စိတ်မကြည်မလင်ဖြစ်တဲ့အခါ စိတ်ညစ်စရာတွေများလာတာတဲ့အခါတိုင်းမှာ အစားအသောက်တွေနဲ့ ကုစားနိုင်တယ်ဆိုတာ သင်သိပါသလား။ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ သုတေသန အဆိုပြုချက်တွေအရ အစားအစာတစ်ချို့ဟာ လူတွေရဲ့ ဦးနှောက်စွမ်းဆောင်ရည်ကိုမြင့်တက်စေပြီး ပျော်ရွှင်ခြင်း စိတ်သက်တောင့်သက်သာဖြစ်ခြင်းတွေကို ပေးစွမ်းတယ်လို့ သိရပါတယ်။ ဘယ်လိုအစားအစာတွေက သင့်ရဲ့စိတ်ကိုပျော်ရွှင်စေလဲဆိုတာ လေ့လာကြည့်ရအောင်။
(၁) ဘယ်ရီးသီး
Source : Growing Produce
စိတ်ပျော်ရွှင်စေတဲ့ အစားအစာတွေထဲမှာ ဘယ်ရီးသီးတွေက ထိပ်ဆုံးကပါဝင်ပါတယ်။ စတော်ဘယ်ရီ ဘလူးဘယ်ရီ ရက်စ်ဘယ်ရီးကဲ့သို့ ဘယ်ရီသီးတွေမှာ anthocyanidins နဲ့ anthocyanins ဓာတ်များပါဝင်ပြီး ၎င်းဓာတ်တွေက စိတ်ကျခြင်း နှင့် စိတ်ဖိစီးမှုဒဏ်တွေကိုလျော့နည်းစေပြီး စိတ်ကိုပျော်ရွှင်လန်းဆန်းစေပါတယ်။
(၂) ဆယ်လ်မွန်
Source : The Travel Bite
ဆယ်လ်မွန်ငါးစားသုံးခြင်းဖြင့် ကိုယ်ခန္ဓာအတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်းဓါတ်တွေနဲ့ အိုမီဂါ ၃ ကဲ့သို့ကျန်းမာတဲ့ အဆီဓါတ်တွေကို ကြွယ်ကြွယ်ဝဝရရှိစေပါတယ်။ အိုမီဂါ ၃ က လူတွေရဲ့စိတ်ကိုတည်ငြိမ်အေးချမ်းစေပြီး စိတ်မပျော်ရွှင်ခြင်း စိုးရိမ်ပူပန်စိတ်များခြင်း စတဲ့အခြေအနေတွေမှ လွတ်ကင်းစေနိုင်ပါတယ်။
(၃) ဒိန်ချဉ်
Source : Chatelaine
ဒိန်ချဉ်မှာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် ကိုယ့်ခံအားစနစ်ကို ထူးခြားကောင်းမွန်စေတဲ့ probiotics များအများအပြားပါရှိပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်းဓာတ် ကယ်လ်ဆီယမ်ဓာတ်များလည်းပါဝင်တာကြောင့် အရိုးအဆစ်နှင့် ကြွက်သားများကို သန်မာစေမှာဖြစ်ပါတယ်။ ဒိန်ချဉ်ဟာ ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်အတွက်လည်း အထောက်အပံ့ဖြစ်စေတဲ့ ကျန်းမားရေးဓာတ်စာတစ်မျိုးဖြစ်ပါတယ်။
(၄) ချောကလက်
Source : Human Window
ကျန်းမာရေးနှင့်ညီညွှတ်ပြီး ကလေးရောလူကြီးပါ ကြိုက်နှစ်သက်တဲ့အစားအစာတစ်ခုက ချောကလက်ပါ။ အဓိကအားဖြင့် အမဲရောင်ချောကလက်ဟာ ကျန်းမာရေးအတွက် ပိုကောင်းပြီး အမဲရောင်ချောကလက်မှာပါဝင်တဲ့ phenylethylamine က ဦးနှောက်ရဲ့ endorphins ဟော်မုန်းဓာတ်ထုတ်လုပ်မှုကို တွန်းအားဖြစ်စေတာကြောင့် စိတ်တည်ငြိမ်ခြင်း လန်ဆန်းတက်ကြွခြင်း ပျော်ရွှင်ခြင်းတွေကို ခံစားရစေတာဖြစ်ပါတယ်။