေခြောက်သွေ့ကြမ်းတမ်းခြင်းတွေကို ကာကွယ်ပေးပြီး သဘာဝအတိုင်း နုပျိုတဲ့အသားအရေကိုရစေပါတယ်။

(၄) ပန်းဂေါ်ဖီစိမ်း

Source : Reader’s Digest

ဘရိုကိုလီလို့ လူသိများတဲ့ ပန်းဂေါ်ဖီစိမ်းတွေမှာ အသားအရေကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓတ် ဇင့်ဓာတ် ဗီတာမင် A ဗီတာမင် C ဓာတ်များ အမြောက်အများပါဝင်ပါတယ်။ ဒါ့အပြင် Beta Carotene ဓာတ်ကဲ့သို့အသားအရေကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ Lutein ဓာတ်များလည်းပါဝင်ကာ အဆိုပါ Lutein က အသားအရေခြောက်သွေ့စေပြီး အရေးအကြောင်းများကိုဖြစ်ပေါ်စေတဲ့အခြေအနေမှ ကာကွယ်ပေးနိုင်ပါတယ်။