ညသန်းခေါင်ကျမှ ဗိုက်ဆာတတ်တဲ့အဖြစ်မျိုး လူတိုင်း ကြုံတွေ့ဖူးကြပါတယ်။ ညဘက်တရေးနိုး ဗိုက်ဆာပေမယ့် ကယ်လိုရီတက်ပြီး အဝလွန်မှာစိုးလို့ အစား မစားရဲကြပါဘူး။ ဒါပေမဲ့ အခုဖော်ပြပေးမယ့် အစားအစာတွေကတော့ ကယ်လိုတက်လာမှာကို စိတ်ပူစရာမလိုတာကြောင့် စိတ်ချလက်ချ စားသုံးနိုင်ပါတယ်။ ညနက်မှ ညစာ စားလေ့စားထရှိသူများအနေနဲ့လည်း အခုဖော်ပြပေးမယ့် အစားအစာများကို စားသုံးနိုင်ပါတယ်။

ငါး

fish for men

အိုမီဂါသရီး ဖက်တိအက်ဆစ် ကြွယ်ဝစွာပါဝင်တဲ့ ဆော်လမွန်ငါးများ၊ တူနာငါးများ၊ မက်ကရယ်ငါးများသည် အသင့်တော်ဆုံး ညလယ်စာတစ်ခုပါပဲ။ ထိုအစားအစာများသည် သင့်ရဲ့အာရုံကြောကို ကောင်းစွာအလုပ်လုပ်နိုင်အောင် ကူညီပေးမှာဖြစ်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါလိမ့်မယ်။

ဥအမျိုးမျိုး

egg for men

ကြက်ဥ၊ ဘဲဥ၊ ငုံးဥ စသည်တို့သည် ပရိုတင်းဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ကယ်လိုရီလည်း အများကြီး မပါပါဘူး။ ညသန်းခေါင် သရေစာမုန့်အတွက် ကြက်ဥပြုတ်၊ ငုံးဥပြုတ်တို့က အသင့်တော်ဆုံးပဲဖြစ်ပါတယ်။

ပျားရည်

honey for men

ပျားရည်ထဲမှာလည်း ကယ်လိုရီအများအပြား မပါဝင်ပါဘူး။ ဒါ့အပြင် အိပ်စက်မှုကို လှုံ့ဆော်ပေးတဲ့ဟော်မုန်းများ ထုတ်လွှတ်ပေးတဲ့အတွက်ကြောင့် သင့်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ ကူညီပေးပါလိမ့်မယ်။

ငှက်ပျောသီး

banana for men

ငှက်ပျောသီးများသည် အရသာရှိရုံသာမကဘဲ ပိုတက်စီယမ်နှင့် Tryptophan ဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့လည်း ညီညွှတ်ပါတယ်။ ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့ ငှက်ပျောသီးက သင့်ရဲ့အိပ်စက်မှုအတွက်လည်း အထောက်အကူပြုပါတယ်။

ဒိန်ချဉ်

yogurt for men

လူကြီးရော ကလေးပါ ကြိုက်နှစ်သက်တဲ့အစားအစာတစ်ခုထဲမှာ ဒိန်ချဉ်သည်လည်း တစ်ခုအပါအဝင်ပါပဲ။ ကယ်လ်စီယမ်ဓာတ် ကြွယ်ဝတဲ့ဒိန်ချဉ်သည် အရိုးအဆစ်နှင့် သွားများကို ခိုင်ခံ့စေပြီး မနက်နိုးထလာတဲ့အခါ အစား အလွန်အကျွံစားချင်စိတ်ကိုလည်း ထိန်းချုပ်ပေးပါတယ်။

Source: Lifehack.org