ဖုန်းနဲ့ ဂိမ်းဆော့တယ်ဆိုတာ အဆန်းမဟုတ်ပါဘူး။ IPhone တွေ မပေါ်ခင် Nokia 3310 ကလေးကတည်းက Snake ဂိမ်းဆော့ခဲ့တာပဲ မဟုတ်လား။ ဒါပေမယ့်လည်း နောက်ပိုင်းထွက် RAM/Processor/CPU စတဲ့ Resources တွေ မြင့်လာတဲ့ ဖုန်းတွေမှာမှ Call of Duty Mobile တို့ Fortnite တို့လို တကယ့် Heavy Gaming Apps တွေကို ချောချောမွေ့မွေ့ ကစားလာနိုင်တာပါ။

အခုဆို Gaming သီးသန့် အထူးထုတ်ထားတဲ့ စမတ်ဖုန်းတွေတောင် ထွက်လာပါပြီ။ ဒီဖုန်းတွေက အကောင်းဆုံး Gaming Experience ကို ပေးနိုင်အောင် ထုတ်ထားတာဖြစ်ပြီး ဈေးလည်း အတော်လေးမြောက်တဲ့ Flagship တန်းဝင်ဖုန်းတွေပါ။ ဒီလို Gaming ဖုန်းတွေထဲမှာ ၂၀၂၁ ထွက် အမိုက်စား Gaming Smartphone တချို့အကြောင်း ဖော်ပြလိုက်ပါတယ်။

(၁) Asus ROG Phone 5

Asus ROG Phone 5

Photo: 10-raisons

ROG (Republic Of Gamers) စီးရီးနဲ့ Asus က Gaming ဖုန်းတွေ ၊ မော်နီတာနဲ့ တခြား Gaming Accessories တွေ ထုတ်ပါတယ်။ ROG Phone ဆိုပြီး ထွက်လာတဲ့ ဂိမ်းဖုန်းတွေထဲမှာ ဒီနှစ်ထွက် Asus ROG Phone 5 ဟာ ဂိမ်မာတွေအကြိုက် Functions နဲ့ ဆန်းသစ်တီထွင်မှုတွေ သုံးထားပါတယ်။ ၆.၇၈ လက်မ 144Hz AMOLED Screen ကြောင့် ဂိမ်းတွေ အထစ်အငေါ့မရှိ ကစားနိုင်ပြီး နှစ်ဆန်းပိုင်းက ထွက်ထားတဲ့ အမြင့်စား Snapdragon 888 5G SoC နဲ့ လာပါတယ်။ RAM 12GB/16GB ဆိုပြီး ထွက်ထားလို့ ၂၀၂၁ အတွက် RAM အမြင့်ဆုံးဖုန်းလို့ ဆိုရမှာပါ။

ကျောဘက်မှာ 64MP ပါ သုံးလုံးတွဲကင်မရာနဲ့အတူ RGB Light Panel နဲ့ ဖုန်းဘောင် Pressure Sensitive Zones လို ဂိမ်းခလုတ်နေရာတွေ ပါရှိပါတယ်။ ထိပ်တန်း Features တွေ ပါရှိတဲ့အပြင် အကြီးစား 6000mAh ဘက်ထရီပါဝါ ၊ 65W Fast Charging ပါတာတွေကလည်း ဒီဖုန်းရဲ့ အားသာချက်တစ်ခုပါပဲ။ ရှည်လျားပြီး Weight စီးတာ ၊ ပူလွယ်တာ နဲ့ ဗူးထဲမှာ Cooler မပါတာလေးကတော့ ပြောစရာဖြစ်နေပါတယ်။

(၂) Red Magic 6S Pro

Red Magic 6S Pro

Photo: techspot

Gaming Display အနေနဲ့ အကောင်းဆုံးဖုန်းတစ်လုံးလို့ ဆိုနိုင်တာက Red Magic 6S ဖြစ်ပါတယ်။ ၆.၈ လက်မဆိုဒ် Screen ဟာ အလွန့်ကို မြန်ဆန်သွက်လက်တဲ့ 165Hz OLED Display နဲ့ 720Hz Touch Sampling Rate သုံးလာတာကြောင့် Asus ရဲ့ ပရီမီယံ ROG Phone 5 ထက်တောင် သာတယ်လို့ ပြောနိုင်ပါတယ်။ Processor ကိုလည်း Snapdragon 888+ SoC အမြင့်သုံးထားပြီး RAM 12GB/18GB ဆိုပြီး တကယ့် High-Specs နဲ့ လာပါတယ်။

