သင့်အနေနဲ့ ဆံပင်ညှပ်ဆိုင်ကို တစ်နှစ်အတွင်း ဘယ်နှကြိမ်လောက် သွားဖြစ်ပါသလဲ။ ဆံပင်ကေကို အမြဲတမ်းပြောင်းဖို့ မလိုအပ်ပေမယ့် အနည်းဆုံး သုံးလတစ်ကြိမ်လောက်တော့ ဆံပင်ညှပ်ဆိုင်သွားသင့်ပါတယ်။
အမျိုးသမီးတွေပဲ ဆံပင်ပေါင်းတင်ဖို့ လိုအပ်တာမဟုတ်ပါဘူး။ အမျိုးသားတွေလည်း ဆံပင်အလှအပကို ထိန်းသိမ်းသင့်ပါတယ်။ ဆံပင်ကျန်းမာရေးကို မထိန်းသိမ်းပါက အသက်သုံးဆယ်ကျော်တဲ့အခါ ထိပ်ပြောင်ခြင်း၊ ဆံပင်ကျွတ်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။
သင့်အနေနဲ့ ဘယ်လိုဆံပင်စတိုင်လ်ကို ညှပ်ရမှန်းမသိ ဖြစ်နေတယ်ဆိုရင် အခုဖော်ပြပေးမယ့် ဆံပင်အလန်းစားဆံပင်စတိုင်လ်များကို မှီငြမ်းနိုင်ပါတယ်။
နောက်ပြန်လှန်ဖြီးထားတဲ့ ဆံပင်ကေ
လူကြီးလူကောင်းဆန်တဲ့စတိုင်လ်မျိုး ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒီဆံပင်ကေက သင့်အတွက် သင့်တော်ပါလိမ့်မယ်။
မတိုမရှည် ဆံပင်ကေကို ကြိုက်နှစ်သက်သူများအတွက်
ဒီဆံပင်ကေကတော့ ရှင်းရှင်းလင်းလင်းနဲ့ မျက်နှာကျ ပေါ်လွင်စေပါတယ်။ မျက်ခုံးမွှေးထူသူများနဲ့ ပိုလိုက်ဖက်ပါတယ်။
ဘေးနှစ်ဖက်ကို ပြောင်ရှင်းနေအောင် ညှပ်ထားချင်သူများအတွက်
ဒီဆံပင်ကေကတော့ ပေါ့ပေါ့ပါးပါးဖက်ရှင်ကြိုက်နှစ်သက်သူများအတွက် ဦးစားပေးညှပ်သင့်တဲ့ ဆံပင်ကေတစ်မျိုးပါ။
ဆံပင်အတိုရှည်ချင်သူများအတွက်
ကတုံးဆံပင်ပေါက်ထက် အနည်းငယ်ပိုရှည်တဲ့ ဒီဆံပင်ကေက သင့်ကို မိမိုက်ပြီး ဖက်ရှင်ကျစေမှာပါ။
ခေါင်းလိမ်းဂျယ်လ်အကူအညီ ရယူထားရမယ့် ဆံပင်ကေ
သင့်ဆံပင်က မဆိုစလောက်လေး ရှည်လာပြီး ဘယ်လိုပုံထာားရမယ်မှန်းမသိရင် ခေါင်းလိမ်းဂျယ်လ်ဖြင့် ထောင်ထားလိုက်ပါ။ ကြည့်ကောင်းနေမှာ အမှန်ပါပဲ။
ဆံပင်ကောက်သူများအတွက်
တချို့ပင်ကိုယ်ဆံပင်ကောက်သူများက တစ်ခေါင်းလုံးကောက်တာမျိုးမဟုတ်ဘဲ ရှည်လာပြီဆိုတော့မှ အဖျားလေး ကောက်သွားတာမျိုးပါ။ သင့်အနေနဲ့ ထိုဆံကေသာအမျိုးအစား ပိုင်ဆိုင်ထားတယ်ဆိုရင် ဒီဆံပင်ကေမျိုး ထားနိုင်ပါတယ်။
ဆံပင် မထောင်ချင်သူများအတွက်
ဆံပင် အထောင်ကေတွေကို ရိုးအီလာပြီဆိုရင်တော့ ဒီလိုခပ်ရှင်းရှင်းဒီဇိုင်းလေးပဲ ညှပ်လိုက်ပါ။
အခုဖော်ပြပေးသွားတဲ့ဆံပင်ကေကို စာဖတ်သူတို့အားလုံး အကြိုက်တွေ့မယ်လို့ မျှော်လင့်မိပါတယ်။ ဘော်ဒါတို့လည်း ကေအသစ်နဲ့ ဖက်ရှင်ကျ မိမိုက်နေစေဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
Source: Thetrendspotter.net