လုပ်ငန်းခွင်မှာဖြစ်စေ၊ မိသားစုဘ၀မှာဖြစ်စေ ကြိုးစားရုန်းကန်နေရသူများရဲ့ အားလပ်ချိန်ဟာ အတော်ရှားပါးလှပါတယ်။ အရမ်းလည်းအဖိုးတန်ပါတယ်။ ဒီလိုရှားပါးအဖိုးတန်တဲ့ အားလပ်ချိန်တွေကို ဘယ်လိုနည်းလမ်းတွေနဲ့ အကောင်းဆုံးအနားယူကြမလဲ။

အေးအေးလူလူစာဖတ်ကြမယ်

Source: Metro

စာဖတ်ခြင်းဟာ ဦးနှောက်အနားယူခြင်းတစ်မျိုးပါပဲ။ လုပ်ငန်းဆောင်တာတွေနဲ့ပိနေတဲ့ ဦးနှောက်ကို စာအုပ်တွေထဲ ခရီးထွက်ခိုင်းလိုက်သလိုပါပဲ။ အသိအမြင်တွေတိုးပွားပြီး စိတ်ပင်ပန်းမှုတွေကို လျှော့ချပေးနိုင်ပါလိမ့်မယ်။

အားကစားနည်း တစ်ခုခုလုပ်ကြမယ်

Source: wattieink.com

ရေကူးတာမျိုး၊ စက်ဘီးစီးတာမျိုး စတဲ့ကိုယ်ကြိုက်နှစ်သက်တဲ့ အားကစားနည်းတစ်မျိုးမျိုးကို လုပ်ဆောင်ကြည့်လိုက်ပါ။ ပေါ့ပါးလန်းဆန်းပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်မျှတပါလိမ့်မယ်။

မိသားစု၊ သူငယ်ချင်းတွေနဲ့ခရီးတွေ ထွက်ကြမယ်

Source: newwomanindia.com

စိတ်တိုင်းကျခရီးစဉ်တွေကို ဖန်တီးလိုက်ပါ။ ကိုယ်ချစ်ခင်ရတဲ့မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ တပျော်တပါးကြီးခရီးသွားလိုက်ပါ။ ဒေသန္တရဗဟုသုတတွေ တိုးပွားတဲ့အပြင် စိတ်ကြည်လင်လန်းဆန်းမှုတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။