Game ကြာကြာကစားလို့ ဖုန်းမပူအောင် ဖုန်းကို အအေးပေးမယ့် Built-In Fan စနစ်လည်း ပါရှိပါတယ်။ Gaming ဖုန်းဖြစ်တဲ့အတိုင်း ဖုန်းဘေးဘောင်မှာ Shoulder Trigers ပါရှိပြီး Game Space Mode ဆိုတဲ့ အဆင့်မြင့် Haptic Sensor နဲ့ Game ပေါ်လိုက်ပြီး စွမ်းဆောင်ရည်ထိန်းချုပ်နိုင်မယ့်စနစ်တွေ ထည့်ထားပါတယ်။ ဒေါ်လာ ၆၀၀ ဈေးကနေ စတင်သွားမှာ ဖြစ်လို့ တခြား Gaming ဖုန်းတွေထက် ဈေးသက်သာတဲ့ဖုန်းလို့ ဆိုရမှာပါ။

(၃) POCO X3 Pro

Poco X3 Pro

Photo: gsmarena

Gaming Phone သီးသန့်မဟုတ်ပေမယ့် POCO X3 Pro ဟာ Gaming စွမ်း‌ဆောင်ရည်မြင့်တဲ့ တန်ဖိုးနည်းဖုန်းတစ်လုံးလို့ ဆိုရမှာပါ။ ဘက်ဂျက်ဖုန်းတစ်လုံးအနေနဲ့ ဒေါ်လာ ၃၀၀ ကျော် ဈေးနဲ့ ထွက်လာပြီး Performance နဲ့ ဘက်ထရီပါဝါဘက်မှာ စိတ်ဝင်စားစရာတွေ ပါဝင်လာပါတယ်။ မျက်နှာပြင်ဆိုဒ် ၆.၆၇ လက်မ LCD Panel ဟာ 120Hz Refresh Rate နဲ့ 240Hz Touch Sampling Rate တို့ ပါရှိပြီး RAM 8GB အထိ ထွက်ထားပါတယ်။

Snapdragon 860 SoC နဲ့လာပြီး ကျောဘက်မှာ ကင်မရာ ၄ လုံး သုံးထားပြီးဘေးဘောင် လက်ဗွေခလုတ်ပါရှိပါတယ်။ အကြီးစား 5160mAh ဘက်ထရီ ၊ 33W Fast Chargingတို့နဲ့ လာလို့ ဘက်ထရီ အသုံးခံပြီး အားသွင်းရမြန်ဆန်ပါမယ်။ အပေါ်က Gaming ဖုန်းတွေလောက် မသွက်အောင် ဈေးသက်သက်သာသာနဲ့ Gaming စွမ်းဆောင်ရည်ကောင်းတဲ့ဖုန်းတစ်လုံးအဖြစ် ရွေးချယ်သင့်ပါတယ်။

(၄) Red Magic 6R

Red Magic 6R

Photo: GSMArena

Red Magic ထဲက ဒေါ်လာ ၅၀၀ တန် ဈေးသင့်တဲ့ Gaming ဖုန်း ဖြစ်ပါတယ်။ Red Magic 6R ဟာ လက်ရှိ Gaming ဖုန်းတွေထဲမှာ ဈေးအသက်သာဆုံးနဲ့ Gaming Features မှာ တန်းမှီဖုန်းတစ်လုံးလို့ ဆိုရမှာပါ။ မျက်နှာပြင်ဆိုဒ် ၆.၆၇ လက်မ AMOLED display ဟာ Red Magic 6 ထက်စာရင် နည်းနည်းသေးနိုင်ပေမယ့် 144Hz Refresh Rate ၊ 400Hz Touch Sampling Rate တွေနဲ့ လာလို့ အမိုက်စား Gaming စွမ်းရည်ကို ခံစားနိုင်မှာပါ။

RAM ပမာဏ 6GB ၊ 8GB နဲ့ 12GB ဆိုပြီး ထွက်ထားပြီး Processor ကိုတော့ Snapdragon 888 5G SoC သုံးထားပါတယ်။ ဘက်ထရီပါဝါ 4200mAh အားပဲ ပါတာက Refresh Rate အမြင့်သုံး Gaming ဖုန်းတစ်လုံးအတွက် ပြောစရာဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့်လည် ဈေးနှုန်းသင့်တင့်ပြီး စွမ်းဆောင်ရည်မြင့်တဲ့ Gaming ဖုန်းတစ်လုံးအနေနဲ့တော့ အကြိုက်တွေ့စရာတွေ ပါဝင်နေတာ ငြင်းမရပါဘူး။

Featured Photo: My SmartPrice