မနက်စာဆိုတာ တစ်နေကုန်အင်အားပြည့်ဖြိုးပြီး လန်းဆန်းတက်ကြွနေစေဖို့အတွက် အရေးကြီးဆုံး တစ်နပ်လို့လည်းပြောလို့ရပါတယ်။ မနက်စာကို စနစ်တကျ မမှီဝဲဘူးဆိုရင် တစ်နေ့လုံး အဆင်ပြေနေမှာမဟုတ်သလို ကျန်းမာရေးကိုလည်း ထိခိုက်စေမှာပါ။ ကောင်းမွန်ပြည့်ဝတဲ့အာဟာရဓာတ်ရစေဖို့ မနက်ခင်းတွင် စားသုံးပေးသင့်သော အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဥအမျိုးမျိုး

Source: Chicago Tribune

မနက်ခင်းစာတွေမှာ ဥတစ်မျိုးမျိုးကို စားသုံးပေးသင့်ပါတယ်။ ဥတွေဟာ ဗိုက်ပြည့်စေတဲ့အကျိုးကျေးဇူးပြင် ကယ်လိုရီပါဝင်မှုလည်းနည်းတာမို့ ကျန်းမာရေးအတွက် ဝိတ်ချနေသူတွေအတွက် အဆင်ပြေတာပေါ့။ ပြီးတော့ သွေးတွင်း သကြားပါဝင်မှုနှုန်းကိုလည်း ထိန်းညှိပေးပါသေးတယ်။

(၂) ဒိန်ချဉ်

Source: Food Network

သဘာဝ ဒိန်ချဉ်တွေက ပရိုတိန်းကြွယ်ဝပြီး ဗိုက်လည်းပြည့်စေပါတယ်။ အချိုများတဲ့ ဒိန်ချဉ်တွေ ပြုပြင်ထားတဲ့ ဒိန်ချဉ်တွေ စားသုံးဖို့ကိုတော့ အားမပေးချင်ပါဘူး။

(၃) အသီးအနှံများ

Source: Food Network

မိမိနှစ်သက်ရာ သစ်သီးဝလံတွေကို မနက်ခင်းပိုင်းမှာ မနက်စာအဖြစ်မှီဝဲမယ်ဆိုရင် ကျန်းမာရေးကောင်းမွန်စေနိုင်သလို ကိုယ်အလေးချိန်လည်း လျော့ကျစေနိုင်ပါတယ်။ ဝိတ်ချနေသူတွေအတွက် အသင့်လျော်ဆုံးနည်းလမ်းပါ။ သီးနှံတွေကနေ ဗီတာမင်၊ ပရိုတိန်းနဲ့ ပိုတက်ဆီယမ်တွေ ရရှိနိုင်ပါတယ်။

(၄) အုတ်

 

Source: WebMD

အုတ်ဂျုံကိုတော့ ကွေကာအုတ်တွေကနေတဆင့် မှီဝဲနိုင်ပါတယ်။ ကွေကာအုတ်ကြိုက်တတ်သူတွေအတွက်တော့ သတင်းကောင်းပေါ့။ ဖိုက်ဘာပါဝင်မှုများသလို antioxidants လည်း ကြွယ်ဝတာမို့ ကျန်းမာရေးအတွက် အသင့်လျော်ဆုံး မနက်စာတစ်မျိုးပါပဲ။