လူတော်တော်များများက အသက်ကြီးလာသည်နှင့်တပြိုင်နက် ဆံကေသာကို အရင်ကထက် ပိုမိုကျန်းမာသန်စွမ်းချင်ကြပါတယ်။ စိတ်ဝင်စားစရာကောင်းတာတစ်ခုကတော့ လူသားတွေရဲ့ဆံပင်က တစ်လလျှင် လက်မဝက်ခန့်ရှည်ကြပြီး တစ်နှစ်လျှင်တော့ ၆ လက်မခန့် ရှည်နိုင်တယ်ဆိုတာပါပဲ။ ဒါပေမဲ့ ဆံပင်ရှည်နှုန်းက အသက်အရွယ်၊ ကျန်းမာရေး၊ မျိုးရိုးဗီဇနှင့် စားသောက်မှုပေါ် မူတည်နေပါသေးတယ်။

အသက်အရွယ်နှင့် မျိုးရိုးဗီဇအရ ဆံပင်သန်စွမ်းနှုန်းကိုတော့ သင် မထိန်းချုပ်နိုင်ပေမယ့် စားသောက်မှုစနစ်ကိုတော့ သင် ထိန်းချုပ်လို့ရနိုင်ပါတယ်။ သင်က အာဟာရလုံလောက်စွာ မရရှိခြင်းကြောင့် ဆံပင်ကျွတ်ရတယ်ဆိုရင်တော့ ဆံကေသာ ပြန်လည်ကျန်းမာသန်စွမ်းလာအောင် အစားအသောက်နဲ့ ထိန်းချုပ်နိုင်ပါတယ်။ ဆံကေသာ ကျန်းမာသန်စွမ်းချင်တဲ့ ယောကျာ်းများအတွက် မှီဝဲစားသုံးသင့်တဲ့ အစားအစာများကတော့ …

ဥအမျိုးမျိုး

healthy food for men

Photo Source: Eatthis.com

ကြက်ဥ၊ ဘဲဥ စတဲ့ ဥအမျိုးမျိုးမှာ ဆံကေသာ ကျန်းမာသန်စွမ်းဖို့အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်နှင့် Biotin ဓာတ် နှစ်မျိုးစလုံး ပါဝင်ပါတယ်။ ထိုအာဟာရဓာတ်နှစ်မျိုးစလုံး ချို့တဲ့ပါက သင့်ဆံကေသာက အရှည်နှေးမှာဖြစ်ပြီး ဆံပင်လည်း တဖြည်းဖြည်းနဲ့ ပါးလာတတ်ပါတယ်။

ဘယ်ရီသီးအမျိုးမျိုး

healthy food for men

Photo  Source: drfuhrman.com

ဘယ်ရီသီးများမှာ ဆံပင်သန်စေတဲ့ ဗီတာမင်နှင့် အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ စတော်ဘယ်ရီသီးမှာဆိုရင်လည်း ဗီတာမင်စီဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ထိုဗီတာမင်စီက ကောလဂျင်ဓာတ်များ ထုတ်လုပ်နိုင်ရန်နှင့် သံဓာတ်စုပ်ယူမှုအားကောင်းစေရန် ကူညီပေးပါတယ်။ ထိုမှတဆင့် ဆံပင်အရှည်မြန်အောင်၊ ဆံပင်မကျွတ်အောင် ကူညီပေးပါလိမ့်မယ်။

ဟင်းနုနွယ်

healthy food for men

Photo Source: Food.ndtv.com

ဟင်းနုနွယ်ထဲတွင် ဆံပင်သန်စွမ်းဖို့အတွက် ကူညီပေးမယ့် ဖောလိတ်ဓာတ်၊ သံဓာတ်၊ ဗီတာမင် အေ၊ ဗီတာမင် စီ စတဲ့ ကောင်းကျိုးပေးသော အာဟာရဓာတ်များ ပါဝင်ပါတယ်။ သင့်ခန္ဓာကိုယ်တွင် လုံလောက်တဲ့ ဗီတာမင်အေဓာတ် မရရှိပါက ဆံပင်ကျွတ်သွားနိုင်တာအောင် ဟင်းနုနွယ်ကို များများစားသုံးပေးသင့်ပါတယ်။

အိုမီဂါသရီး ဖက်တိအက်ဆစ်ကြွယ်ဝစွာပါဝင်တဲ့ငါးများ

healthy food for men

Photo Source: Bebeautiful.com

ဆော်လမွန်ငါး၊ မက်ကရယ်ငါးများသည် အိုမီဂါသရီး ဖက်တိအက်ဆစ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ဆံကေသာကျန်းမာသန်စွမ်းအောင် ကူညီပေးနိုင်ပါတယ်။

ကန်စွန်းဥ

healthy food for men

Photo Source: Medicalnewstoday.com

ဗီတာမင်အေဓာတ်များနှင့် ပြည့်ဝနေတဲ့ ကန်စွန်းဥက ဦးရေပြားတွင် သွေးလှည့်ပတ်မှုကောင်းအောင် အောက်ဆီဂျင်ရရှိအောင် ကူညီပေးတဲ့အတွက်ကြောင့် သင့်ရဲ့ဆံကေသာလည်း ကျန်းမာသန်စွမ်းလာပါလိမ့်မယ်။

ထောပတ်သီး

healthy food for men

Photo Source: Restek.com

ထောပတ်သီးထဲမှာကတော့ ဗီတာမင်အီးဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ ထိုဗီတာမင်အီးသည် ဆံကေသာ သန်စွမ်းအောင် ကူညီပေးတဲ့ Antioxidants တစ်မျိုးဖြစ်ပြီး ဆံပင် သန်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။

Source: Healthline.com