သွေးတိုးခြင်းကို သက်သာပျောက်ကင်းဖို့ရန်အတွက် အငန်ဓာတ်များနှင့် ကြာရှည်ခံအစားအစာများကို လျော့စားရမယ်လို့သာ တွေးထင်တတ်ကြပါတယ်။ ဒါပေမဲ့ နှလုံးအားကောင်းဖို့ရန်အတွက် ကူညီပေးတဲ့အစားအစာများသည်လည်း သွေးတိုးခြင်းကို သက်သာပျောက်ကင်းစေတယ်ဆိုတာကိုတော့ မေ့လျော့နေတတ်ကြပါတယ်။

အသီးအရွက်နဲ့ ဟင်းသီးဟင်းရွက်များ၊ အဆီထုတ်ထားတဲ့ နို့နှင့်နို့ထွက်ပစ္စည်းများ၊ အမျှင်ဓာတ်ကြွယ်ဝသောအစားအစာများသည်လည်း နှလုံးအားကောင်းစေရုံသာမကဘဲ သွေးတိုးရောဂါအတွက်လည်း ကောင်းမွန်စေတာကြောင့် များများစားသုံးပေးသင့်ပါတယ်။

ဘယ်လိုအစားအစာများကို အဓိကထား စားသုံးသင့်သလဲဆိုတော့

ငှက်ပျောသီး

food for men with hypertension

ငှက်ပျောသီးများသည် ပိုတက်စီယမ်ဓာတ် ကြွယ်ဝစွာပါဝင်ပြီး အမျှင်ဓာတ်များလည်း ကြွယ်ဝတဲ့အတွက်ကြောင့် သွေးတိုးရောဂါအတွက်ရော နှလုံးရောဂါအတွက်ပါ အထူးကောင်းမွန်ပါတယ်။

ဘယ်ရီသီးများ

food for men with hypertension

၂၀၁၅ ခုနှစ်၊ မတ်လတွင် လေ့လာတွေ့ရှိထားသော လေ့လာချက်အရ ဘလူးဘယ်ရီးသီးများ တစ်နေ့လျှင် တစ်အောင်စခန့် စားသုံးခြင်းသည် သွေးတိုးရောဂါကို လျော့ချပေးနိုင်တယ်လို့ သိရှိရပါတယ်။

သကြားမုန်လာ

food for men with hypertension

ဘလူးဘယ်ရီသီးများကဲ့သို့ပင် သကြားမုန်လာသည်လည်း နိုက်ထရစ်အောက်ဆိုင်ဒ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် သွေးတိုးခြင်းမှ သက်သာစေပြီး သုတေသနလေ့လာချက်အရတော့ သကြားမုန်လာဖျော်ရည်သည်လည်း သွေးတိုးခြင်းကို သက်သာစေတယ်လို့ သိရှိရပါတယ်။

ကန်စွန်းဥ

food for men with hypertension

ကန်စွန်းဥကတော့ ဘက်စုံအသုံးတည့်တဲ့ ဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်။ ပိုတက်စီယမ်နှင့် မဂ္ဂနီစီယမ်တို့ ကြွယ်ဝစွာပါဝင်တဲ့ ကန်စွန်းဥသည် အမျှင်ဓာတ်လည်း ကြွယ်ဝတဲ့အတွက်ကြောင့် နှလုံးအားကောင်းစေပြီး သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးပါတယ်။

ဆော်လမွန်ငါး

food for men with hypertension

ဆော်လမွန်ငါး၊ မက်ကရယ်ငါးတို့သည် အိုမီဂါသရီး ဖက်တိအက်ဆစ်တို့ ကြွယ်ဝစွာပါဝင်ပြီး ရောင်ရမ်းခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဗီတာမင်ဒီဓာတ်လည်း ကြွယ်ဝတဲ့အတွက်ကြောင့် ခန္ဓာကိုယ်က ကယ်လ်စီယမ်ဓာတ်ကို အပြည့်အဝစုပ်ယူနိုင်တဲ့အတွက်ကြောင့် စိတ်ဖိစီးမှုမှလည်း လျော့ချပေးတဲ့အပြင် သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

ထောပတ်သီး

food for men with hypertension

ထောပတ်သီးများတွင် ကယ်လ်စီယမ်ဓာတ်၊ မဂ္ဂနီစီယမ်ဓာတ်နှင့် ပိုတက်စီယမ်ဓာတ်တို့ ကြွယ်ဝစွာပါဝင်ပီး ထောပတ်သီးတစ်လုံးကို နေ့စဉ် ပုံမှန်စားသုံးပေးခြင်းအားဖြင့် တစ်နေ့တာအတွက် လိုအပ်တဲ့ ပိုတက်စီယမ်ဓာတ်ကို ရရှိနိုင်ပါတယ်။

Source: Menshealth.com