အသီးအနှံတွေဟာ ကိုယ်ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်များရရှိနိုင်တဲ့အကောင်းဆုံး အရင်းအမြစ်တွေဖြစ်တဲ့အပြင် အမျှင်ဓါတ်လည်းပေါကြွယ်ဝပါတယ်။ ဒါ့အပြင် ကျန်းမာရေးကိုမြှင့်တင်ပေးနိုင်တဲ့ antioxidant များစွာကို ထောက်ပံ့ပေးပြီး အရသာလည်းရှိပါတယ်။ ဒီနေ့မှာတော့ ခန္ဓာကိုယ်ကျန်းမာရေးအတွက်အထောက်အကူပေးတဲ့ သစ်သီး (၅)မျိုး အကြောင်းပြောပြပေးချင်ပါတယ်။

(၁)  စတော်ဘယ်ရီသီး

Source: Yates

စတော်ဘယ်ရီဟာ ရေဓါတ်ပါဝင်မှုများစွာပါတဲ့ အနီရောင်အရည်ရွှမ်းအသီးဖြစ်ပါတယ်။ စတော်ဘယ်ရီအစေ့မှာ အမျှင်ဓါတ် (fiber) များစွာပါဝင်ပါတယ်။ ဒါ့အပြင် စတော်ဘယ်ရီမှာ တခြားကောင်းမွန်တဲ့ဗီတာမင်နဲ့ သတ္တုဓါတ် များစွာ လည်းပါဝင်ပါတယ်။ လေ့လာမှုတခုအရတပတ်မှာ သုံးကြိမ် (ဒါမှမဟုတ်) သုံးကြိမ်ထက်ပိုပြီး အန်သို ဆိုင်ရာနင်(anthocyanin) ဓါတ်မြင့်မားတဲ့ စတော်ဘယ်ရီ(သို့) ဘလူးဘယ်ရီစားသုံးပေးတဲ့ အမျိုးသမီးတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေနည်းတာကိုတွေ့ရပါတယ်။

(၂) ပန်းသီး

Source : New Food magazine

ပန်းသီးဟာ အလွယ်တကူနဲ့ မြန်မြန်ဆန်ဆန်စားနိုင်တဲ့ အသီးတမျိုးပါ။ ပန်းသီးရဲ့အသားမှာတင်မကအခွံမှာပါ ကောင်းမွန်တဲ့အရဟာဓါတ်တွေပါဝင်ပါတယ်။ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်တဲ့အတွက် နှလုံးကျန်းမာရေးကို ကောင်းစေပြီး ကိုယ်အလေးချိန်ကျစေပါတယ်။ ဒါ့အပြင် အူလမ်းကြောင်းကျန်းမာရေးကိုလည်း ကောင်း မွန်စေပါတယ်။ သုတေသနုပြုချက်အရ ပန်းသီးကိုပုံမှန်စားပေးခြင်းက နှလုံးသွေးကြောဆိုင်ရာရောဂါ၊ ကင်ဆာရောဂါအချို့နဲ့ ဆီးချိုရောဂါဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေတယ်လို့ဆိုပါတယ်။

(၃) သံပုရိုသီး

Source : Eat This, Not That

ကျန်းမားရေးအကျိုးကျေးဇူးတွေအများကြီးရှိတဲ့ ရှောက်သီး (သို့) သံပုရာသီး (သို့) သံပုရိုသီးတွေကို ရိုးရာကုထုံးတွေမှာတောင် မကြာခနအသုံးပြုလေ့ရှိပါတယ်။ ရှောက်သံပရာမျိုးရင်းဝင်အသီးတွေအားလုံးမှာ ဗီတာမင် စီ နဲ့ အင်တီအောက်ဆီးဒင့်အလွန်ကြွယ်ဝစွာပါဝင်ပါတယ်။ အင်တီအောက်ဆီးဒင့်က လူ့ကျန်းမာရေး အတွက်မရှိမဖြစ်လိုအပ်ပြီး ကင်ဆာလိုရောဂါဖြစ်စေနိုင်တဲ့ ခန္ဓာကိုယ်တွင်းရှိဆဲလ်တွေကိုတောင်ဖယ်ရှားပေး နိုင်ပါတယ်။

(၄) နာနတ်သီး

Source : Hospitality Dental & Orthodontics

နာနတ်သီးဟာထူးခြားတဲ့အသီးတမျိုးဖြစ်ပြီး ရောင်းရမ်းခြင်းကိုလျော့ချပေးကာ ခန္ဓာကိုယ်အတွက်ကောင်းမွန်တဲ့ တစ်ရှူးထုတ်လုပ်မှုကို အထောက်အကူပြုပါတယ်။ နာနတ်သီးတွေမှာ ခန္ဓာကိုယ်ရဲ့အရိုးနဲ့ တစ်ရှူးတွေတည် ဆောက်တဲ့နေရာမှာအသုံးပြုတဲ့ မန်ဂနိစ်များစွာပါဝင်ပါတယ်။ နာနတ်သီးမှာပါဝင်တဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများစွာကြောင့် အာဟာရဖြည့်စွက်အစားအစာအနေနဲ့ စားသုံးကြတာဖြစ်ပါတယ်။

(၅) လိမ္မော်သီး

Source : Everyday Health

လိမ္မော်သီးဟာ ချိုတဲ့အရသာရှိတဲ့ ရှောက်သံပုရာမျိုးရင်းဝင်အသီးဖြစ်ပြီး ဗီတာမင်၊ သတ္တုဓါတ်များစွာဖြင့် ဖွဲ့စည်း ထားပါတယ်။ လိမ္မော်သီးမှာ ဗီတာမင်စီအကြွယ်ဝဆုံးအသီးတွေထဲကတခုဖြစ်ပြီး သူ့မှာပါဝင်တဲ့အမျှင်ဓါတ်က အူမကြီးကင်ဆာကိုကာကွယ်ပေးနိုင်ပါတယ်။